Pages

Friday, November 29, 2013

ငါမျိုး ငါရိုး

ငါမျိုး ငါရိုး


သူ့ကိုယ်သူ ရှင်ပြီ ထင်ပြီး သေသေ နေရတဲ့ အမျိုး
တောမှာ ဂျိုကျိုးနားရွက်ပဲ့ နဲ့ အာရုံတက်တိုင်း တွန်တွန် နေတတ်တဲ့ အရိုး

အဆွေတွေ အပေါင်း နဲ့ အနုတ် နဲ့ အမြှောက် နဲ့ စားစား နေရတဲ့ အမျိုး
နိဗ္ဗာန်သာ ရောက်မယ် ဆိုရင် အရိုးတွေ အကုန်ဖယ်ပြီး အသားတွေကြီး လှူမယ်ဆိုတဲ့ အရိုး

အရိုး ကိုသာ လာမထိ ရင် အမျိုးတွေကို တစ်သက်လုံး အရိုးထဲ လှောင်ထားမယ် ဆိုတဲ့ အမျိုး
ယဉ်ယဉ်နဲ့ကျေးကျေးနဲ့ ရိုးရိုးနဲ့ရာရာနဲ့ အတွဲလိုက်ဖြုတ်ထားတဲ့ အရိုး rhyme တွေဘယ်တော့မှ မကျိုးတဲ့ အရိုး

ဇာတိမာန်တွေ တစ်ကွင်းလုံး ထက်သန်စေဖို့ အားအားရှိတိုင်း အားယားနေတဲ့ မျိုးချစ်ကြီးတွေ ကွေးအောင် ကနေကြတဲ့ အမျိုး
အမျိုးတွေ သာ ခေါ်မယ် ဆိုရင် အရိုးတွေ ကျေလို့ အရေခမ်းခမ်း အကန်းကမ္ဘာမှာတစ်သက်တာ ထာဝရနေမယ်ဆိုတဲ့ အရိုး

အပြောင်းနဲ့ အလဲကို ပါးစပ်ကသာ အကြိုထောက်ပြီး အိမ်အောက်က ကြမ်းပြင်မှာ သူ့အမေလင်တွေဝှက်ဝှက်ထားတဲ့ အမျိုး
သူ့ကိုယ်သူ ရိုးလှ ပြီ အထင်နဲ့ နိုင်ငံတကာ က ၀င်လာသမျှ ကို လက်အုပ်ချီပြီ ထိုင်ထိုင်ဆဲနေတတ်တဲ့ အရိုး

ဂေါင်းတွေသာ စက်နိုးလို့ရရင် ဘာ ဂေါင်းက ဆွဲဆွဲ အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး
သူ့အမေကလဲရိုး သူ့အဖေကလဲရိုး သူ့ညီရိုး သူ့ညီမရိုး
အရိုးပေါ်အရေတင်ရုပ်နဲ့ အရိုး Family အထုတ်ကို TV တွေပေါ်တက်တက် ဖြည်ပြနေတဲ့ အရိုး

နေထွက်တာကို အကြီးကြီး အော်ရယ်ပြီးမှ လ ထွက်မှာ ကြောက်လို့ တစ်မျိုးလုံး ၀ါးလုံးခေါင်းထဲ ၀င်ဝင်ပုန်းနေတတ်တဲ့ အမျိုး
သူ့စိတ်ကို သူမနိုးခင် သူ့အရိုးကို သူချိုးပြီး သူလဲပဲ နိဗ္ဗာန်မှန်းလို့ သူ့တစ်မျိုးလုံးကို အရိုးတွေ
အရိုးတွေ အရိုးတွေ
အရိုးတွေ အရိုးတွေ
အရိုးတွေ အရိုးတွေ
အရိုးတွေ လှူခဲ့တယ်



nelay

Tuesday, November 26, 2013

အိမ်ထမင်း အိမ်ဟင်း

အိမ်ထမင်း အိမ်ဟင်း


ခြေထောက်လက်ထောက် ဆေးပြီးပါပြီ ငါ့ ကို ကြွေးမယ့် ထမင်းထဲမှာ အဆိပ်ပါသလား အဆီပါသလား
ကမ္ဘာမြေပေါ် ဥက္ကာခဲ ကျလို့ စတော်ဘယ်ရီ သီးတွေ မဲ ကုန် ရတယ် ဆို TV ကို ပိတ်လိုက်စမ်း ပါ
ထမင်းစားနေရင် Digital အသုံးအနှုန်းတွေ ဝှေ့ဝှေ့ ၀င်လာသမျှ ကို မဖမ်းနိုင်ဘူး
ငါ့ ကိုယ် ငါ ဆောက်တည်ရာ မရ ဖြစ်နေရတဲ့ ကြားထဲ ဟင်းရည်တွေ က ဘာလို့ ဒီလောက်တောင် ပူနေရသလဲ
ငါ နဲ့ ငါ ကြားက ချုပ်ရိုး ကြောင်းကို ဖြေ ပြီး စားပြီး သမျှ ကို ရှင်း ရမယ် ဆိုတော့ မင်း မျက်နှာ က ဘာဖြစ်သွား တာလဲ
ငါ့ ကိုပြောစမ်းပါ ငါ့ ကိုပြောစမ်းပါ ငါ့ ကို ပြောစမ်းပါ အဲ့ဒီ နေ့ က ဘာ ဟင်းနဲ့ စားခဲ့သလဲ
ဟို လမ်းဘေး က ၀က်သားဟင်းကို Social network ပေါ်မှာ သာကူစေ့သံကောင်နဲ့ ရောပြီး စားခဲ့တယ် လို့ဖြေစမ်းပါ ဖြေစမ်းပါ အဲဒီလို ဖား ချင်တဲ့ မျက်နှာနဲ့ များ စားပွဲထိုးလေးကို ပိတ်ပိတ် ဟောက်နေရတယ် လို့
မိမဆုံးမ ဖမဆုံးမ ရာသီဥတုကြီးက ဘယ်လိုကြီးမှန်းမသိဘူး ဒီအချိန် ကြက်ဟင်းခါးသီးလေး တို့ လိုက်ရရင်ကောင်းမှာ စက်ပစ္စည်းဆိုတာ ပျက်တတ်တဲ့ သဘော ရှိနေတော့ မေမြို့ ကိုလဲ မပြင်နဲ့တော့ ဒီဇင်ဘာကိုလဲ မဖြုတ်လဲနဲ့တော့
အလကား လာချပေးတဲ့ ငပိရည်တို့စရာ ထဲက မချစ်စုတွေပဲ တို့စားလိုက်ပါတော့
ပလတ်စတစ် အိတ်ထဲ ကြက်သွန်ကြော်တွေ သိပ် များနေတဲ့ ငါးကျည်း ကြပ်တိုက် ကို 3D ရုပ်ရှင်ရုံထဲဖောက်စား
ဟင်းဆိုတာ ပြောင်းဖူးအစေ့ကလေးတွေနွာပြီး ပြုတ်ထားတာရယ် မြေပဲပြုတ် အခွံခွာ ပြုတ်ထားတာရယ် လက်ဖက်ဆီစိမ်လေးရယ် ငါးနီတူခြောက်ကလေးရယ် ဆတ်သားခြောက်ကလေးရယ် ကြက်သွန်ဖြူရယ် ဒညင်းသီးရယ် ငရုတ်သီးရယ် ရောထားလဲ ဖြစ်တာပဲ
ငါတော့ ဒီလ ကုန်ရင် အိမ်ခဏပြန်အုံးမယ် ထမင်းအိုး တည်ထား ၆ နှစ် လောက်ရှိတော့မယ်
ငါထင်ပါတယ် အားလုံး သိုးကုန်ပြီ ဆိုတာ
မတတ်နိုင်ဘူး နံရိုးပေါင်း တစ်ပွဲ ၀ယ်ပြီး ငါ့ နှစ်ကာလ များကို ကြွေးရတော့မှာပဲ



nelay 

Saturday, November 23, 2013

မင်းကိုငါမချစ်တော့ဘူး

မင်းကိုငါမချစ်တော့ဘူး


ငါ့ကိုချစ်သေးရဲ့လား
နေ၀င်သွားတဲ့ အဖူးတွေနောက် မခူးခင်ရောက်လာမယ့် ပြိုပျက်ခြင်းတွေ
ဒါတွေ ငါမသိခြင်း
စောင့်ရှောက်ခဲ့တဲ့ မြောက်လေမှာ စိတ်တည်ခြင်းကိုရှာ
အမှန်တိုင်းပဲ ငါ့ကိုချစ်သေးရဲ့လား
မမှန်ချင်လဲနေပါ လေနှင်ရာ အငွေ့အသက်နဲ့ အသက်ဆက်ခဲ့တဲ့ မင်းရဲ့ မင်းအပြုံးတွေ
အနက်ရောင် ပြောင်းခဲ့တဲ့ ပျော်ရွှင်ခြင်းကိုတွေ့ပြီလား အကျယ်ကြီး အော်လိုက်စမ်းပါ
ဒီနေရာမှာ ငါ့ကိုချစ်သေးရဲ့လား
ပိတ်ထားတဲ့ကြားက မလင်းလာမဲ့ အသံကို ဂီတ ပုံစံအောက်မှာ ကဗျာဆန်ဆန်ကျဆုံးပြဖို့
လက်ခုပ်သံတွေ ပြောင်းပြန် ပြန်ရောက်လာမယ့် အဲ့နေရာမှာ ငါ့ကိုစောင့်နေရဲသေးလား
စိတ်ချလက်ချ ငါ့ကိုချစ်သေးရဲ့လား
ရွေးခဲ့တဲ့ လမ်းမှာ တိမ်လွှာတွေ ကြေမွနေလို့ ဖုန်တကာ့ အလယ်မှာ ကြုံရာတွေနဲ့အကြောင်းကြားဖို့
ယုံတယ်မယုံဘူးတွေ မှန်ထဲမှာ မှန်ရှေ့မှာ မင်းနဲ့ မင်း အကြိမ်ကြိမ် ငြင်းထားပါသလား
ငါ့ကိုချစ်သေးရဲ့လား
ဝိုး …. အို … အိုးးးး …. ၀ိုး …. အို …. အိုးးးးး
ထုတ်ဖော်မပြောခင် ကိုင်ထားတာတွေ လွှတ်ချလိုက်ဖို့ ရောက်ပြီ
ဒါတွေ ငါမသိခြင်း
စပါးကျီထဲမှာ ပိုင်ဆိုင်ခြင်း မရှိတဲ့ လုံခြုံမှုကိုရှာ
ငါ့ကိုချစ်သေးရဲ့လား
မေးစရာမလိုတဲ့ မေးခွန်းတွေ နံရံပေါ်မှာ သုတ်လိမ်းထားပြီး ငါတို့လှလှကြီး ထိုင်ကြည့်ကြမယ်
မင်းကိုငါမချစ်တော့ဘူး




nelay

Wednesday, November 13, 2013

လုံး လုံး လုံး

လုံး လုံး လုံး

November 12, 2013 at 11:41am
 
နောက်ပြီး
မနက်က လုံး
မြွေတွေ နဲ့ လုံး
ကားတွေ နဲ့ လုံး
Facebook နဲ့ လုံး
လူတွေ နဲ့ လုံး
စက်တွေ နဲ့ လုံး
လွှတ်တော် နဲ့ လုံး
ဘာမပြော ညာမပြော လုံး
နောက်ပြီး နေ့လည်ရောက်တော့ လုံး
လည်ပင်း အောက် က
ဘယ်တော့မှ မတပ် တဲ့ ကြယ်သီးကို
ဘာလို့ တပ် ထားကြတာလဲ
ကြယ်သီး ကို လဲ လုံး
စောက် လုပ်ကို လဲ လုံး
မီး ကို လဲ လုံး
ကဗျာ ကို လဲ လုံး
ကလေး တွေနဲ့ လုံး
မျက်လုံး တွေနဲ့ လုံး
လက် တွေနဲ့ လုံး
နောက်ပြီး ည ရောက် လာတော့ လုံး
အမှောင် ကို လုံး
မီးရောင် ကို လုံး
လမ်းဘေး ဆိုင်တွေနဲ့ လုံး
ဘီယာနဲ့ လုံး
အရက်နဲ့ လုံး
ဆေးလိပ်နဲ့ လုံး
လူကြီး လူကောင်းတွေနဲ့ လုံး
ဟို လူ့ နဲ့ လုံး
လူတော်တွေနဲ့ လုံး
ဒီ လူ့ နဲ့ လုံး
အပျက်မ နဲ့ လုံး
ပခြုတ်အိမ် နဲ့ လုံး
စာသားတွေ နဲ့ လုံး
စာလုံးတွေ နဲ့ လုံး
ဟို ကောင်မ နဲ့ လုံး
ဒီ ကောင်မ နဲ့ လုံး
ပါးစပ် တွေ နဲ့ လုံး
lycan တွေ နဲ့ လုံး
မင်း အမေ နဲ့ လုံး
ဘုရား နဲ့ လုံး
တရား နဲ့ လုံး
Schema နဲ့ လုံး
သမ္မတကြီးနဲ့ လုံး
Nyctophilia နဲ့ လုံး
နောက်ပြီး
ငါ့ ကိုယ် ငါ လုံး ထားရတယ်

