Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Monday, September 21, 2009

မျက်နှာပေါ်ကအရေပြားများကို အတတ်နိုင်ဆုံး ပေါ့စတစ် အနေအထားဖြစ်အောင် ပြုပြင်ခဲ့ပါ






ငါ့လက်ကို ငါဆေးကျောသန့်စင်လို့ ရယ်မော
ဆံနွယ်တွေ ပသတ်ဖြတ်တောက်
ပြောင်စင်အောင် အတ္တတွေရှည်ကျ
အပိုစကားအခြေနဲ့
ဘယ်တော့မှ ဖြစ်မလာတဲ့ ကတိစကားအသေတွေကို
ယုံကြည်နိုင်ဖို့ဝေးလွန်းလှလို့ ဂတုံးရိတ်ပြီး
ငါတို့စိတ်တွေ အတုံးအရုံးအဆုံးသတ်
အကြည့်ချင်းဆုံတဲ့ ရဂုဏ်ရမ္မက်တစ်ခုကို
အချိန်မသိ နရီ မသိ လက်ပတ်ထားတဲ့ ချုပ်ရိုးကြောင်းပေါ်က
ဘဝဟုခေါ်သော လက်တံ အတိုကလေးကို ဖြုတ်ပြီး
ငါကိုင်ထားသမျှကို လွတ်ချလိုက်ပြီ မိုးတိမ် …..


အပေါ်ကွဲ အောက်လွဲ နေတဲ့ လက်တံအရှည်များကို
ပျက်ရယ်ပြုပြီး မင်္ဂလာခန်းမကြီးက ထွက်လာတဲ့စုံတွဲကို
သမုဒယသစ္စာနဲ့ ပစ်ပေါက် ငါ့ဟင်းလင်းပြင်ပတ်လည်က
ခြောက်ယောက်ကို အိပ်မက်ဆိုးနဲ့ တံခါးခေါက်လို့ နိူးလိုက်ပါတယ်


ဉာဏ်မမှီလို့မထမ်းနိုင်တဲ့
ဘကုံး တစ်ခု နှစ်ခု သုံးခု လိုက်ကာ ကောက်စုလို့ သီတွဲ ဝလုံးတွေ
နာမည်ပျက်ကလေးရှိနေလို့ သူ့အမေပြောထားတဲ့ ငါ့ကိုလမ်းမှာတွေ့ရင်ရှောင်ဖို့
အရေပျော်စိတ်ကူးနဲ့ အချစ်ဆိုတာကို သက်သေပြုရအုံးမယ်
အဲ့ဒီရေတွင်းအိုကြီးနဘေးက နေကြာပန်းတွေနေဝင်သွားခဲ့ရင်
မင်္ဂလာပွဲတွေကို မလွတ်မြောက်နိုင်အောင် ငါပြေးလွှား
ပြီးဆုံးခြင်းဟာ အစရှာမရတဲ့ သံယောဇဉ် တေးသွားတစ်ခုပါပဲ။


ဂတုံးတုံးပြီးရင် ပြီးသွားပြီ လို့ထင်
မင်္ဂလာဆောင်ပြီးရင် ပြီးသွားပြီ လို့ထင်
ဘယ်အရာရာ ရပြီးရင် ပြီးသွားပြီ လို့ထင်
နားလည်မှုရှိ ပြီးရင် ပြီးသွားပြီ လို့ထင်
ဒီနေ့ထမင်းစား ပြီးရင် ပြီးသွားပြီ လို့ထင်
တောင်ထိပ်ရောက်သွား ပြီးရင် ပြီးသွားပြီ လို့ထင်
ထင်ပြီးသွားတဲ့ ဆံပင်တွေ ပြန်ပြန်ညှပ်နေ
ဆောင်ပြီးသွားတဲ့ မင်္ဂလာတွေ ပြန်ပြန်ဆောင်နေ
ရပြီးသွားတဲ့ အရာရာတွေ ပြန်ပြန်ရနေ
ရှိပြီးသွားတဲ့ နားလည်မှုတွေ ပြန်ပြန်ရှိနေ
စားပြီးသွားတဲ့ ထမင်းတွေ ဒီနေ့ နေ
ထိပ်တက်သွားတဲ့ တောင်တွေ ပြန်ဆင်းလာ
အညိုရောင်စက္ကူ အိတ်ကလေးနဲ့
လက်ထဲသေသေချာချာထည့်ပေးလိုက်တဲ့ မနက်ဖြန်များဟာ
တဖြေးဖြေး နီးကပ်မလာတဲ့ လျှော့နည်းမှု ကိန်းဂဏာန်းတွေပါပဲ ။


