Pages

Saturday, November 27, 2010

ပြ စာ တိုက်




အမဲရောင်လမ်းမထက်က စက်တပ်နှလုံးသားများရဲ့
ခြေသံကို ငါက
အစီအစဉ်ပြီးကြောင်း ကြေငြာလိုက်တယ်။

ဆံနွယ်တွေက နှုတ်ခမ်းလွှာကို ဖုံးဖိဆွံ့အ
နှလုံးလမ်းကြောင်း ပေါ်က အမှိုက်တွေ
က နေကြတယ်။

လေတိုးသံကြားမှာ ကြောင်တစ်ကောင်
ဖုန်ထ ။

တိမ်သေရေ …
မဆေးကျောသေးဘူးလား
ငါ့ခေါင်းတွေ ငုံ့ထားရတာ
ကန္တာရတွေ
အ … တယ် ။

နံရံပေါ်ကိုမော့ကြည့်
ငါ့နှလုံးသားဟာ သူငယ်တော်အစစ်
ကြိုးတန်းလန်းနဲ့ နီနေတယ် … ။

ညကြီးမင်းကြီးပြန်လာမှတော့ ညဟောင်တဲ့အသံကို
ကြောက်နေလို့
ခရီးမတွင်ဘူး…။

အတွင်တွင် ခါငြင်းနေတဲ့ နံနက်ခင်းတွေမှာ
မီးခိုးကကြိုးတွေ သိပ် လှ တာ ပဲ … ။

သိပ်ဟောင်းလာတဲ့ တန်ဖိုးတွေကို
ပြတိုက်ထဲမှာ
ဝမ်းနာပြရတာတမျိုး
သွားတိုက်ရတာတမျိုး …။

နှစ်မျိုးပေါင်းပြီး တစ်ခုဖြစ်လာတဲ့
အကြွေစေ့တွေက
ကလေးတွေကို
သိပ် ဟောင်း တာမကြိုက်ဘူး ။

ဘာကိုဆိုလိုပြီး လိုရင်းကိုရောက်ချင်ရ
လိုရင်းဆိုတာ အတိုချုန်းထားတဲ့
ခရီးရှည်တခု ……………………….

ဒါနဲ့
ဟိုး ……….
မြင့်မြင့်
ဂုဏ်ရည်ထက်က

မိ န ငယ် …
ကြား
ကြား
ကြားလား …….
…… ငါ့အမြစ်တွေ
……စာဆိုနေတယ်……။



nelay





No comments: