Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Monday, March 31, 2008

God - Diva





Immortal
Original title: Immortel (ad vitam)2004





God - Diva


(23:12)

"Remember ...
Remember the sight we saw, my soul,
that beautiful soft summer morning ... "

(23:29)
" ... round a turning in the path ... "

(23:37)
... "a disgusting carcass
on a bed scattered with stones,
its legs in the air like
a woman in heat ... "

(24:33)
"Remember the sight we saw, my soul,
that beautiful soft summer morning ... "

(24:41)
" ... round a turning in the path ... "

(24:46)
... "a disgusting carcass
on a bed scattered with stones,
its legs in the air like
a woman in heat ... "

(25:00)
"... like a fountain
with its rhythmical sobs.

(25:09)
I can hear it clearly flowing
with a long, Murmuring sound,
but I touch my body
in vain to find the wound ..."

(25:21)
"...I am the vampier of my own heart,
One of the great outcasts condemned
to eternal laughter ...
who can no longer smile..."

(25:38)
Am I dead? I must be dead.

(25:48)
And you...
I know you,
you are from Hierakonopolis.
The god of the heavens.

(25:55)
I'm flattered, Nikopol,
wretched human.

(26:00)
... Anubis can't be far away?
The guardian of the tombs...
The god of the dead...

(26:05)
Don't ever speak
that jackal's name again,
you understand?
Only my name...
Only me ...

(26:16)
My leg! ... Where is my leg ?

(26:20)
You can see you're not dead...
The dead don't feel pain...
The dead don't bleed either.


God - Diva (movie)






God - Diva


ငါတို့တွေ့ခဲ့ကြတဲ့ မြင်ကွင်းကို သတိရ ငါ့ဝိဉာဉ်
နူးညံ့တဲ့နွေနံနက်ခင်းလေးလေ

လမ်းကြောင်းလေးအတိုင်း ချိုးဝင်လို့

ကြဲပျံ့နေတဲ့ကျောက်တုံးအိပ်ရာပေါ်က

သားကောင်အသေတစ်ခု
သူ့ခြေထောက်တွေက
မီးထဲက မိန်းမပျိုလို လေထဲမှာ

စည်းချက်ညီငိုရှိုက်သံတွေနဲ့ ရေပန်းတစ်ခုလို
အဲဒီ့စီးဆင်းမှုကို ငါအဝေးကနေ ကြားနိုင်တယ်
ဒဏ်ရာကို ရှာဖို့ ငါ့ခန္ဓာကို
စမ်းလိုက်ပေမယ့် အချည်းနှီး

ငါဟာငါ့နှလုံးသားအတွက်
သွေးစုပ်ဖုတ်ကောင်ပါ
ဘယ်တော့မှ မပြုံးနိုင်တော့တဲ့
အပယ်ခံကြီးတစ်ယောက်ကို ...
အဆုံးအစမဲ့ရယ်သံတွေနဲ့ ပြစ်ဒဏ်ခတ်ခဲ့ကြတယ်

ကျုပ်သေပြီလား သေသွားသင့်တာ ...

ပြီးတော့ ခင်ဗျားက ...
ခင်ဗျားကိုသိတယ် ဟီရာကိုနိုပိုလစက မှတ်လား
ကောင်းကင်ဘုံတို့ရဲ့ နတ်ဘုရားလေ

မြှောက်ပင့်နေပြန်ပြီ နီကိုပေါ
စိတ်ပျက်စရာ လူသားပါလား

အနူဘစလည်း ဒီနားမှာပဲမှတ်လား
အုတ်ဂူကို စောင့်ရှောက်သူလေ ...
သေမင်းတမန်ပေါ့

ဒီအရူးနာမည်ကို နောက်ဘယ်တော့မှ
ထပ်မပြောနဲ့
နားလည်လား
ငါ့နာမည်ပဲပြော
ငါ့နာမည်ပဲ ...

ကျုပ် ခြေထောက် ဘယ်ရောက်သွားတာလဲ
မင်းတွေ့သေးတယ်ဆိုရင်
မသေသေးလို့ပေါ့
သေခြင်းဆိုတာ မနာကျင်ပါဘူး
သေခြင်းဆိုတာ သွေးလည်းမထွက်ဘူး။





God - Diva လူနှင့် သုံးဖက်မြင်ပုံရိပ်(3D)တို့ တွဲ သရုပ်ဆောင်တဲ့ ရုပ်ရှင်ထဲမှ ...
အကျဥ်းသားတစ်ဦးဟာ မထင်မှတ်ပဲ အကျဥ်းထောင်က တစ်နှစ်အလိုမှာ မတော်တဆ လွတ်မြောက်လာတယ်။
နတ်ဘုရားဟာ လူတွေကိုကယ်ဖို့ အငှားခန္ဓာတခုရွေးနေတဲ့အချိန် ... ။
နှစ် ၃၀ ကြာ သန့်စင်နေတဲ့ အကျဉ်းသား ခန္ဓာကိုယ်မှာ ပျော်ရွှင်ခြင်းကိုရှာတွေသွားလေရဲ့ ... ။

အကျဥ်းသားဟာ မိုးပျံ ထောင်နန်းက ပြုတ်ကျပြီး ခြေတဖတ်ပြတ် သွေးအလိမ့်လိမ့်ထွက်ပြီး တံတားကြားမှာ ညှပ်နေတဲ့အချိန် ကဗျာတပုဒ်က အားယူရွတ်ဆိုလိုက်လေရဲ့ ...


"Remember ...
Remember the sight we saw, my soul,
that beautiful soft summer morning ... "

'''ငါတို့တွေ့ခဲ့ကြတဲ့ မြင်ကွင်းကို သတိရ ငါ့ဝိဉာဉ်
နူးညံ့တဲ့နွေနံနက်ခင်းလေးလေ'''

(အကျဉ်းသားအမောဖောက်တော့)

(နတ်ဘုရားက ဆက်လက် ရွတ်ဆိုရင် .... )

" ... round a turning in the path ... "

''''လမ်းကြောင်းလေးအတိုင်း ချိုးဝင်လို့""

.........



ကျေးဇူးအထူး
nelay





Friday, March 28, 2008

သို့ ... အဖြောင့်စာ



ညီလေးရေ ...
ဂျီမေးလ်ကနေ ဆုတောင်းတစ်ခုပို့လိုက်တယ်
တစ်စက္ကန့်ကို မျက်ရည်ဘယ်လောက်ကျမလဲ
အင်တာနက်မြို့ရွာမှာ
ဆုတောင်းသံတွေသာ လှိုက်ပြိုဖုံးသွားမယ်
ကမ္ဘာကြီးကရှိုက်ကြီးတငင် ရက်စက်နေတုန်းပဲ
(၆၆၆)အေဒီဘယ်လောက်က သူ့ကိုငါတို့ဘာလုပ်ခဲ့လို့လဲ

ညီလေးရေ အညှိုးတွေရှိခဲ့ရင် တေးမထားပါနဲ့လား
အီးမေးလ်တွေ ပြည့်လျှံအောင်ဆုတောင်းလိုက်စမ်းပါ
အလကားရတဲ့ မေတ္တာတရားတွေ မဟုတ်လား
နောက်ဆုံးတော့လဲ ....
အမေ့မျက်ရည်တွေ LCD နောက်မှာ
မီးလောင်းတာကိုငေးကြ
ရေကြီးတာကိုငေးကြ
စစ်ဖြစ်တာကိုငေးကြ
မတရားလုပ်တာကိုငေးကြ
သင်္ကြန်ကျတာကိုငေးကြ
အနှေးပြကွက်နဲ့ပြန်ရစ်ကြည့်ရင်း
ငါတို့ငေးကြယုံပေါ့ ...။

Pagan တစ်ယောက်ရဲ့ပြန်တမ်းစာမှာ
ညီလေးရေ ဝမ်းနည်းစာကို အလင်းထဲပို့လွှတ်
ဘာသာတရားတစ်ခုခုနဲ့ လူစိတ်ကိုဖြစ်ညှစ်မွေး
ဒါတောင်
မင်းရင်ထဲက ငတေက ဒုက္ခတွေကို
လက်ခုပ်တီးချင်နေသေးတယ် ... ။

ခပ်မာမာဖွင့်လိုက်တိုင်း
ညီလေးရေ အမှောင်ထဲမှာ စာတစ်စောင်ရောက်နေတယ်
နှလုံးသားထဲက ကြောင်တစ်ကောင်နဲ့
မင်းခေါင်းပေါ်က မျောက်ကို
အခွင့်အရေးမပေးမိစေနဲ့ ...
အိပ်ပေါက်ထဲ ဖားတွေမထည့်မိဖို့နဲ့
ကလေးတွေငိုရင်
အိပ်ဆေးသောက်ပြီး အိပ်ဖို့လဲ မမေ့ပါနဲ့ ...
အမှားတွေက အမှန်နှစ်ခု ကြက်ခြေခတ်ထားတာမို့
အဖြောင့်မြင်တိုင်း ခြေလှမ်းမပြင်မိစေနဲ့ ... ။

ငြိမ်းချမ်းတဲ့ရင်ခွင်မှာ
အမေ့နာမည် ပီသစွာ ခေါ်တတ်လာရင်
မင်းအိမ်အပြန်ကို တိမ်ကိုးပေါ်က
မလွတ်မြောက်နိုင်တဲ့ ငါတို့ကြိုနေပါ့မယ်ကွာ ... ။



nelay





Friday, March 21, 2008

စိတ်/ သ င တ



သုံးလုံးတပ်မနက်ဖြန်
စိတ်မျဉ်းကျားဖြတ်ကူး
လျှာအဟုန်ဝင်ဆောင့်
နှလုံးသွေး
ပေါက်ထွက်သွားရ
ငါ့ ...
သူငယ်တော် ပျော်လိုက်တာ .... ။



nelay





အဟုန် ၃



လေးဖက်လေးတန် မညီမျှခြင်းမှာ
ငါတို့ ဘာလို့ ဝေဝါးနေမှာလဲ
လုံးလုံးကို သေပြလိုက်ပါ

တင်းရင်းစွာလှပနေတဲ့ နိဗ္ဗာန်ကုန်တိုက်
ကြမ်းပြင်မှာ လုံးတီးအလှတွေ အကွက်စိတ်စိတ်
ပြုံးပြရုံနဲ့ လူဖြစ်ခဲ့တဲ့ အဆိပ်ရာသီ
ငှက်ဆိုးဗလာ စရိုက်မျိုးမှာ တိမ်ပျိုးကြလေရဲ့

မီးလို ရေလို ခလုတ်
အဟုတ်ကိုမုန်းတဲ့ ပန်း
မေတ္တာလက်ဆောင် ချွဲသလိပ်
နံရိုးကြားမှာ ငွေ့အိမ်ဖွဲ့ ငိုလိုက်ကြတာ

ရှင်းမရ မျက်နှာကျက်
ရေဘုံဘိုင်ရဲ့ မျက်ရည်တစက်မှာ
ဘဝဟာ ဒလဟော စီးလေရဲ့
ငါ့အလှကို မျက်နှာသာမပေးရက်လေခြင်း

တာရာ ကပ်ညှိ နှလုံးအိမ်
အံသွားရဲ့ ဖြူစင်မှုမျိုး
မြက်ပင်တို့ မရိုးတော့ဘူး
ကြမ်းကြားထဲက လေချင်

အတွင်းရန်ရဲ့ တိတ်ဆိတ်သော ည
လမ်းတွေ အားလုံးသေဆုံးတဲ့အခါ
လူမဆန်ခြင်းရဲ့ ဂဠုန် ပုန်းစေတော့
အရိပ်တွေလဲ လွင့်လေရဲ့

ကြိုးတချောင်မှာ ကပ်ညှိခြင်း
ဗလ နဲ့ ဗလာ ဘယ်ဟာအမှန်
မုန်းမိသူတယောက်ရဲ့ ခဏတာ
မျက်လုံး သုံးသောပြဇာတ်မှာ
ပွဲဟာအပြီးသတ်ပြီ။



nelay





Saturday, March 15, 2008

ကျနော့ကို လက်တစ်ဖက်တည်းနဲ့ အုပ်တယ်



စိတ်ငြိမ်ဆေးသောက်ဖို့ စိတ်ငြိမ်ဆေး နာမည်မေ့နေတယ်
သူ့ကိုယ်သူ ၂ကျပ်တန်မှန်း မေ့နေလို့ ၂ကျပ်တန်တွေကို ထိုင်ဆဲနေတယ်
မြန်မာနိုင်ငံမှာ အမိန့်သေကျတဲ့ လူတွေထဲက တစ်ယောက်က ငါ ဆိုပဲ
ဒါနဲ့များ ရေးကြီးခွင်ကျယ် လုပ်လို့ ဘုရားလမ်းက သူတောင်းစားကို သွားလှူနေသေးတယ်
သူတို့တွေ မရလိုက်တဲ့ အရာတွေကို ငါ့ဆီက လာလာလုယူနေကြလို့ 
သူတို့အချိန်တွေပြောက်ဆုံးနေကြတယ်
ဉာဏ်ပညာကြီးမြတ်သူတစ်ယောက်ယောက်ရဲ့ လက်ထဲက 
အသိဉာဏ်ကိုခိုးယူလိုက်ရင် အဲ့ပညာရှိကြီးဉာဏ်ရှိနိုင်အုံးမလား
ပန်ကာ အနောက်က စကားလုံးတွေ ခါချရတာ သိပ် သတ္တိရှိဖို့ကောင်းတယ်တဲ့
လေယာဉ်ပျံကို ငါအခုထိ အစာမကြေတုန်းပဲ
ပြောလိုက်ပါ လူတကာလိုက်ဆဲတဲ့ ဝါဒကို ပညာရှိ ဆောင်းညတွေ တွေ့ရှိခဲ့တာ
လူတစ်ယောက်ကိုအကဲဖြတ်ဖို့ လက်ဖက်ခြောက်တွေနှပ်နေကြသလား
နာမဝိသေသန အချင်းချင်း မျိုးစပ်မှမြတ်မယ်ဆိုလဲခင်ဗျားတို့ သဘောပါ
ပြီးမှ ပုဒ်မတွေ မကာရံထားတဲ့ ငါ့ကမ်းနဖူးမှာ လာတော့မရပ်ကြနဲ့
လှိုင်းဆိုတဲ့ အဓိပ္ပါယ်က ငါ့အဘိဓာန်မှာ စားသုံးခြင်းလို့ခေါ်တယ်
ခင်ဗျားတို့တွေ သိပ်ဉာဏ်ကောင်းတိုင်းအချင်းချင်း 
တစ်ယောက်ကိုတစ်ယောက် 
ဘာလို့ ဆရာလို့ ခေါ် ကြတာလဲ ဘုရားလို့ ပြောင်းခေါ်ရမှာကြောက်လို့လား
ဖြစ်နိုင်ရင် ငါတော့လေသန့်ဘူးတွေထုတ်ရောင်းချင်တယ်
မွေးကထဲအဆိပ်သောက်ထားတဲ့ မြွေတစ်ကောင်က လူတစ်ကာကိုလျှောက်ကိုက်နေသတဲ့လား
ပျဉ်းရိငြီးငွေ့ခြင်းဆိုတာ အနုပညာရှင်ရဲ့ အဆိပ်သုတ်ထားတဲ့ နှုတ်ခမ်းပါ



nelay