nelay

ငါ့ ကြက်ဥ ကို ဘယ်သူနေရာ ရွှေ့သွားသလဲ

ငါ့ ကြက်ဥ ကို ဘယ်သူနေရာ ရွှေ့သွားသလဲ

November 4, 2013 at 1:51pm 

ဒုက္ခိတ တွေ ပတ်ပတ်လည် ၀ိုင်းနေတဲ့ ကြက်ဥကြော်မှာ ငရုတ်ကောင်း မှုန့် နဲနဲ ဖြူးထားတဲ့ အလုပ်နဲ့ အသက်မွေး ၀မ်းကျောင်းကို လမ်းဘေးမှာပဲ လုပ်တယ်ပေါ့ အဝေးပြေး လမ်း မကြီး ပေါ် ကျကွဲ သွားတဲ့ တောကြက်ဥထဲ လမ်းပြပလိပ် ရဲ့ ၀ီစီ သံဟာ echo သံနဲ့ အဝေးကြီးကိုပါသွားတယ်ပေါ့ လေယာဉ်ပျံပေါ် က ပစ်ချ လိုက်တဲ့ ကြက်ဥ ဟာ လေတိုက်နှုန်း 35 percent မှာ အကောင်ပေါက်လာတယ် ပျံတယ် ပျံတယ် ပျံတယ် တောဘဲ တွေ လို ပျံတယ် ပျံတယ် ပျံတယ် ပျံတယ် နဂါးတွေ လို ပျံတယ် ပျံတယ် ပျံတယ် ပျံတယ် ရွာက နွားကြီး လို ပျံတယ် ဒယ်အိုးထဲ မှာ ပိုးလိုးပက်လက် လန် လို့ ကြက်ဥကြော် ဟာ ပျံတယ် ဒါဟာ အစမ်းလေ့ကျင့် ရေး လုပ်နေတာ မဟုတ်ကြောင်း မပူသေးတဲ့ စားအုန်းဆီ ကို ပြောရတယ်ပေါ့ ကြက်ဥကြော်ကို အကြောင်းပြ ပြီး လွမ်းပြ နေတဲ့ မိန်းမတွေ ကြက်ဥကြော်ကို အကြောင်းပြ ပြီး ငိုပြနေတဲ့ ယောက်ကျားတွေ ကြက်ဥဟာ ကျောက်ဒိုး ပစ်လို့ ဂေါင် ထိသွားတဲ့အခါ ကွဲ သွားတဲ့ အရသာ အတိုင်းပဲ သမိုင်းထဲမှာ ကြက်ဥကို ကြော် ရီနေးဆန်း ခေတ်ထဲမှာ ကြက်ဥ ကို ကြော် ကျောင်း မှာ ကြက်ဥကို ကြော် တက္ကသိုလ် မှာ ကြက်ဥ ကို ကြော် ရထားပေါ်မှာ ကြက်ဥ ကို ကြော် တူး နံ့ တွေဟာ မဲနက်လို့ ဇွန်းပေါ်မှာ ကပ်ကုန်ပြီ အစာအိမ်ထဲမှာ ကပ်ကုန်ပြီ ဦးနှောက်ထဲမှာ ကပ်ကုန်ပြီး ခွာ မရတဲ့ အမှေး ပါး ပါး လေး ကို ကြက်ဥ အကာ ပေါ် က အတင်း ခွာ နေတယ်ပေါ့ လေးခွ ထဲ ထည့် ပစ်ဖို့ ကြက်ဥ ကို ဖွဖွ ကလေး ကိုင် ထည့်လိုက်တယ်ပေါ့ မကျက်တကျက် ပြုတ်ထားတဲ့ ကာကျက် ထဲမှာ အနှစ်ဆိုတာ လေ သလပ် မခံရဖို့ အမြဲစိမ်းသစ်တော တွေနဲ့ အုပ်ထားရတယ် လည်ပင်းမှာ ကြိုးတပ်ပြီး ကြက်ဥ တွေနဲ့ လမ်းလျှောက်ထွက် ကြတဲ့ အခါ အသိတွေ့ ရင် လက်ဆောင်ပေးဖို့ ကြက်ဥ ကိုလဲ ကြော်ထား ရတယ်ပေါ့ ငါ့ ကြော်ခါ နီး ကြက်ဥကို ဘယ်သူတွေက နေရာရွှေ့ လိုက်ကြသလဲ ဟေ့



nelay

ဘိလပ်မြေ

ဘိလပ်မြေ

October 26, 2013 at 2:17pm 

တောင်ဖက်မုခ် က ဘိလပ်မြေ အရုပ်ကြီးများ ငါ့ ကို ပြုံးပြ နေသလား
မြောက်ဖက်မုခ် က ဘိလပ်မြေ အရုပ်ကြီးများ ငါ့ ကို က ပြ နေသလား
အရှေ့ဖက်မုခ် က ဘိလပ်မြေ အရုပ်ကြီးများ ငါ့ ကို စိတ်ကောက် နေသလား
အနောက်ဖက်မုခ် က ဘိလပ်မြေ အရုပ်ကြီးများ ငါ့ ကို ဆုတောင်း နေသလား
အရှေ့ဖက် မုခ် မှာ အလှူခံကြီးများ ငါ့ကို ကြည့်ပြီး တစ်ယောက်ကို တစ်ယောက် စောက်တင်းချ နေကြတယ်
အနောက်ဖက်မုခ် က တံမြက်စည်း များ ငါ့ကိုကြည့်ပြီး အမှိုက်ဖွနေကြတယ်
တောင်ဖက်မုခ် က ရေဘုံဘိုင်တွေ ငါ့ ကိုကြည့်ပြီး လျှံ နေလိုက်ကြတာာာ
မြောက်ဖက်မုခ် က ပန်းတွေ ငါ့ ကို ကြည့်ပြီး ကြွေ
ရွှေ နာမ် ငွေ နာမ် နဲ့ ငါ့ ကိုယ်ပေါ်က ယတြာပန်းတွေ ပုရွက်ဆိပ်တက်လို့ ငါ့မှာယားးးးး
ငါ့ ကို အသက်သွင်းပြီး ရွှေချထားဖို့ ဘယ်အခြောက် တွေ အလုပ်ရှုပ်နေကြသလဲ
နာမည်မကြီးတဲ့ ငါ့မှာ မှန်ဘောင်ရှေ့ က သော့ ခလောက် ကိုသာ ငေးးးး
အုန်းပွဲ ငှက်ပျောပွဲ နဲ့ ဝေး နေတဲ့ ကာလ များဟာ ငါ့ အသဲကို ပိုးဆိုးပက်စက်ခွဲလွန်းတယ်
ငါ့ ကိုယ်ငါ Still ဖမ်းထား ရတာ ညောင်း ညောင်းလာလို့ ငါ့ကိုယ် ငါ ခြွေချ .....
ငါ့အသား တွေ ပွ သွားပြီး ငါ့ အသား ကို ဒီကောင်တွေ ခိုးခိုး ထားတဲ့ ဘိလပ်မြေ က အခုမှ ပေါ်ပေါ်လာလို့
ငါ့မှာသာ ဟိုမရောက် ဒီမရောက် မုခ်ဦး ကြီး က ဘိလပ်မြေ အရုပ်ကြီးကို ဖြစ်လို့
သဲများသွားတဲ့ အသားတွေ ပွပွ ကျလာ တိုင်း ထုံးတွေကို ဖွေးးးးး



nelay 

သူဟာ စောက်ကျင့်

သူဟာ စောက်ကျင့်

October 23, 2013 at 1:09pm 


သူဟာ စာမေးပွဲ ဖြေပြီး စာမေးပွဲ ခန်းထဲက ထွက်လျှင် ဘယ်တော့မှ အဖြေလွှာ ပြန်တိုက်ကြည့် တတ်တဲ့ စောက်ကျင့် မရှိပါ ။

သူဟာ လမ်းမှာ သူ့နာမည်ကို မခေါ် မချင် ဘယ်တော့မှ စောက်ဖက်လုပ်ပြီး ပြန်လှည့်ကြည့် တတ်တဲ့ စောက်ကျင့် မရှိပါ ။

သူဟာ သူမဆက်ဆံချင်တဲ့ အသိုင်းအ၀ိုင်း အတွင်းမှ ထွက်လာအပြီး ဘယ်တော့မှ ယောင်လို့တောင် ဟန်ဆောင် ပြုံးပြ တတ်တဲ့ စောက်ကျင့် မရှိပါ ။

သူဟာ အိပ်သာ တက်အပြီး ရေ ပြန်ဖြည့် တတ်တဲ့ စောက်ကျင့် မရှိပါ။

သူဟာ Post တစ်ခု တင် အပြီး တစ် သ သ ပြန် ပြန် ကြည့် တတ်တဲ့ စောက်ကျင့် မရှိပါ။

သူဟာ ဘာသာစကားနဲ့ ပတ်သက်ပြီး စောက်ကြီးစောက်ကျယ်တွေ ပြောတတ်တဲ့ လူတွေ ကို စောက်ထင်ကြီး တဲ့ စောက်အကျင့် မရှိပါ ။

သူဟာ ဆေးလိပ်သောက်ပြီး တံထွေးကို ဘယ်တော့မှ ပြန် မျို ချ တတ်တဲ့ စောက်ကျင့် မရှိပါ ။

သူဟာ မနက် မနက် အိပ်ယာ ထ နေခြင်း ဘာမှာ စောက် အဓိပ္ပါယ် သိပ်ရှိနေတယ်လို့ ခံစား ရခြင်း စောက်ကျင့် မရှိပါ ။




nelay

သူစိမ်း

သူစိမ်း

October 18, 2013 at 4:27pm 

မင်း စာလုံးပေါင်းလဲ ငါမကြည့်
ငါ့ စာလုံးပေါင်းလဲ မင်း မသိ
မင်း နာမည်လဲ ငါ Click မနှိပ်
ငါ့ နာမည်လဲ မင်း Click မနှိပ်
မင်း ပြောသံဆိုသံတွေ ငါ ကျော်သွား
ငါ့ ပြောသံဆိုသံတွေ မင်း ကျော်သွား
မင်း ရုပ် ငါ မကြည့်
ငါ့ ရုပ် မင်း မကြည့်
မင်း အသံတွေ ငါ ကျယ်လို့
ငါ့ အသံတွေ မင်း ကျယ်
မင်း တက်တူးကို ငါ မကြိုက်
ငါ့ တက်တူးကို မင်း မကြိုက်
မင်း Code ကို ငါ မသုံး
ငါ့ Code ကို မင်း မသုံး
မင်း About မှာ ငါ မပါ
ငါ့ About မှာ မင်း မပါ
မင်း နွယ် ကို ငါ မ ငင်
ငါ့ နွယ် ကို မင်း မ ခင်
မင်း Post ကို ငါ မ Like
ငါ့ Post ကို မင်း မ Like
မင်း Digital ကို ငါ ထွေးထုတ်
ငါ့ Digital ကို မင်း ထွေးထုတ်
မင်း အလေအလွင့် ကို ငါ မမက်မော
ငါ့ အလေအလွင့် ကို မင်း မမက်မော
မင်း သူစိမ်း ကို ငါ ချစ်လို့
ငါ့ သူစိမ်း ကို မင်း ချစ်တယ်


nelay

ပညာရေး အသုံးအနှုန်း

ပညာရေး အသုံးအနှုန်း

October 18, 2013 at 4:22pm 

ရှစ် တန်း လဲ အရေး မကြီး ဘူး
ကိုး တန်း လဲ အရေး မကြီး ဘူး
ခြောက် တန်း လဲ အရေး မကြီး ဘူး
ငါး တန်း လဲ အရေး မကြီးဘူး
သုံး တန်း လဲ အရေး မကြီးဘူး
လေး တန်း လဲ အရေး မကြီးဘူး
နှစ် တန်း လဲ အရေး မကြီးဘူး
ခုနစ် တန်း လဲ အရေး မကြီးဘူး
တစ် တန်း လဲ အရေး မကြီးဘူး
ဆယ် တန်း လဲ အရေး မကြီးဘူး
အရေး အကြီး ဆုံး က
မသိရင် မှတ်ထား
မူလ တန်း ဟ



nelay 

မင်္ဂလာရေး ကူညီမှုအသင်းကြီး

မင်္ဂလာရေး ကူညီမှုအသင်းကြီး

October 18, 2013 at 4:17pm  

ငါ သာ အမွေ ရ လို့ ကတော့
ဟို ကျော်သူ ဆိုတဲ့ ဘဲ ကြီး လို မှုတ်ဆိတ် မွှေး အရှည်ထား
ရောင်ကြီးဘွေ ကို စွေ့ နေအောင် ထုံးပြီးးး ....
ဘိတ်သိတ် ဆရာယောင်ယောင် MC ယောင်ယောင်
ဟို နက္ခတ် ကြည့် ဒီ နက္ခတ် ကြည့်
ဟို စာရွက်လှန် ဒီ စာရွက်လှန်
မင်္ဂလာ မဆောင် နိုင်တဲ့
တောသားတွေ
ခွက်ပြောက်တွေ
သူတောင်းစားတွေ
ဟိုတယ်ပေါ်က အလေ အလွှင့် အမှိုက်သရိုက်တွေ
ဆွေမကြည့်မျိုးမကြည့် ဟာ တွေ
အလေနတ်တော တွေ
အဖေမနိုင်အမေမနိုင်တွေ
ခိုးရာလိုက်ပြေး ဆင်းရဲသားတွေ
လက်ဖေ့ရည်သောက်ချင်နေတဲ့ တရားရုံးက၀န်ထမ်းတွေ
ဆွေမရှိမမျိုးမရှိ ကြွက်စုတ်တွေ
ဂေါ်မစွန်တဲ့ အပျိုပုတ်ကြီး လူပျိုပုတ်ကြီးတွေ
ဘယ်တော့မှမပြည့်လာတဲ့ ငွေကိုစုနေတဲ့ ၀န်ထမ်း လဒတွေ
ဘုန်းကြီးကို အလုပ်ရှုပ်အောင်လုပ်ဖို့ကြံနေတဲ့ကောင်တွေကောင်မတွေ
မိဘ သဘောမတူတဲ့ နန့်နန့်တက်ဆပ်ဆလူးတွေ
ဟန်ပြ ဆောင်ချင်တဲ့ ကြာကူလီတွေ
အဲဒါတွေ အားလုံးကို
မင်္ဂလာရေး ကူညီမှုအသင်းကြီး ဆိုပြီး
ရွာလုံးကျွတ် မြို့လုံးကျွတ်အောင် မင်္ဂလာ ဆောင်ပေးလိုက်အုံးမှာ
ဒါနဲ့ ဗုံး ကွဲ သွားတော့တာပါပဲ



nelay

နေကွယ်တိမ်

နေကွယ်တိမ်

October 13, 2013 at 6:01am
 
တကယ် တော့
တိမ်တိုက် တွေ ဟာ
ငါတို့ ကို ကောင်းကောင်း နင်းပြီး
လွှင့် နေခဲ့တာ ပေါ့ .....
ငါ တို့ မှာ သာ
သူတို့ ခြေဖ၀ါး အောက် မှာ
ရွှဲရွှဲ ကိုစို လို့


nelay

ငါ ကော်ပီ ငါ ပေ့စ်

ငါ ကော်ပီ ငါ ပေ့စ်

October 13, 2013 at 6:00am
 
ကွန်ပြူတာ ထဲ မှာ ငါ က ကွန်ထရိုး စီ Ctrl+C (copy) ကို နှိပ် လိုက်တယ်
ကွန်ပြူတာ ရှေ့ က ငါ က ထ လာတော့ ကွန်ထရိုး စီ Ctrl+C (copy) ကြီးက
ငါ့ လက်ထဲ အလိုလို ပါ လာ ရော
ငါလဲ ဘယ်နေရာ မှာ ကွန်ထရိုး ဗီ Ctrl+V (paste) ချ ရမလဲ လိုက်ရှာ နေရော
ဒီလိုနဲ့ ကွန်ထရိုး စီ Ctrl+C (copy) ကြီးကိုင်ပြီး ငါလျှောက်သွား နေရင်း
ကွန်ပြူတာ နား ငါ ပြန် ရောက် လာတယ်
ဒါနဲ့ ငါလဲ ကွန်ပြူတာ ထဲ ကွန်ထရိုး ဗီ Ctrl+V (paste) ကြီး ချ လိုက်တော့ တာပါပဲ


nelay