ဘာသာမလိုတဲ့ သက်တန့်ကို
ရှု့ခင်းအသေပေါ်က ကြည့်ရတာလှတယ်
ရေမှုန်တွေပါပဲ ငါ့မှာသာ အလင်းယိုင်ခဲ့ရ
မလှပါဘူး။
ကျီးက ငါ့ဂုတ်ပေါ်မှာ
လာမနားတော့တဲ့ ခြေရာ
စူး …. ခနဲ ….
ငါ့ကိုယ်ငါ ခပ်တည်တည်နဲ့ခြိမ်းခြောက်လိုက်တယ်
ကံတရားဆိုတာ လခစား မနက်တို့ရဲ့ ရာဇဝင်မှာ
မနပ်မှန်တဲ့ သောကတပွဲကို ကျိတ်မှိတ်ကျော်ဖြတ်တာ
ကတော် ဖြစ်ဖို့ ကတော်
ကပွဲမှာ ဂီတကို ပျော်တော်ဆက်
တာဝန်အရ ငါက ဟက်ဟက်ပက်ပက်ရီလိုက်ရတယ်
မနက်တိုင်းမျက်နှာသစ်နေရတာ ပျင်းလာပြီ
လက်ဖျံသွေးကြောကိုစမ်းကြည့်တော့
ပုံမှန်ဟာသတွေ ထွက်ကျလာတယ်
တော်သင့်ပြီ လူ့လောက
ကျောက်နံရံပေါ်က အရိုင်းကောင်းတွေရဲ့
ဆေးရေးပန်းချီကို အဖြေရှာတာတော်သင့်ပြီ
မတန်မရာ အိပ်မက်တွေသွားကြားညှပ်ပြီး
သင်္ချိုင်းအတုပေါ်မှာ ငါမအိပ်လိုတော့ဘူး
ညကိုဖွင့်ချလိုက်ရင် ငှက်မဲတွေ
အတောင်ပြောက်တဲ့အမှောင်ထဲ
ရှန်သန်ခြင်းကိုရှာဖွေနေလိမ့်မယ်
အပိုင်းတွေ အဆက်တွေ ချုပ်ရာတွေ
ရောင်းကုန်မဟုတ်တဲ့ ရေပါးစက္ကူလိပ်ထဲမှာ
ပျော်ရွှင်ခြင်းက လောင်မြိုက်နေတယ်
အဲဒီ့ ပျော်ရွှင်မှုတွေဟာ ငါ့ကို မပျော်ရွှင်စေခဲ့ဘူး
ပျော်ရွှင်မှုရဲ့ တကယ့်အနှစ်ဆိုတာ
ရုန်းကန်မှုရဲ့ဒဏ်ရာ
တောက်ပစွာ သေဆုံးထားတဲ့
အရှုံးတွေ အိုင်ထွန်းထားခြင်းဖြစ်တယ် ။
မျှော်လင့်ချက် အူတိုင်တည့်တည့်က
ကြယ်အရိပ်ဟာ ပျော်ရွှင်ခြင်းကို
လှပဟန်ဆောင်မှုနဲ့ လောင်းရိပ်ချထားခြင်းလို့
ငါ့နှလုံးသားက ငါ့စိတ်ကို အကြိမ်ကြိမ်ထိုးဆွနေတော့တယ် ။
nelay
No comments:
Post a Comment