Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Tuesday, May 11, 2010

ဦးနှောက်အမှတ်(၃) ၏ ဈာပန အပိုဒ်ခွဲ



စံပယ်တွေ ဖွေးနေအောင် ပန်ထားတဲ့ သုဿာန်ဟာ ..

အဖြူရောင်ကြိုးစကို မြှုပ်နှံဖို့ လက်မခံဘူး ။

တစ် ပြီးရင် နှစ် လာမယ် ။

ယခု ကဗျာကို နှစ်သက်တယ်ဆိုရင်

နံပတ် ၂ နေရာမှာ ဓားတစ်ချောင်းကိုင်ပြီး စောင့်နေ ။

အသုံးမကျတဲ့ တတိယ လူမှာ

ထမ်းပိုး ခရာ အညတရ အလင်္ကာနဲ့

ပန်းပျိုးချင်တဲ့ ဆန္ဒ မျက်ဝန်းအဝမှာ

ခဏတာ ဆိုတဲ့ ခဏတာကို ဖြုန်းတီး

တံခါးခေါက်သံကို အိပ်မက်အကျိုးထဲ ထိုးထိုးညီးနေလိုက်တယ်။

ဒီတံခါးကိုခေါက်တာ ဘယ်သူလဲ ။

စာပို့သမားလား ၊ မကြည်ဖြူလား ။

အလှူခံလား ၊ အစိမ်းရောင်လား ။

ရပ်ကွက်လူကြီးလား ၊ ဘုရင်မကြီးလား ။

တစ်ချက် ၊ နှစ်ချက် ၊ သုံးချက် ။

ဆိုင်းတွေ ဗုံတွေ ပစ်ချထားခဲ့ပါ ။

ဖျာသိမ်းသွားတဲ့ အမေ့ရင်ခွင်လဲ မနေ့ကမြည်ဟီးသံကြီးကြီး

ဘာမှမဟုတ်ပါဘူး

ကလေးရာ ....

ကျယ်ကျယ်တီးတီး

လေဟုန်စီးပြီး နွေကြာခဲ့တာ ရက်စိပ်ခဲ့

ဘာဆိုဘာတခုမှ မျောမလာနဲ့ ဒုက္ခဆိုတဲ့ ဒုက္ခိတ ကို

မွေးကတည်းကအစာမကြေ ရပ်ဝန်းထဲ ရပ်ကွက်လှောင်ခဲ့

အပေါ်ယံကြယ်သီးတွေဖြုတ်ပြီးရင်

လက်ဖဝါးနုနုကလေးနဲ့ ငါ့ကိုအဆိပ်ခပ်

လက်အပုတ်တွေနဲ့ ငါ့မျက်နှာကိုလာမသပ်ကြနဲ့ ။

မသတ်ကြနဲ့ ။

လက်အပုတ်တွေနဲ့ ငါ့ကို လာမသတ်ကြနဲ့ ။

ငါက “သတ်ပုံ” မှားတဲ့ကောင် ။

ငါက သတ်ပုံ မှားတဲ့ကောင် ။

ဖြည်းဖြည်းချင်း သတ်ရမယ့်အစား ။

လေကို မြန်မြန်ရှူ ၊ ဓားကို ထိုးမြှောက် ။

စကားလုံးတွေ သွေးစွန်းကုန်တယ် ။

မုသားတွေက မေလရဲ့ အပူချိန်နဲ့

အငွေ့ပျံမသွားဘူး ။

သွေးသားဆန္ဒဆိုတာ ၊ လူရယ်လို့ သိတတ်စကတည်းက

ဒွန်တွဲလာတဲ့ အဖော် ။

အနုပညာ ပျက်သွားပြီ .... ပျက်သွားပြီ အနုပညာ

သုံးရာသီစာ စုဆောင်းခဲ့သမျှ ဒီလိုပဲပျက်ခဲ့ရတာလေ

ပျံကျလာတဲ့ ဒီလိုရပ်ဝန်းမှ ခေတ္တဆိုတဲ့ အဟုန်က

ဒါကိုပြီးဆုံးမယ်လို့ထင်ကြသ လား

မှားသွားမယ် မှားသွားမယ်

စမ်းချောင်းထဲက အရူးတွေမှားသွားမယ်

ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်

အနုပညာကို လှောင်နေကြတဲ့ အလောင်တွေ

''...'' အဲဒါမပါရင် လေဟုန်မစီးနိုင်တဲ့ လှေနဲ့

ဂဠုန်ချီသွားတဲ့ နှလုံးသားကို

ငါ့ဦးခေါင်းပေါ်က နံပါတ် (၃) က ဓါးထုတ်ပြုံးနေတယ်။

အပြုံးရဲ့ နောက်ကွယ်မှာ သွေးစွန်းဓားတစ်လက် ရှိမလား ။

သွေးစွန်းဓားတစ်လက်ရဲ့ နောက်ကွယ်မှာ အပြုံးရှိမလား ။

ဒီကြိုးစကို ဖြတ်ဖို့ ဒီဓား မလိုဘူး ။

ရှင်းရှင်းပဲ ပြောလိုက်မယ် ။

စံပယ်တွေ ဖွေးနေအောင် ပန်ထားတဲ့ သုဿာန်ဟာ ..

အဖြူရောင်ကြိုးစကို မြှုပ်နှံဖို့ လက်မခံဘူး ။



nelay ၊ ဆူးခက်မင်း





No comments: