ငါ့ fb ထဲက သေပြီးသား လူတစ်ယောက်က
ငါ့ တင်သမျှမသိစိတ် တွေကို အသဲလိုက်ပေးနေတယ်
ငါ အာရုံတော်တော်နောက်ရတယ်
ဒါနဲ့ ငါ သူ့ကို block မလို့ သူ့ဆီသွားတော့
block button ရှာမတွေ့ဘူး
မနက်မျက်နှာသစ်တော့ မှသတိထားမိတယ်
မျက်နှာမတွေ့တော့ဘူး
ဒါနဲ့
သွားပဲ တိုက်လိုက်တယ်
အရယ်တွေ စိတ်သက်သာရာရတာပေါ့။
မင်းနှဖူးကို တစ်ယောက်ယောက်က တောက်သွားရင် မင်းနာမှာပဲ
မင်းသောက်မယ့်အတွေးအခေါ်ထဲ ငါ့ကို ထည့်ဖျော်မယ်ဆို မင်းခါးလိမ့်မယ်
မင်းရဲ့ လက်တောက်လောက် အတွေးအခေါ်လေး ငါ့ကြောင့် မြင့်မြတ် ကြီးမြင့်သွားမှာစိုးတယ်
လူ့အသိုင်းအဝိုင်းထဲက သတ်မှတ်စည်းမျဉ်းတွေအတိုင်းမင်းနေရစ်ပါ
ငါ့ညတွေမှာ မင်းအပြုံးတစ်ခုနဲ့ လုံလောက်လာလိမ့်မယ်
သုံးလို့မရတဲ့ မင့်ဦးနှောက်နဲ့ခန္ဒာကို ထားခဲ့ပါ
ငါ့ နှလုံးသားဥယျာဉ်က ပွင့်လာတဲ့ အတွေးအခေါ် အသွားတွေဟာ တိမြနေအောင် ထက်လွန်းလို့
မင်းကို ထိရှ နိုင်ရဲ့
မင်းထိမိလို့ ရှသွားခဲ့ရင် ထွက်လာတဲ့ အဖူးတွေကို ကြည့်ပြီး ငါပျော်မိလိမ့်မယ်
မြုံနေတဲ့ နှလုံးသား အရိုင်းတွေကို မင်းဘာလို့ လူ့ယဉ်ကျေးမှုနဲ့ဖုံးအုပ်ထားဘာလိမ့်
ယုံကြည်ချက်တွေဟာ အချိန်ကြာလို့ ပြောင်းလာရင် အဲ့ဒါ ယုံကြည်ချက်မဟုတ်ဘူး
အချိန်ဆိုတဲ့ အရာကတော့ ဟိုတလောက သေဆုံးသွားပြီး
လူ့အဖြစ်ကို ရုပ်ရှင်တွေ စာအုပ်တွေထဲကလို နေထိုင်နေသ၍ လူ့အဖြစ်မဟုတ်ဘူး
ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့က ငါ့ထက်ပိုတတ် တယ်လို့ အမြဲထင်ထားပါ
ငါကတော့ နွေဦးရာသီမှာ မိုးမခပင် အရိပ်ကနေ ဟောဟို ပိတောက်ပင် အရိပ်အောက်ကို
Blink နဲ့ ခုန်ခုန်နေရတာ ပျော်နေတယ်။
nelay
No comments:
Post a Comment