ခရမ်းရောင်တစ်ဝက်
ပန်းရောင်တစ်ဝက်ရောနှောထားသော
အိပ်မက်အကြွေ ။
ဟိုဖက်ခြမ်းမှာ
အနီရောင်နဲ့ အစိမ်းရောင်
လွမ်းလို့သေသွားတဲ့ဗွက်အိုင်လေးရှိတယ်
မကြည်မလင်ရာသီများမို့
ခြေဝင်ဆေးသွားလဲကျေနပ်နေမယ်
ငါက တံထွေးခွက်ထဲက လေပါ ...။
နင့်ခြေရာထင်ကျန်စေဖို့
ငါ့အိုင်လေး ရေမျောကမ်းတင်သွားပါစေ
တစ်ခါတစ်လေ အချစ်ဆိုတာ စာလုံးပေါင်းမမှန်ဘူး
ကိုယ့်ဒဏ်ရာကိုယ့်လျှာနဲ့ပြန်ရက်
မနေ့ညကမက်တဲ့ အိပ်မက်က အတုကြီး ... ။
ဘာဖြစ်ဖြစ်
ငါက အဆိပ်တုလဲကြိုက်တယ် ....
လျှာကြားထဲညှပ်သွားတဲ့ အစိမ်းတစ
ရင်ခုအောင် သင်္ချိုင်းလှလှလေးပေါ် ငါအူလိုက်အုံးမယ် ....
နင်ကြားရဲ့လား လမင်း ....
နင်ကြွေအောင် ငါဆုတောင်းနေတာမဟုတ်ဘူး ....။
သံယောဇဉ်ကြိုးတစ်ချောင်းနဲ့
မိုးလင်းမိုးချုပ်ညဉ့်နက်ခဲ့ဖူးတယ်
ငါ့ရင်ထဲကဒုက္ခသည်စခန်းကလည်း
နာတာရှည်ရောဂါတွေနဲ့ပြည့်နှက်လို ...။
နင့်အစိုးရအတွက်နဲ့ ငါကဒုက္ခသည်ဖြစ်ရတာ
အပျက်မကိုမွေးထုတ်နေသလိုပဲ ....
လူနာဆောင်မှာ အဆင့်အတန်းဆိုတဲ့
ခုခံအားကသိသိသာသာကိုကျ ...
ငါပြန်ထမရတော့ဘူး ....။
အဲလိုနဲ့ငါ့အဆုပ်ထဲဟိုက်ဒရိုဂျင်တွေပြည့်နှက်လို့
ခဏခဏကိုယ်ဝန်ပျက်ကျခဲ့ရ
နောက်ဆုံးတော့လည်း
အနံ့လေးတစ်စက်တစ်လေများကျန်လေမလားဆိုပြီး
မော့
မော့
ကြည့်ရတာ ............
အော် .........
ခရေ ရနံ့ဆောင်သွားတဲ့ ....
ကျီးမိုက်ကလေးတောင်
အိမ်ပြန်ချိန် မငိုတတ်တော့ဘူး .... ။
အမည်မဲ့ + nelay
1 comment:
ကဗျာလေးကောင်းတယ်။
အားပေးနေပါတယ်။
ကိုခိုင်
Post a Comment