Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Monday, September 29, 2008

ခေါင်းမရှိတဲ့ စကားပုံများ








ဟူးးးးးး


ဘာတွေလာပြောနေမှန်းမသိဘူး
အဖက်မတန်လို့ ရေတောင်မဆေးမိ
နဲနဲနံတော့ ဒညင်းသီးပဲ


လေးလုံးပေါင်းလို့မှ တစ်ဒေါင်မပြည့်
လူထင်ကြီးခံချင်လို့များ
နာမည်ကြီးစာမျက်နှာပေါ် စာတွေလိုက်ကပ်နေလို့လဲဖြစ်မလာ


အရည်နဲ့ အဖတ်ကို သတ်သတ်စီခွဲပြီး
သူ့ကို လှုပ်တိုက်
ဆေးမတိုးတဲ့ အမှိုက်ဆိုတော့ ဒိုက်သာသာ
နုနုထွဋ်ထွဋ် ငါ့ခြေမကလေးကိုလာကိုက်ပါ
ယားဒယ်
ယားဒယ်
ယားဒယ်


သူ့ဦးနှောက် ၃ကျပ်တန်နဲ့ကုတ်ပြီး
မြင်မကောင်းတော့တဲ့ မျက်နှာကို
ငါ့ဘာသာတရားနဲ့ မာန်မဲလိုက်မယ်


လူခေါ်ခေါင်းလောင် နှိပ်ပြီးမှ
သင်ခဲ့သမျှ ပညာတွေလဲ ပညာမစစ်လာတော့
လူဖြစ်ရက်နဲ့ အမြှီးကောက်ခဲ့ရတယ်မဟုတ်လား
ဟူးးးးးး


ဘာတွေလာပြောနေမှန်းမသိဘူး
ငါ့အခန်းအောက်က သူ့အခန်းပျက်နဲ့
ကလေးတွေကို မမြင်အောင်ဝှက်ထားတဲ့
သွေးပျက်ပျက်နဲ့ ငါ့စကား သူ ရ


လိုင်းကားတွေ ကြပ်ပါတယ်ဆိုမှ
ကလေးကလဲ ချီထားရသေးတယ်
ဟူးးးးးး
ဘာတွေလာပြောနေမှန်းမသိဘူး
တချို့ကလဲမကြိုက်ကြ
တကယ်လို့များ အရေးအခင်းဖြစ်ရင်
ဒီလိုကောင်တွေကို ငါအရင် ခေါင်းဖြတ်သတ်မယ် ။



nelay






Wednesday, September 24, 2008

စိတ္တဇ လိပ်ပြာ



ကြမ်းပြင်က သတင်းစာ
အမှိုက်ပုံးပေါ်က ယင်တွေ
ရေဗူးအပေါက်ကို ရေဖြည့်နေကြတယ်


စိတ်မပါလို့တူးလိုက်တဲ့ သိုက်ထဲမှာ
အံစာဥတွေ ဥထားလို့
ငါ ဘုရားရှိခိုးဖို့ ဒိုးဆက်ဆက်နေတယ်


တနေ့ကနောက်ပြန်လာတဲ့လေမှာ
ငွေစက္ကူပေါ် ငါ့နာမည်ရေးပြီးဝေ


သူတောင်းစားတွေအဖေခေါ်တဲ့ မိနစ်တိုင်းမှာ
ငါ ကြိတ်ရယ် ခဲ့


အရိုးသားဆုံး တပွဲထိုး အနာဂတ်မှာ
စစ်လက်နက် အစုံအလင်နဲ့ ပန်းတွေပွင့်ကြ


ငါ့ကို ဘုရားလို့ မခေါ်ပါနဲ့ ကလေးရယ်

တရားတွေ အာခေါင်ခြစ်အော်လဲ
သီလကို အောက်ဈေးနဲ့ အူမတောင့်ဖို့
နိုက်ကလပ်ထဲမှာ ဦးနှောက်ကြီးကလေးမွေးနေတယ်


လူကြီးလူကောင်းယောင်ဆောင်ရက်တဲ့
တစ်ခါသုံးပြယုပ်လေးမှာ
မင်းခန္ဓာကို အချစ်အတွက်ချန်ထားခဲ့သလား


မျိုးမစစ်တဲ့ စိတ်ဓါတ်နဲ့ ဟာသတွေပြေးလာတဲ့အခါ
အညွှန့် ကလေးရေ …. အညွှန့် ကလေး …


သာဂီနွယ်ဝင်တွေ ထစ်ချုန်းတဲ့အရပ်မှာ
နာရေးသတင်းထဲက အပြုံးနဲ့
အတောင်တွေ ခြွေ ပြီ


ငါ


လွမ်းနေအုံးမယ် . . . ။



nelay





Sunday, September 21, 2008

ချော့ကလက် တွင်း







လက်ယာ မျက်ဝန်းညိုနားက ကြယ်
အိပ်စက်ခြင်းနဲ့ မွှေးမြနေတဲ့ ငယ်
ဒီကမ္ဘာ ခရီးအလယ်က ခရမ်းရောင် ဥယျာဉ်တော်ကို
ရုပ်လုံးဂီတ လက်ဝဲနရီ ပီသ ပျိုမြစ်
လူ့အခြေစစ်စေတဲ့ နွယ်


စနေပြဒါးသံနဲ့ ခြည်ငင်ဆွဲစုတ်
ဒွိ ခန္ဓာ ပရုတ်လုံးကို
ဂူငြိမ်ရာ ရေကမုတ်နဲ့ မြှုပ်ရအုံးမယ်


ပန်းလည်တိုင်တော် အရေပြားအောက်က
အသေ ခရေ စမ်းထဲမှာ
ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို
ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ …


ငယ်ကမ္ဘာ အိမ်ဦးပေါ်က ပန်းမေတွေ ပွင့်ဦးပျိုခဲ့ရင်
ငါ့နှလုံးသားကို အားသွင်းလို့ ပြန်ပြန်ခုန်မြူး
ခမောက်နဲ့ ခရင်းကို နေစရာပြုလို့
ငိုနေရအုံးမယ် …


ခြောက်ခြားမှု သစ္စာတစ်ခက်နဲ့
ရေစိုရောင် ပြည်လမ်းပေါ်က
ခရေပင်တွေကြားထဲ ငါဝှက်လို့ထားခဲ့ပါ့မယ် ….


နေမဝင်ခင် လင်းတဲ့ အကြည့်တည်စေဖို့
မုတ္တမသွေးကြောနဲ့ ပညာရှင်တွေစုရုံး
ကမ္ဘာ့သစ်အိုပင်ကြီး ပျိုမြစ်လာအုံးမယ်


ခန္ဓာကိုယ် ကျူပ်
တူးဆွခြစ်ထုတ်လို့
မြေကြီးတွေ
ဘယ်အဆံနဲ့
ဘယ်အသီး
စက္ကူ အမြစ်ရှုပ်နဲ့ ကြည်ဆံကို ထုတ်လိပ်လို့ ကျူပ်ရှုရှိုက်
Supernova အငယ်စားလေး ပေါက်ကွဲပစ်လိုက်မယ်


တိမ်နုတွေ ငင်ချီသွားတဲ့ ငှက်ကို
သတ္တုမြစ်ဖျား အလွန်က
နှုတ်ခမ်းရိုးရိုးကလေးနဲ့ တွန်းချလိုက်တယ်


အသွားတစ်လမ်း အပြန်တစ်လမ်း
လက်ဖဝါးနုနုပေါ်က ရေစက်ဥကလေးတွေ
အပြန်အသွားနဲ့ ကျူပ်လမ်းမှာ နားခဲ့ကြတယ် ….


ဒီလိုသာ လေမတိုက်ခဲ့ဘူး
လက်ဝဲ ရှုပုံမျိုးနဲ့ လေအ
အကြောင်းအရာတွေ သန္ဓတည်မိရာက
မြတ်တော်ပြေဘုရားမှာ
ခြေရာလှလှကလေးကို ဂူသွင်းမြှုပ်နှံ
ခတ်တ္တာပန်းတွေ လင်းကနဲ့ ပွင့်ဝေလန်းသွားမယ် ….


ဘေးကမ္ဘာ ပြောစကားအခြေနဲ့
ဆူးလေ သံဆူးကြိုးနားက
ရွှေရည် မိုးဦးကို ကျူပ်တို့ အတူ
ဖဝါးလက်ပျိုနှစ်ခုနဲ့ ဖမ်းဆုတ်
တကောင်း အထက်နားက
ခေါ်ရာဝတီမှာ သနပ်ခါးဖောင်တွေ ပျက်ခဲ့ဖူးပြီ ….


နတ်ဘုရားတို့ နွယ်ခြည်ငင်တဲ့ ရာဇဝင်ဆိုးမှာ
အချစ်ကို အိပ်ဆေးတိုက်
စစ်တောင်းတံတားအောက်က ဒိုက်တွေပါပဲ ….


ကလေးရယ်
အပင်ကိုမျိုချ
လမ်းကို ပြာချပြီးမှ
ပုတ်သွားတဲ့ ကြီးရင့်မှုကို
ပတ်ဝန်းကျင်နဲ့ အဆိပ်သင့်လို့
ကျွံဝင်သွားတဲ့ ခလုတ်တွေထဲ
မမြင်ဖူးတဲ့ အတိတ်အိုနဲ့
အနီရောင် ပြတိုက် အသေပေါ်က
ဇီဇဝါဥယျာဉ်ထဲမှာ ချော့ကလက်တွေတွင်းတူးလို့
မင်းဘာကို မြှုပ် ………. ။



nelay












လော်ဗျာစုတ်






စကားပုံတွေကို ကဗျာ လုပ် မင်းက တရုတ်လား
ပန်ကာဖွင့်ပြီး ချွေးပြန် ခြေသံတွေကို
အသွား ၁၀၀
အပြန် ၁၀၀ နဲ့
၅၀တန် မစီးနိုင်ရင် လူစော်နံတယ်
ကဲ
အခုဘယ်လို လုပ်မလဲ
လော်စပီကာ ကို ဘယ်ခွက်ပြောက်က တီထွင်ခဲ့တာလဲ
မကောင်းဘူး ဒီလောကမှာ
ဘယ်ဘုရားမှ လော်စပီကာနဲ့ တရားမဟောဘူး
ခွက်ပြောက်တွေက နာမ်နဲ့ရုပ်ဝေးနေလို့ အော်ပြောနေရတာ
ကြောက်စရာအကောင်းဆုံး မင်းအမေရဲ့စကားသံတွေ
ဆုတောင်းနဲ့သာ သူတောင်းစားတွေပေါပေါလာတယ်
သေရင်အလွမ်းခံချင်ကြတဲ့ သတ္တဝါတွေထဲ
ငါ့သူတောင်းစားမလေးကိုလွမ်းပါသည်
သေခါနီးနှုတ်ဆက်ကြတဲ့ လူတွေကို
မြုပ်စရာတွင်းမရှိ ရှို့စရာမီးမရှိ
လက်ထဲမှာကိုင်ထားတာက ဘုရားပန်းအိုး
ဖနောင့်နဲ့ပေါက်ပြီး အော်ဆဲနေတာက သူ့ကလေးကို
ခွဲခွဲခြားခြားမသိတဲ့ media တွေထဲ ဒီ media ကသိုးနေတယ်
ငါ့တစ်ရာတန်လေး သူများလုမှာ စိတ်တဲ့စိုးနဲ့
ကြားတဲ့သူပဲရတဲ့ အမျှ
ကြားကြားသမျှ ကို ပို့
မကြားတဲ့ကောင်တွေ မရကြတဲ့ အိမ်စာနဲ့
လော်စပီကာကို ထွေးခံလုပ် အိမ်သာအောင် အရေစုတ်မယ်



nelay