မျက်နှာပေါ်ကအရေပြားများကို အတတ်နိုင်ဆုံး ပေါ့စတစ် အနေအထားဖြစ်အောင် ပြုပြင်ခဲ့ပြီး
ဘယ်ဖက်ရင်အုံအောက်က ဆွဲထုတ်လိုက်တဲ့ နှလုံးသွေးကြောထဲမှာ ပြောင်းပြန်စီးနေတဲ့ ဆေးလိပ်ကို မီးညှိလိုက်တယ် ။
လေသံမာမာနဲ့( ငါ့ကို ဘယ်ကောင်မှ မတားကြနဲ့) လို့ လူလယ်ခေါင်အော်ပြောနေတဲ့သူက သူ့ကို ဘယ်သူမှမတားပါပဲ
သူကိုယ်တိုင်သူ့ကိုတားနေတဲ့ အားငယ်စိတ်နဲ့ အကုန်လွန်သွားတဲ့ အမွှေးတိုင်တွေ ပါပဲ ။
ရေစိုနေတဲ့ ကုတ်အင်္ကျီအမဲထဲက ထုတ်ပေးလိုက်တဲ့ (ဒီမှာထွက်လမ်းတွေအများကြီးရှိတယ်) ဆိုတဲ့ လက်မှတ်တစ်စောင်က
ဘယ်သူ့ကို ပိုင်ရှင်တော်ရမလဲ စိတ်ကူးနဲ့ ရေတွေ နူးသွားခဲ့ပါတယ်။ ခင်ဗျားသိမှာပါ။
တခါတရံ အဝေးပြေးလမ်းမကြီတွေဟာ ဘာသာပြန်မှားယွင်းတတ်ကြလေရဲ့။
လေးစားမှုမရှိခြင်းဟာ ကျန်တဲ့လမ်းတွေ ပိတ်ထားကြတဲ့ တစ်လမ်းသွား ဟွန်းသံကင်းမဲ့ဇုန်။
ငါတို့ဘဝမှာ အရေးလုပ်စရာတွေအများကြီးရှိတယ်။
ဒါပေမဲ့ အရေးလုပ်စရာတွေ အများကြီးက ငါတို့ဘ၀ မှမဟုတ်တာပဲ မိုးတိမ် …. ။


ပြန်ခါနီးနှုတ်ဆက်ကြရင် အချင်းချင်းပွေ့ဖက်လို့ ပွေ့ဖက်ကြပါ။
ဒါတွေက နောက်တွေ့ရမှာမဟုတ်တော့တဲ့ ကြက်လည်လှီး ဘူးသီး ကာလသားချက်တွေပါပဲ ။



nelay





ရေလောင်းပေးလိုက်တယ် သူငယ်ချင်း






ညတစ်ခုရဲ့ အလင်းစီးကြောင်းထဲမှာ
ငါတို့အတွက်ရေရာတဲ့အနာဂတ်တွေရှိတယ်
တစ်နေ့နေ့တော့ မင်းနေချင်တဲ့ ပဲရစ်မြို့ကြီးမှာနေကြမယ်
နေမကောင်းရင် အားငယ်တတ်တဲ့ စိတ်ကိုဖြောက်ပြီး
ငွေမရှိမှာ ပူစရာမလိုတဲ့ အဟာရနဲ့ မွေးဖွားကြမယ်
ငွေကြေး မပါတဲ့ သူငယ်ချင်းကိုတွေ့ရမယ်
မင်းတစ်ယောက် နေမကောင်းဘူးလား
ဟောဒီလက်နဲ့ အလည်ခေါင်တည့်တည့်မှာရပ်နေ
ဘယ်ကိုမှ မကြည့်နဲ့ ငါမျက်လုံးထဲက အနက်အဓိပါယ်တစ်ခုချင်းစီက
ငါတို့ဟာအမြဲသူငယ်ချင်းဘဲ ဆိုတာကို အသေးစိတ်ဖေါ်ပြနေတယ်
ရေတစ်ခွက်လောက်သောက်
ပြီးရင်
ရေမဟုတ်တာတွေလဲ အတူတူသောက်ကြမယ်
ဒါဟာ ညတစ်ခုရဲ့ အလင်းစီးကြောင်းထဲက ချစ်စရာ့ယဉ်ကျေးမှုပဲ
မင်းမယုံရင် ငါ့တို့ရှေ့က ခေါင်းငုတ်လျှောက်သွားတဲ့ မာကျုရီမီးတိုင်တွေကိုမေးကြည့်
ငါတို့ဟာ အမြဲသူငယ်ချင်းတွေပါဘဲ ပြီးတော့ ငါတို့ဟာအမြဲရှိနေဖို့လိုတဲ့ မြက်ပင်တွေ
တစ်ခုခုကို ပြက်လုံးထုတ်ပြီး ငါတို့တွေက ကြီးထွားလာကြတာ
မင်းမှတ်မိသေးရဲ့လား နှစ်ကာလတွေကို နင်းခြေပြီး
မစစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ဟားတိုက်ခဲ့တာလေ
ဒါက မင်းသိပ်ကြိုက်တဲ့ ကဇွန်းပလိန်း တစ်ပွဲလို အဆိပ်အတောက်ကင်းတယ်
ငါ့ကဗျာတွေအပေါ် မနာလိုတဲ့ မင်းစိတ်ကို မှိုကလေးတွေသေးသေးစိတ်ပြီးမွှေကြော်လိုက်
ပြီးရင် ငါတို့ နှလုံးသားချင်းပိုနီးအောင် ဘယ်သူတွေဘာပြောပြော တင်းတင်းဖက်ထားလိုက်မယ်
ငါ့ကျောပြင်ပေါ်က မြစ်တစ်စင်းဟာ မင်းမျက်ဝန်းထဲက မြစ်ဦးတစ်ခုပါပဲ
ညတစ်ခုရဲ့အလင်းစီးကြောင်းထဲကနေ ငါတို့နှုတ်ဆက်
နံနက်ခင်းကို ရင်ဆိုင် ထိုးနှက်လိုက်ကြမယ်



nelay






Tuesday, September 15, 2009

ပူစီဖေါင်း



ခင်ဗျား မှုတ်ထားတဲ့ လေ တွေ နဲ့
ပူစီ ဖေါင်း ကြီး က ကြီးကြီး လာတယ်
ကြီးကြီး လာတဲ့ ပူစီ ဖေါင်းကြီး က လှတယ်မဟုတ်လား


''ဖေါင်းးးးးးးးးးးးးးး''
ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ
ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား



nelay






sungmin jung