Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Thursday, August 5, 2010

စိတ်တံတိုင်း



စထွက်ကထဲက အတောင်တွေခြွေခဲ့တယ်
ငါတို့ကလူ
ကိုယ့်လမ်းကိုယ်ဖောက်ပြီး
ကိုယ့်အဆိပ်ကိုယ်သောက်တယ်
ခင်ဗျားလူကောင်းစစ်စစ်ပါလို့ လာလိမ်မနေနဲ့
နားရွက်နောက်က နတ်ဆိုးတစ်ကောင်
ခင်ဗျားကို အပိတ်အဖွင့် လုပ်နေတယ်


သင်ကြားရေးရဲ့ ထိန်းချုပ်မှုအောက်မှာ
စာ သေတယ် အညွှန့်ကျိုးတယ်
စိတ်မာယာရဲ့ ထိန်းချုပ်မှုအောက်မှာ
ပညာ သေတယ် အတွေး ခမ်းတယ်


သေဆုံးခြင်းရဲ့ အကြောင်းတရားမှာ
စာတန်းထိုးတွေတက်လာသလိုမျိုးမဟုတ်ဘူး
မနက်ခင်းပေါင်းများစွာရဲ့အစ
De`javu ပေါင်းများစွာရဲ့ သန္ဓေသား


ငါ့ကို ဒီနွံထဲမှာ အလိုမတူပဲ အသေနှစ်ထားပါ
ဆောင်းရာသီမတိုင်ခင်အထိ
ကမ္ဘာကြီးကို အနွေးထည်ချွတ်မပေးနဲ့
ချွေးတွေနဲ့ အအေးပတ်ခဲ့ရင်
ဖယောင်းတိုင်ထွန်းလို့တတ်နိုင်သလောက်ဆုတောင်းကြပါ


သန့်ရှင်းတဲ့ပျော်ရွှင်မှုအသိုက်အမြုံဆိုတာ
တိမ်ဖုံးနေတဲ့ရပ်ဝန်းအသေတစ်ခုကို
ခွန်အားပြည့်တဲ့မျှားတစ်စင်းက
ထွင်းဖောက်ခွင်းလိုက်တဲ့ နံရံအပေါက်တစ်ခု


ငါ့ စိတ်တွေကို စားသုံးလိုက်တဲ့
စာမျက်နှာဟာ accident တစ်ခုနဲ့ဆေးရုံပေါ်ရောက်နေတယ်


တံတိုင်းခြားလို့ ငိုကြွေးသံကို သွေးသွင်းစရာမလိုဘူးဆိုရင်
ပေးဆပ်ခြင်းရဲ့အလွန်မှာ စမ်းရေတွေ မီးတောက်နေခဲ့တယ်


ငါ့ကို ခြောက်တဲ့ တောမှာ ရှေးလူတွေ သေခဲ့ဖူးပြီ
အင်္ကျီတထည်ရဲ့ လုံခြုံမှု အရှက်တရားကို
တက်မက်လွန်းတဲ့ လူသားတွေ
ဗုဒ္ဓရဲ့နံရိုးတစ်ချောင်းကို ခုတုံးလုပ်ပြီ
ရာသီပျိုတိုင်းမှာ လမင်းကို အူနေကြတယ်


စိတ်တွေရဲ့ စွဲငင်အားမှာ အတ္တတွေကုတ်ဖဲ့တက်လာသလား
မျက်နှာကိုရေထဲနှစ်ပြီး သစ္စာတရားတွေ အန်ထုတ်ကြည့်စမ်းပါ


ဆံပင်မကျန်တဲ့ လမ်းတခုထဲက
စကားလုံးတွေမြှုပ်ထားတဲ့ အသိဉာဏ်ကို
လွတ်မြောက်ခြင်းအလွန်မှာ
လှောင်အိမ်တွေ စောင့်ကြိုနေကြတယ်


လေယာဉ်ပေါ်မှာ သေနတ်သံတွေကြားလား
ဒီကောင် မသေသေးဘူး
တိမ်တွေပျက်ကျသွားပြီ


စာမလိုက်နိုင်တဲ့ ခင်ဗျားရော ကျနော်ရော
ဗိုက်ပြည့်ဖို့ လေရှုနေရတယ်
အဆင့်အတန်း ချုပ်ရိုးပြတ်နဲ့
ငါ့ကို တိုင်းတာချင်ရင်
ပြတင်းတံခါးက ခုန်ချလာတဲ့
နေရောင်ခြည်ကိုဖမ်းသလိုမျိုး ရူးနေလိမ့်မယ်


မျက်နှာဖုံးတို့ရေ …
လူဖြစ်ရတာ ပင်ပန်းခြင်း
လူဖြစ်ရတာ ပင်ပန်းခဲ့ကြောင်း
လူဖြစ်ရတာ ပင်ပန်းမည်ဖြစ်ကြောင်း


မှန်ထဲမှာ စကားပြောတဲ့
မှုတ်သုန်ဆန်ဆန် မျက်ဝန်းတွေအကြောင်းကို
လူမဖြစ်သေးတဲ့ ကလေးက သစ်ရွက်ကြွေတိုင်း
လှောင်ရီနေလိမ့်အုံးမယ်


မြေပြင်မှာ မင်းကို ပြောင်းလဲဖို့
တိမ်တွေ ခိုစီးနေတဲ့ ခင်ဗျားက
နွယ်တွေလို စိတ်ကူးနေရော့ သလား


ငါကုတ်ဖဲ့တက်လာတဲ့ တံတိုင်းတစ်ခုမှာ
ဘဲကလေးက အကြောက်တရားနဲ့
တိမ်တွေမှိုင်းတဲ့ အရပ်မှာ နေရစ်ခဲ့တော့


အစစ်အမှန်မဟုတ်တဲ့ ထီးတစ်လက်အောက်မှာ
မိုးလုံဖို့ ကူးခဲ့တဲ့ စိတ်ကို
အရှင်လတ်လတ်မြေမြှုပ်ပစ်တာပဲ


သေရင် နတ်ကောင်းဖြစ်ချင်တဲ့စိတ်ကူး
သေရင် နိဗ္ဗာန်ရောက်ချင်တဲ့ စိတ်ကူးတွေလဲ
ရေကူးနေတဲ့ ပင်လယ်ထဲမှာ
အခုလောလောဆယ်
တစ္ဆေဘဝမှာ ဆုတောင်းနေရစ်တော့


ကိုးနာရီခွဲပြီ စိတ်တို့ရေ …….
အသက်ဦးပိုင်းမှာ ဖြုန်းခဲ့တဲ့ စိတ်တွေ
သဲနာရီရဲ့ နောက်ဆုံး သဲတပွင့်မှာ
ကြောက်လှန့်ခြင်းကို အဖေါ်ပြုဖို့
အမှောင်ကို ခဏငှားလာခဲ့ပါ
ငါ့ကိုယ်ငါ ခွင့်ပြုလိုက်တဲ့ တံတိုင်းပေါ်က
စိတ်ထဲကို ခုန်ချလိုက်ပြီ …. ။



nelay





Credit to original artist





No comments: