Pages

Wednesday, October 13, 2010

မဟာအဆိပ် လမ်း






 


ဟိုး ........ ငယ်ငယ်တုန်းက
ညညဆို
ပင်လယ်ကြီးက
အဆိပ်တွေသောက်သောက်လာတယ်
အဆိပ်တွေဝါးဝါးလာတယ်
ငါ့ကို အဆိပ်ကြေတွေ ခွံ့ခွံ့ကြွေးပြီး
အဆိပ်ရနံ့တွေနဲ့ ဆုံးမရိုက်နှက်
ညပျက်ဟာ နက်နက်လာတယ်။

လပြည့်ည ...
အဆိပ် လေ ခေါင်ခေါင်မှာထားခဲ့ပြီး
ပင်လယ်ကြီးဟာ
ဟိုး ......... အဝေးကို
ခဏခဏထွက်ထွက်သွားတယ် ။

ဒီလိုနဲ့
ရေကူးတတ်တဲ့အရွယ်ရောက်တော့

မနက်မနက်ဆို
မြစ်ကျယ်ကြီးကပွက်ပွက်ဆူ ...
အဆိပ်တွေတိုက်တယ်
အဆိပ်တွေစားတယ်
အပြစ်တွေချချကြွေးပြီး
အဆိပ်တွေသောင်ထွန်းတယ်။

ငါ့ကိုပိတ်ဆို့သွားတဲ့
အဆိပ်ဒိုက်တွေ
အဲဒီမှာ ...
အဆိပ်စမ်းကလေးစီးမရတော့ဘူး ။

ဟိုး ...... နေဝင်ချိန်မှာ
အဆိပ်ရေဆန်ထဲ
ကိုယ့်ဝမ်းပေါ်ကိုယ်ရပ်ပြီးလှော်လာတဲ့လှေကလေး
ဇင်ယော်ကိုအဆိပ်ကြွေးပြီး
ဝမ်းတွင်းအဆိပ်တွေခပ်ခပ်ထုတ် ...
သူမမြှုပ်အောင်
တိုက်ပွဲဝင်အဆိပ်လွှင့်နေအုံးမယ် .... ။



nelay





No comments: