Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Monday, June 28, 2010

အလွမ်းတွေ ထည့်ဝှက်ထားတဲ့ နွေဦးလင်္ကာ



အဆိပ်သင့် ညနေခင်းမှာ
အသည်းကွဲ ဒိုင်ယာရီတွေ လမ်းလျှောက်ထွက်ကြ ။
ငါ့လည်ပင်းပေါက်ထဲ ခေါင်းလျှိုလိုက်တဲ့
အလွမ်းတွေ ၊ အလွမ်းတွေ ။
စကားမဲ့နေတယ် ။ အလွမ်းတွေ စကားမဲ့နေတယ် ။
စကားဝါပန်းတွေ ပွင့်နေပေမယ့်
အလွမ်းတွေ စကားမဲ့နေတယ် ။

မျက်စိကိုတအားမှိတ်လိုက်တော့
ခြေသံတွေထဲ သစ်အိုပင်က သေရွာမှပြန်ထ
လွမ်းတယ်ဆိုတာ စကားပြောမတတ်တဲ့
အတိတ်မေ့ခြင်း ဆည်းဆာတွေ ငါသောက်သုံး
တစ်ဘဝလုံး စမ်းချောင်းထဲ စကားလုံးတွေမျောခဲ့ ... ။

(၁) လွမ်းတယ် ။
(၂) လွမ်းတယ် ။
(၃) လွမ်းတယ် ။
လွမ်းတယ် ဆိုတဲ့ စကားကို ပြောလိုက်ဖို့
ငါ့ အလွမ်းကို ငါ ပြန်လွမ်းနေရ ။
လွတ် / လွဲ / လွမ်း ။
လွတ်ထွက်သွားတဲ့ လမ်းတွေမှာ
အလွဲတွေနဲ့ နေသားကျနေတဲ့ကောင်တစ်ယောက်
မင်းကို လွမ်းနေတယ် ။
(၃) လွမ်းတယ် ။
(၂) လွဲတယ် ။
(၁) လွတ်တယ် ။

ဒီမှာရပ်
ငါ့နှလုံးသားကို စက္ကန့်အစဉ်အတိုင်းဖြတ်ထုတ်
လွမ်းတယ်ဆိုတာကို ရုပ်သေးလုပ်ပစ်မယ်
အင်္ဂါနေ့ထူးမှာ မီးခိုး,ကခြေသည်ကလေးရဲ့ခြေဖဝါး
ငါ့အလွမ်းနာကျဒဏ်ရာနဲ့
၁။ လွတ်တယ်
၂။ လွဲတယ်
၃။ လွမ်းတယ် ....
စိတ္တဇကိုပျိုးပြီး စည်းကျော်လွမ်းခြင်းတွေ
ခေါင်းငုံ့မော့ငေး ... ဖုန်သဲတွေ ငါ့ကိုဝါးမြိုဆွေးနေကြတယ်...။

ဟုတ်တယ် ။
လာခြင်းမကောင်းတဲ့ နတ်ပျိုမ ။
နင်က လာခြင်းမကောင်းတဲ့ နတ်ပျိုမ ။
အလွမ်းတွေသာ ဆုလာဘ်ပေးသနားခဲ့တာ ။
မလွန်လွန်းဘူးလားကွယ် ။
တစ်ရစ်ထက် တစ်ရစ် တက်လာတဲ့ အလွမ်းတွေ
(၁) (၂) (၃) ............ ။
ပြီးရင် ... ဘာလာမလဲ ။
ဘာတွေလာပြီးမလဲ ။
ဘာတွေလာဖြီးမလဲ ။
အလွမ်း (၁)
အလွမ်း (၂)
အလွမ်း (၃)
အလွမ်းနဲ့ စ ၊ အလွမ်းနဲ့ ဆုံး ။
ဒီနွေ ပူတယ်ဆိုတာ ၊ အရင်နွေတွေလိုပါပဲ ။
ထူးမခြားနား ။

သရုပ်ပေါ်အောင် နင့်ကိုခေါ်ရရင် နတ်တွေငိုလိမ့်မယ် ...
"အ"ချင်ယောင်ဆောင်သွားတဲ့ နွေဦးနန်းတော်မှာ
ပူလောင်ခြင်းအခန်းကျဉ်းထဲ အလွမ်းတွေအသိုက်အုံဖွဲ့
အကျိုးအပဲ့တွေနဲ့ မိုးကောင်းကင်ကို
ငါ့အလွမ်းတွေလွှတ်တင်ရင် မိုးခေါင်သွားလိမ့်မယ်
နောက်ဆုံးလာမယ့် လမ်းတစ်ခုမှာ
အလွမ်းဆိပ်မိထားတဲ့ကိုယ်တစ်ခြမ်းကို ....
ငါက
ဘာကိုလွမ်းနေရဦးမလဲ ... ။

ကောင်းကင် အကျိုးအပဲ့ထက်မှ ကျလာသော
နတ်တွေ ငိုချလိုက်တဲ့ မျက်ရည်နက်တွေ ။
အကာလ ( “အ” ကာလ ) ညဉ့်ဦးယံမှာ
စည်းကျော်သွားသော မိုးခေါင်လွမ်းခြင်းများ ။
လွတ် / လွဲ / လွမ်း ။
မီးခိုး,ကခြေသည်ကလေး ရေ .. ။
ငါ့ နတ်ပျိုမကို ပြောပေးစမ်းပါ ။
စက္ကန့်နဲ့အမျှ လွမ်းနေတဲ့ ဆည်းဆာတွေ
စကားလုံးထဲ မျောခဲ့ ။
စကားလုံးတွေ မောခဲ့ ။
စကားပြော မတတ်လို့ လွမ်းတာပါ ။
စကားမပြောတတ်လို့ လွမ်းတာပါ ။
ဖွဲ့စရာ စကားလုံး မရှိတော့လို့ လွမ်းတာပါ ။
ဖွက်စရာ စကားလုံး မရှိတော့လို့ လွမ်းတာပါ ။
မျက်စိကို တအား မှိတ်လိုက်တော့ .... ။
ရှင်လျက်နှင့် ရှင်ပြန်ထမြောက်သော သစ်ပင်အို ၏
ဦးတည်ရာမဲ့ ခြေသံ ။                ။



nelay ၊ ဆူးခက်မင်း
29.3.2010



Thursday, June 24, 2010

သန္ဓ



မျက်လုံး

နား

နှာခေါင်း

ပါးစပ်

မိတ်လိုက်မိလို့
ဦးခေါင်းထဲမှာ
ကိုယ်ဝန်ရတယ် … ။



nelay







design by Saw Thinzar Htaik





Friday, June 18, 2010

ဖြစ်မှဖြစ်ရလေ



သူ့ဝါးလုံးကပဲပိုရှည်သတဲ့
ငါတို့ငယ်ငယ်တုန်းက ရန်ဖြစ်သလို
သူက အခုမှ သူငယ်ပျံနေတယ်


ကြိတ်ရီနေရတာ Censor မတင်ရတဲ့
ကဗျာလို လွတ်လပ်တယ်


အနုပညာ ဆိုတာ Censor တင်မှ အစစ်တဲ့လား
ဒါဆိုလဲ ငါတို့ကဗျာ လုံခြည်မပါတာတွေကို လာမကြည့်နဲ့ပေါ့
ပြီးမှ ရင်ခုန်တယ် မျက်စိကျိမ်းတယ် လုပ်မနေနဲ့

လောကုတ္တရာလောကအတွက် အပ္ပမာဒ သတိတရားက
အရေးကြီးလွန်းလို့ ဆုံးသွားတာကြာပြီ


ငါပြောဖူးပါတယ် အကန်းမျိုးဆက်အလယ်
သူရဲကောင်းဝင်လုပ်ချင်တယ်ဆို ဘာတွေဆောင်ရမယ်ဆိုတာ


ကိုယ့်လက်ဖျံသွေးကိုယ်စမ်းကြည့်ပါအုံး
ချစ်တတ်ပြီ မုန်းတတ်ပြီ ဆိုကထဲက တဏှာနဲ့အတ္တကို
ဂွင်းလုံးကျွတ်လွတ်ဖူးလို့လား ဒါနဲ့များ
ဖြစ်သမျှအကြောင်းအကောင်းပေါ့တဲ့
ဖြစ်ရမယ်


ကံကောင်းခြင်းဆိုတာ အခုခေတ်ထီလို
ဒိုင်စားသွားတာများတယ်


ငါတော့ငယ်ငယ်က ၇၀၀ ဖိုးပေါက်ဖူးတယ်
ခင်ဗျားပေါက်ဖူးလို့လား


Domesitc violence ဆိုတာ ဘာပေတံလဲ
အပေါ်ယံသိယုံလောက်နဲ့ အထင်တွေလာပြောမနေနဲ့
ထင်တယ်ဆိုတာ ကိုယ့်ကိုယ်မသေချာတာပဲ


ငါကတော့စိတ်တွေကို ဟန်ဆောင်မျက်နှာဖုံးနဲ့မထားတတ်ဘူး
အဖြစ်တရားအတိုင်း အပျက်တရားကိုလက်ခံတယ်


မှော်ဝင်သွားတဲ့ ကံတရားက ငါ့လက်ထဲမှာ ရွံ့လုံးသက်သက်ပဲ
မျက်ရည်တွေမလိုတော့ဘူး တရားဟောသံနဲ့
စကားပြောသံ သဲသဲကွဲကွဲဖြစ်ဖို့ မလိုတော့ဘူး


ဒါပဲလေ လူပီသခြင်းရဲ့ မြက်တွေဆိုတာ
အုတ်ကြားမှာ ထိုးထိုးထောင်ထောင်နဲ့
အခုခေတ်မှာ သိပ်ကြည့်ကောင်းတာ


သိုဝှက်ထားတဲ့မျက်လုံးတွေနဲ့ ခင်ဗျားရင်ဘတ်ထဲကခင်ဗျား
မထွက်ရဲလောက်အောင် အပြုသဘောဆောင်တဲ့
ခင်ဗျားတို့ အဖေပြောတဲ့ သတင်းစာထဲက စကားလုံးတွေနဲ့
ခင်ဗျားဘဝကို Format ရိုက်ခံလိုက်ရပြီလား


ယဉ်ယဉ်လေးရူးနေသူက 
လူ့ယဉ်ကျေးမှုကိုမေ့ချင်ယောင်ဆောင်တဲ့အခါ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ
ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ
ကျုပ်ညီလေး ညီမလေးတွေ
ကျုပ် မိဘတွေ
ကျုပ် ဘိုးဘွားတွေ ရဲ့ ဂုတ်သွေးတွေ ...


အဲဒါတွေနဲ့ ခင်ဗျားပညာတတ်လာတော့
ခင်ဗျားမိသားစုကို ပြန်တိုက်နေတယ်ပေါ့
တစ်ဘဝတာ ဘုရားဖြစ်မဲ့ ခင်ဗျားကို
ကျုပ်သန့်ရှင်းတဲ့ ချွေးနဲ့ရှာထားတဲ့
ရွှေရောင်သဲကြိုးလေးစွတ်ပေးပါရစေ ... ။


ဖြစ်မှဖြစ်ရလေ
အဲဒီ့ စောက်ရေးမပါတဲ့ စကားလုံးတွေကို
မသုံးနှုန်းလိုတော့ဘူး … ။



nelay







ivan stan







Thursday, June 17, 2010

ဖြစ်ရပ်မှန် သကြား



ကျီးတအုပ်ပျံသန်းသွားခြင်းကို
ငေးမောနေသော သူတယောက်မဟုတ်
ကျီးအုပ်ဆိတ်လို့ အခွင့်သာကိုစောင့်ရင်း
လွတ်မြောက်ရာကို ပျံပြေးနေသော လင်းယုန်
အကြောင်းအမျိုးမျိုးကြောင့်
ခွေးဖြစ်သွားသော ဘုရင်ကြီးများ
ငြင်းဆန်ခွင့်မရခင်
ဘုရင်ဖြစ်လာသော ခွေးအ များ
ကိုယ့်အလုပ်ကိုယ်
တန်ဖိုးမထားတတ်သော မြို့တသိုက်
စိတ်ရောကိုယ်ပါ
ပြောက်ဆုံးသွားတဲ့ လုပ်ငန်းတွေ
နက်ဂတစ်စန့်နဲ့ရေးထားသော ကဗျာ
အထူးပြုလုပ်ချက်များနဲ့ စကားလုံးထုတ်
ဖတ်လို့မကောင်းသော ဟာသများ
တစေဖြစ်သွားတဲ့ ကိုယ်ဝန်သည်
ဟိုဝှာကျယ်နေတဲ့ မိန်လာတွင်း
ပွဲတော်အထင်နဲ့ ဆင်းသွားတဲ့ ဝံပုလွေ
ညရောက်မှာကြောက်ကြောက်နေတဲ့ ဇီးကွက်တွေ
သံပတ်ပေးမှားလို့ လန့်နှိုးလာတဲ့ နဂါး
အိပ်ချင်မူးတူးနဲ့ ဝါးလိုက်သောအသီးတွေ
အပြင်က အေးတိအေးစက်
အတွင်း၌ ခါးနေသော နှလုံးသား
ရဲတိုက်အတွင်းမှ ဆရာဝန်တွေ
ဉာဏ်မမှီသေးသော အခြောက်များ
အခါးရည်တွေ ဗိုက်ထဲ၌ မီးတောက်သောအခါ
ယောက်ျားစိတ်ပြောက်သွားတဲ့ ကတိတို့
မရေးနှစ်ချောင်းငင်ဝတ်စံနှစ်လုံးပေါက် ကြလေပြီ . . .။



nelay





Monday, June 14, 2010

အောင်မြင်သော လမ်းခွဲ အနုပညာ





 

ပန်းချီကားထဲက သွေးစက်တွေထွက်ကျလာတဲ့အခါ
ပန်းချီထဲမှာ ပန်းချီဆရာက သေပြီးနှင့်ပြီ

ဂီတထဲက သံစဉ်တွေထွက်ကျလာတဲ့အခါ
သီချင်းထဲမှာ အဆိုတော်က သေပြီးနှင့်ပြီ

ကဗျာထဲက အဏုစကြဝဠာလေးထွက်ကျလာတဲ့အခါ
စာလုံးတွေထဲမှာ ကဗျာပညာရှင်က သေပြီးနှင့်ပြီ

အောင်မြင်မှုထဲက နာရီတွေထွက်ကျလာတဲ့အခါ
အောင်မြင်မှုအသေတွေထဲမှာ ဘာမှမရှိခြင်းဟာ
အနုပညာအဖြစ် သေပြီးနှင့်ပြီ .... ။



nelay