သူတို့တွေကို ကယ်တင်ချင်တာ မဟုတ်ပါဘူးးး ....
ငါရော သူတို့ ရော ဘာမှ မမြင်ရလို့ ...လက်ထဲ ပါလာတဲ့ မီးခြစ်ကလေးခြစ်လို့
... မီးပြ မိတာပါ ....
...... ဝုန်းးး ဆို
မီးလဲ လင်းလာရော ....
တစ်ယောက်ကို တစ်ယောက် သဲသဲ ကွဲကွဲ ...
မြင်ရတော့မှ ...
ငါ ပြ တဲ့ မီးက ...
လင်းလွန်းလှ ခြည့်ရဲ့ ...
စူးလွန်း ရှလွန်းလှ ခြည့်ရဲ့ ...
ငါ့ အလင်းကို
မုန်းလှခြည့်ရဲ့ ...
ငါ့ အလင်းကို
ရွံလှခြည့်ရဲ့ ....
ငါ့အလင်း က သူတို့ အနာကို
ထိုးလှ ခြည့်ရဲ့ .. စွလှခြည့်ရဲ့ ...
တွင်းထဲမှာ .... ခေါင်နေတဲ့ အနံ့နဲ့ ....
အလင်း ပြ မိတဲ့ ... ငါ့ကို
သူတို့တွေ ဝိုင်း
သတ် ကြ တယ် ...
nelay
Inspired From
မင်းခိုက်စိုးစန်
ကောင်းကင်နဲ့မလွတ်တဲ့ တောင်ပံတစ်စုံ စာအုပ်မှ
ပရောမီးသယပ်(စ်)သေဆုံးခြင်း
No comments:
Post a Comment