Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Sunday, May 2, 2010

နတ်သား .............. သို့



ဟိုး ... ရှေးရှေးတုန်းက .. ။
အနီရောင် နတ်သားတစ်ပါး
နတ်သက်ကြွေတဲ့ ပုံပြင် ၊ ပြောပြခဲ့ဖူးတယ် ။


သူက ကမ္ဘာ့အပြင်ဘက်ဆီကနေ
ကြွေဆင်းလာတဲ့ နတ်သား ။

အနီရောင် နတ်သား ။

အင်္ကျ ီဖို့ရို့ဖားရား ၊ ဂျင်းဘောင်းဘီ ခပ်စုတ်စုတ် ။
ကျောပိုးအိတ်တစ်လုံး အမြဲလွယ် လို့ ။
ဒါတွေက သူ့ရဲ့ ချပ်ဝတ်တန်ဆာတွေ ဖြစ်တယ် ။


သောက်ပွဲသဘင် ကျင်းပပြီးရင်
ကဗျာရွတ်တယ် ။

မူးလာရင် မိန်းမ မကောင်းကြောင်း ပြောတယ် ။
အဲ့ဒီထက် ပိုမူးသွားရင်
သူ ချစ်ရတဲ့ မိန်းမ ကောင်းကြောင်း ပြောတယ် ။
သူ့မကောင်းကြောင်း သူ ပြန်ပြောတယ် ။
ကျွန်တော်တို့ ကောင်းကြောင်း သူ ပြန်ပြောတယ် ။
ခေါင်းအုံးထက်က သွေးစက်တွေအကြောင်းပြောတယ် ။
အဝါရောင် ပိတောက်လမ်းလေးအကြောင်းပြော
တယ် ။


လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားလုံးတွေ ငှဲ့သောက်တတ်တဲ့
နတ်သား က ၊ ဆေးလိပ်သောက်ရင်း ဒဿနတွေ
မှုတ်ထုတ်တတ်ပြန်ရော ။
ကျေးဇူးတရားကို ငရဲတစ်ပါးလို ကြောက်ရွံတတ်တဲ့
နတ်သားက ၊ ကဗျာတွေကို
လိုက်ပြုံးပြတတ်ပြန်ရော ။


တစ်ခါတစ်လေကျ ၊ သူ့ ဗိမာန်တော်မှာ
ရှုပ်ပွနေတတ်တဲ့ အမှိုက်တွေအကြောင်း
စိတ်လိုလက်ရ ရှင်းပြတတ်တယ် ။
ကျွန်တော်တို့ကလည်း ခပ်ပြုံးပြုံးနဲ့ပဲ
သူ့ အမှိုက်တွေကို ကန်ထုတ်ပစ်တတ်တယ် ။


ကဗျာဆရာ နတ်သားက ၊ ကဗျာဆရာ မပီသစွာပဲ
ဖက်ကြမ်း မသောက်တတ်ပြန်ဘူး ။
( နတ်ပြည်မှာ ဖက်ကြမ်း မရှိလို့ နေမယ် )
တစ်ဘူးသုံးရာတန် စီးကရက်ကိုတော့
ခုံမင်စွာ ရှိုက်ဖွာနေတတ်တယ် ။


တစ်ခါတစ်ခါ ကားလမ်းဘေးမှာ အရက်ထိုင်သောက်တယ် ။
တစ်ခါတစ်ခါ ကတ္တရာလမ်းပေါ် ပက်လက်လှန်အိပ်တယ် ။
တစ်ခါတစ်ခါ သီချင်း အော်ဆိုတတ်တယ် ။
တစ်ခါတစ်ခါ အတင်း အော်ငိုတတ်တယ် ။

ကျွန်တော်တို့ရဲ့ နတ်သားက ၊ တစ်ခါတစ်ခါကျရင်
ပန်း ပန် ပေး တတ် သေး တယ် ။


နတ်သား ရေ ။
ရင်ဘတ်ချင်း တူလို့ လမ်းတွေ လျှောက်ခဲ့ကြပြီးပြီပဲ ။
ဖိနပ်တွေ ချွတ် ။
ခေါင်းပေါ် လက်တင်ပြီး ဆက်လျှောက်ကြမယ် ။


( ကိုနီလေးအတွက် အမှတ်တရ မွေးနေ့လက်ဆောင် )


လေးစားစွာဖြင့်
ဆူးခက်မင်း










No comments: