Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Monday, October 26, 2009

မင်းမျက်ရည်တွေကို သူတို့က ထုတ်ပြီးရောင်းစား ပျော်ပါး





ကောင်းကင်ကိုမော့ကြည့်လိုက်တိုင်း
ကောင်လေးတစ်ယောက်
ပုဒ်ကလေးတွေ ဆူးဆူးသွားတဲ့ ဒဏ်ရာနဲ့
ထီးမေ့ကျန်ခဲ့တဲ့ ဉာဏ်ကို
လက်နောက်ပစ် အတွေးအခေါ်တွေ အဝင်မခံနိုင်ဘူး
အသိတရားကို ခွဲခြားဖို့
ခွဲခွာခြင်း မှတ်တိုင်မှာ
ငါတို့ကျောတွေရဲ့ လက်ခလယ်တို့ မအားမလပ်နိုင်
သစ်အိုပင်ကြီးတွေ ထမ်းထမ်းထားရတဲ့
အနက်ရောင်မြွေကြီးကို လျှောက်ဖို့
ငါတို့ခေါင်းမှာ စွတ်ထားတဲ့ ဘီးတွေခွာချ
စိတ္တဇပဲ
လန်းတယ်
မလန်းနိုင်တဲ့ သံတွေကို ပန်းပစ်
ဝါးစားပြီးခါစ သွားများမို့
ပလက်တီနမ်ရောင်နဲ့ ပါးပြောင်နေကြ
ကောင်လေးရဲ့ ရှေ့ဆုံးက စောက်တစ်လုံးကို
သူတို့အာခေါင်ထဲမှာ ဠာန်းကရိုဏ်ကျကျ
ကိုးကွယ်ထားရတဲ့ လက်မှတ်တစ်စောင်
သူတို့အတည်ပြုပြဠာန်းထားခြင်းများကို
နေမဝင်ခင် အဆိပ်ခပ်လို့ ရယ်မောပျိုမြစ်
အရှေ့မြစ်ကြီးထဲက ဆယ်ယူသမျှကို အသစ်ဖြစ်စေတယ်
အသိအမှတ်ပြုစရာမလိုတဲ့
ဆပ်ပြာပူဖေါင်းတွေ ဖောက်ကြရတဲ့
အိပ်စက်ခြင်းများနဲ့
စောက်ကောင်လေးများ လမ်းထထလျှောက်နေတယ်



nelay





Monday, October 12, 2009

အရွက်ခြံ

 



သပြေပန်းကို ညမှာ ပန်ပြီး
ခေါင်းမှာ ညံနေတဲ့ အသံနဲ့
နို့ဆီခွက်ကလေးတွေထဲ ထိုးသိပ်စုထည့်
မြင်ဖူးခဲ့တဲ့ အဖြူရောင်ကို .... အ .... မြင်ဖူးခဲ့
ဆူးနေတဲ့ အနာကို ခဏခဏပြန်ကြည်နူး
မကြံကောင်းမစီရာ လုံး၀ မမေ့ဘူး ဖူး
သူတို့တွေ ရယ်သွေး ရွှင်ပြ ညာလက်ဖဝါးအောက်က
ငါ့စစ်သူကြီးကိုဆွဲထူလို့ မြင်မြင်ရာကိုဂရုတစိုက်နဲ့
ဘယ်သူတွေကများ နံကြားထောက်ပြီး မိုက်ခဲ့ဖူးလို့လဲ
ပွဲတက်ဖို့ ဝန်လေးနေတဲ့ တခုတရ စုစုထားတဲ့ စိတ်ကိုဖြည်ချ
လာ ......
အေးအေးလူလူထိုင် အဲ့ ကွတ်ပြစ် ယိုင်တီယိုင်တိုင်မှာ
အကြမ်းအိုးလဲမှောက် စကားတွေလျှောက်သွားတဲ့ အရပ်ရောက်ရင်
သွေးဆာနေတဲ့ လေချဉ်ကို အခုလို ငြိမ်းငြိမ်းချမ်းချမ်း တက်
အေး ........ လာ ........ ပြန်ပြီးဆိုလဲ ပြန် ......


အေး ........ လာ ........ မသွားလိုတဲ့လမ်းပေမဲ့
အံ တွေကို ဆုံးအောင် ပေါက်ခဲ့ပြီးမှ အရေပြားထူနေလို့လဲမရ
ဒါက သဘာဝရဲ့ လွတ်လမ်း
ဖွဲ့ဖွဲ့နွဲ့နွဲ့ကြမ်းခဲ့ကြတဲ့ ပိတ်ကားအိုကို ကလေးလိုလို ခွေးလိုလို


ရှေ့ဆုံးတန်းမှာထိုင် မေးတင်ပြီးရေရွတ်လိုမဲ့စကား
ကျောက်သင်ပုန်းနောက်က ကျောင်းသားတွေရော ကြားနိုင်ပါရဲ့လား လို့
တိမ်ခေါ်တဲ့ အသံနဲ့ ခေါင်းလွဲတဲ့ ခြေသုတ်ခုန်ကိုပြန်ပြန်ကြည့်မေး
ဖတ်စာအုပ်ထဲမပါတော့တဲ့ သူတို့အကြောင်းကို စာအုပ်အဟောင်းမှာချချရေး
ဟိုးဝေးဝေးက အနီးဆုံးတွေလဲ ကြည်လင်လို့ ချမ်းမြေ့
အဲ့ဒီ့နေ့ဟာ မင်္ဂလာရှိတဲ့နေ့ ။



nelay





Software



ပန်းတွေ ငုံ့ ပြီးပွင့်ကြ
ပန်းတွေ မော့ ပြီးပွင့်ကြ
ပန်းတွေ ဘယ်ဖက် စောင်း ပြီးပွင့်ကြ
ပန်းတွေ ညာဖက် စောင်း ပြီးပွင့်ကြ
ပန်းတွေ မငုံ့ မစောင်း ပွင့်ကြ
ပန်းတွေ ပွင့်ချင် သလို ပွင့်ကြ
ပျားတွေ သေချင် သလို သေကြ ~



nelay