Pages

Monday, June 14, 2010

အောင်မြင်သော လမ်းခွဲ အနုပညာ





 

ပန်းချီကားထဲက သွေးစက်တွေထွက်ကျလာတဲ့အခါ
ပန်းချီထဲမှာ ပန်းချီဆရာက သေပြီးနှင့်ပြီ

ဂီတထဲက သံစဉ်တွေထွက်ကျလာတဲ့အခါ
သီချင်းထဲမှာ အဆိုတော်က သေပြီးနှင့်ပြီ

ကဗျာထဲက အဏုစကြဝဠာလေးထွက်ကျလာတဲ့အခါ
စာလုံးတွေထဲမှာ ကဗျာပညာရှင်က သေပြီးနှင့်ပြီ

အောင်မြင်မှုထဲက နာရီတွေထွက်ကျလာတဲ့အခါ
အောင်မြင်မှုအသေတွေထဲမှာ ဘာမှမရှိခြင်းဟာ
အနုပညာအဖြစ် သေပြီးနှင့်ပြီ .... ။



nelay












No comments: