Pages

Monday, October 12, 2009

အရွက်ခြံ

 



သပြေပန်းကို ညမှာ ပန်ပြီး
ခေါင်းမှာ ညံနေတဲ့ အသံနဲ့
နို့ဆီခွက်ကလေးတွေထဲ ထိုးသိပ်စုထည့်
မြင်ဖူးခဲ့တဲ့ အဖြူရောင်ကို .... အ .... မြင်ဖူးခဲ့
ဆူးနေတဲ့ အနာကို ခဏခဏပြန်ကြည်နူး
မကြံကောင်းမစီရာ လုံး၀ မမေ့ဘူး ဖူး
သူတို့တွေ ရယ်သွေး ရွှင်ပြ ညာလက်ဖဝါးအောက်က
ငါ့စစ်သူကြီးကိုဆွဲထူလို့ မြင်မြင်ရာကိုဂရုတစိုက်နဲ့
ဘယ်သူတွေကများ နံကြားထောက်ပြီး မိုက်ခဲ့ဖူးလို့လဲ
ပွဲတက်ဖို့ ဝန်လေးနေတဲ့ တခုတရ စုစုထားတဲ့ စိတ်ကိုဖြည်ချ
လာ ......
အေးအေးလူလူထိုင် အဲ့ ကွတ်ပြစ် ယိုင်တီယိုင်တိုင်မှာ
အကြမ်းအိုးလဲမှောက် စကားတွေလျှောက်သွားတဲ့ အရပ်ရောက်ရင်
သွေးဆာနေတဲ့ လေချဉ်ကို အခုလို ငြိမ်းငြိမ်းချမ်းချမ်း တက်
အေး ........ လာ ........ ပြန်ပြီးဆိုလဲ ပြန် ......


အေး ........ လာ ........ မသွားလိုတဲ့လမ်းပေမဲ့
အံ တွေကို ဆုံးအောင် ပေါက်ခဲ့ပြီးမှ အရေပြားထူနေလို့လဲမရ
ဒါက သဘာဝရဲ့ လွတ်လမ်း
ဖွဲ့ဖွဲ့နွဲ့နွဲ့ကြမ်းခဲ့ကြတဲ့ ပိတ်ကားအိုကို ကလေးလိုလို ခွေးလိုလို


ရှေ့ဆုံးတန်းမှာထိုင် မေးတင်ပြီးရေရွတ်လိုမဲ့စကား
ကျောက်သင်ပုန်းနောက်က ကျောင်းသားတွေရော ကြားနိုင်ပါရဲ့လား လို့
တိမ်ခေါ်တဲ့ အသံနဲ့ ခေါင်းလွဲတဲ့ ခြေသုတ်ခုန်ကိုပြန်ပြန်ကြည့်မေး
ဖတ်စာအုပ်ထဲမပါတော့တဲ့ သူတို့အကြောင်းကို စာအုပ်အဟောင်းမှာချချရေး
ဟိုးဝေးဝေးက အနီးဆုံးတွေလဲ ကြည်လင်လို့ ချမ်းမြေ့
အဲ့ဒီ့နေ့ဟာ မင်္ဂလာရှိတဲ့နေ့ ။



nelay





No comments: