Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Tuesday, July 23, 2013

အစာအိမ်တွေ ၂၄ ၂ပိုင်း၁ပိုင်း ဒီဂရီစောင်း



သူတို့ပြောပြောနေတဲ့ ၂ .. ၁ လက်မ ဆိုတာ နားမလည်ဘူး
ကျနော်နားလည်တဲ့ စာပိုဒ်တွေပဲ ထုတ်သုံးခဲ့တာပါ


အမျိုးသား က ဇာတ်ရုံနဲ့ အမျိုးသား ဇာတ်ရုံ ဘာကွာသလဲ ကျနော်မသိလိုက်ရဘူး
Official နေဝင်သွားတာကို Timelapse နဲ့ ယူချင်ယုံ သက်သက်ပါ


အလင်းတွေက ပရိတ်သတ် ပေါ် မကျ နေလို့ ကျနော်သွားပြောတော့
မင်းခိုင်းတာလုပ်ရမှာလား ငါ ဘယ်သူ့ ခိုင်းတာ လုပ်ရမလဲ လို့
သူ့ ပခုံးကို သူ့ တပည့်လေးတစ်ယောက်က နှိပ်ပေးနေတဲ့
လူကြီးက ကျနော့်ကို လည်လိမ်တောင် မကြည့်ဘဲမေးတယ်
ကျနော့် အတွက် ပရိတ်သတ် ပေါ် ကျမဲ့ အလင်း ကလေး နည်းနည်း ကလေးပဲ လိုချင်ခဲ့တာပါ


ခုန်တွေဟာ နီလွန်းလို့ မျက်လုံးတွေ သက်တောင့် သက်သာ မရှိဘူးဆိုရင်
မှိတ်ထားပေါ့


အန္တာရယ်ကင်း ဘေးရှင်းဖို့ ပွဲတင်မယ်ဆိုရင် ၁ သောင်း ကနေ ၃ ထောင် အစားအစား ပါပဲ
လက်ဖက်ပေါ်မှာ ဆားဖြူးပြီး ကြက်သွန်ကြော် ကလေးနဲ့ ဆီနည်းနည်း ဆမ်း ထားရင်တော့
စက်ပစ္စည်းတွေ လုံခြုံပြီးလို့ဆိုပါတယ် ဒါနဲ့ ကျနော် နည်းနည်း နှိက်စားလိုက်တယ် ဘယ်သူမှမသိဘူး


အအေးတွေ ကုန်သွားတော့ အပူတွေ သောက်ကြတာပေါ့
သူတော့ မမော နိုင်သေးဘူး ကျနော်မောနေပြီ


မပွင့်လင်းတဲ့ ရာသီဥတုကြီးတွေ ကြီးစိုး ခံခဲ့ရတဲ့ သူတို့ တွေရဲ့ မျက်နှာပေါ်မှာ
အလင်းရိပ်ဟာ အတင်းဖြဲကားပြီးထွက်လာရပုံ ပါပဲ ဝုန်းကနဲ ပေါ်လိုက် ဝုန်းကနဲ ပြောက်လိုက်


ကျနော် ဟာ တကယ်တော့ မော်နီတာတွေကို ကြောက်တဲ့ ကောင်ပါ
အခုတော့ မော်နီတာတွေက ကျနော့်ကို ပြန်ကြောက်နေရတယ်လေ ကျနော်က မုဆိုးမဟုတ်လား


မိုးကလဲ သည်းသည်းမဲမဲ ပါပဲ ညကလဲ နက်လာတာကိုး
ထိုင်ခုန် နီတွေကတော့ မသိကြပါဘူး


မိုးကာတွေ မလုံတလုံဝတ်ထားတဲ့ ညဂျူတီကြေး နပ်မှန်အောင်တောင် မရကြတဲ့
လူအိုကြီးတွေကတော့ ဓါတ်မီးတစ်လက်နဲ့ သူတို့ ရှုးဖိနပ်အစုတ်ထဲက ရေတွေကိုထုတ်လို့
ခြေစွတ်တွေ ညှစ်ချနေတဲ့ ရေစီးကြောင်းကြီးဟာ အဲဒီ့ လှေကားကြီးအတိုင်း


တစ်ခါတလေ အဲ့ဒီ့မြင်ကွင်း ဟာ
ဂီတသံထက် ပိုမို သစ်လွင်ပါတယ်


လူတွေဟာ တကယ်တော့ အထီးကျန်ခြင်းကို မသိစိတ်မှာ နှစ်သက်ကြတာပါ
ဒါမို့ တစ်ယောက်ကို တစ်ယောက်ထား သွားကြတာနဲ့ တူပါတယ်


နောက်ပြီး လူတွေဟာ တစ်ယောက်ကို တစ်ယောက်
အစာတွေ ကြေညက်အောင် မချက်နိုင်ကြပါဘူး



nelay





1 comment:

ateateogjelg said...

နောက်ပြီးလူတွေကတစ်ယောက်ကိုတစ်ယောက် အစာကြေညပ်အောင် မချစ်နိုင်ကြဘူး :)