Pages

Friday, March 21, 2008

အဟုန် ၃



လေးဖက်လေးတန် မညီမျှခြင်းမှာ
ငါတို့ ဘာလို့ ဝေဝါးနေမှာလဲ
လုံးလုံးကို သေပြလိုက်ပါ

တင်းရင်းစွာလှပနေတဲ့ နိဗ္ဗာန်ကုန်တိုက်
ကြမ်းပြင်မှာ လုံးတီးအလှတွေ အကွက်စိတ်စိတ်
ပြုံးပြရုံနဲ့ လူဖြစ်ခဲ့တဲ့ အဆိပ်ရာသီ
ငှက်ဆိုးဗလာ စရိုက်မျိုးမှာ တိမ်ပျိုးကြလေရဲ့

မီးလို ရေလို ခလုတ်
အဟုတ်ကိုမုန်းတဲ့ ပန်း
မေတ္တာလက်ဆောင် ချွဲသလိပ်
နံရိုးကြားမှာ ငွေ့အိမ်ဖွဲ့ ငိုလိုက်ကြတာ

ရှင်းမရ မျက်နှာကျက်
ရေဘုံဘိုင်ရဲ့ မျက်ရည်တစက်မှာ
ဘဝဟာ ဒလဟော စီးလေရဲ့
ငါ့အလှကို မျက်နှာသာမပေးရက်လေခြင်း

တာရာ ကပ်ညှိ နှလုံးအိမ်
အံသွားရဲ့ ဖြူစင်မှုမျိုး
မြက်ပင်တို့ မရိုးတော့ဘူး
ကြမ်းကြားထဲက လေချင်

အတွင်းရန်ရဲ့ တိတ်ဆိတ်သော ည
လမ်းတွေ အားလုံးသေဆုံးတဲ့အခါ
လူမဆန်ခြင်းရဲ့ ဂဠုန် ပုန်းစေတော့
အရိပ်တွေလဲ လွင့်လေရဲ့

ကြိုးတချောင်မှာ ကပ်ညှိခြင်း
ဗလ နဲ့ ဗလာ ဘယ်ဟာအမှန်
မုန်းမိသူတယောက်ရဲ့ ခဏတာ
မျက်လုံး သုံးသောပြဇာတ်မှာ
ပွဲဟာအပြီးသတ်ပြီ။



nelay





No comments: