နင်ဟာငါ့ကောင်းကင်တခုလုံး ခွာချသွားပြီးမှ
ငါ့ကိုဘာလို့ အမျိုးမျိုး ငိုပြရတာလဲ တိမ်ပျို
နေလုံးတွေ တီရှပ်ပေါ်မှာ ကောက်ယူချယ်သထားတာပဲ
ငါ့ကိုဘာလို့ အစိမ်းလိုက် မုန်းပြချင်ရတာလဲ ကမ္ဘာရယ်
တညို့ညို့ အုပ်ဆိုင်ပြီးမှ . . .
ငါဆိုတဲ့သက်တန့်က ကွေးလာခဲ့ရတာပါ
မင်းနှုတ်ခမ်းလေးဆူပြမှ ရေတံခွန်တွေ . . .
ငါ့ရွာကိုတိုက်စားသွားရတာလေ
စွန်တကောင်ရဲ့ မျက်လုံးအောက်မှာ . . .
ပန်းခင်းကြီးတခုလုံးပျောက်ဆုံးသွားပြီ
ပွင့်တောရဲ့ ဘယ်ဖက်ပါးပြင်က အမှတ်လေးဟာ . . .
ငါတမ်းတမ်းတတ အမှတ်ရနေတဲ့ အငုံ့လေး တခုပေါ့
ပြန်ပြန်တွေးတိုင်း ခြေရောလက်ရော လိမ်နေခဲ့တာ
ကြည့်တဲ့သူတိုင်းမရှင်းကြဘူး . . .
ပြောမရဆိုမရ ပတ်တီးပရဗွနဲ့
ငါ့ပါးစပ်တွေ ချစ်တယ်ကြီးပဲ လှိမ့်လှိမ့်ထွက်နေတယ်
တိုက်တွေကုန်းရုံး လာပြီးလေ
ဟေမာန်တောကို ငုံ့ကြည့်တော့မယ် နွေနှင်း . . .
နင့်အမြင်တွေ ရှင်းအောင် နင့်မျက်နှာပေါ်က
ဆံနွယ်လှလှတွေ ငါ့ဘဝနဲ့ယူငင်ရှင်းပါရစေ
အနီရောင် မြက်ခင်းတွေ ကြီးထွားလာလိုက်တာ
ငါ့ပြတင်းမှာ မွှန်းကြပ်အောင် စိမ်းနေကြပြီ
ငါ့ကိုယ်ငါပြန်မမြင်ရဘူး ပွင့်ငုံ့ . . .
လေတွေအဟုန်လိုက် တိုက်နေကြပြီး . . .
နွေနှင်းရယ် . . . ။
nelay
1 comment:
ကဗျာတွေဖတ်လို့ကောင်းလိုက်တာ။
အားပေးနေပါတယ်။
ကိုခိုင်
Post a Comment