တူးသာ တူးရတယ် ဘယ်နားရောက်လို့ ဘယ်နား ဆုံးမယ်မှန်းမသိ
တူးနေရင်း ပြတ် ကျန်ခဲ့ရင် ဒုက္ခ
ရေသောက်မြစ်ကို တွေ့ရင်ပဲ ရေအိုင်ကြီးများ ထွက်လာမလား စိုးရိမ်ရ
တော်ကြာ ကြွက်သိုက်ထဲ ဝင်နေတဲ့ အမြစ်တွေဆွဲထုတ်မိရင်ဘယ်လိုလုပ်မလဲ
နှစ်တွေ ဆိုတာ အမြစ်တွေလိုပဲ
သူတို့က ထမ်းထားရတဲ့ တစ်ပင်လုံး ထိန်ဖို့ အာဟာရပဲ လိုက်ရှာနေရတယ်
နက်သထက်နက်အောင် ဆန့်သထက်ဆန့်အောင် ရှည်သထက်ရှည်အောင် တိုးနေရ
နှစ်တွေ ဆိုတာ အမြစ်တွေလိုပဲ
မာကျောကျော အုတ်နံရံတွေတွေ့ရင် ကွေ့ဝိုက်သွားနေရတယ်
မသကာ အက်ကြောင်းရာထဲ အမြစ်တွေ လျှိုမိရင် ကိုယ့်အပေါ်ပြိုကျလိုက်မယ်ဖြစ်ခြင်း
နှစ်တွေ ဆိုတာ အမြစ်တွေလိုပဲ
မှောင်ကြီးမဲကြီး စမ်းတဝါးဝါးနဲ့ ပိုးကောင်တွေလဲရှောင်ရသေး
ဒီကြားထဲ တီကောင်တွေရဲ့ ဝတ်ကျင်းက အမြစ်တွေကြားမှာ လှုပ်လှုပ်ရွရွ
တကယ်တော့
အမြစ်တွေဟာ နှစ်တွေလိုနဲ့
နှစ်တွေဟာ အမြစ်တွေလို
nelay
No comments:
Post a Comment