အချစ်ဆိုတာ အမှောင်
ငါဂျောင်ထဲရောက်မှ တမော့ချ
ရင်တွေပူလိုက်တာ ဟာ ....
ပြတင်းတံခါးမှာ အဆိပ်တွေဆေးပျက်
ငါလက်တချောင်းတည်းနဲ့ လတွေကြွေခဲ့
ကဝေရယ် စုန်းရယ် ဖက်တွယ်စုတ်သတ်
အိပ်မက်တွေ အစိမ်းချိုလို့မဆုံးနိုင်ခဲ့ ... ။
တလမ်းလုံး နီမြန်း လရောင်သန်းမထားဘူး
သွေးစီးချောင်းမှာ ကဝေတွေအိပ်မပျော်ခဲ့
ကလဲ့စားဆိုတဲ့ ဓါးတလက် လင်းခနဲ့ထိုးစိုက်
စုန်းတို့ပျော်ပိုက်တဲ့ ကာလတွေ ... ။
ငါပြောက်ဆုံးသွားတဲ့ အမှောင်
အချစ်ထက်လေးနက်တဲ့ အဓိပ္ပါယ်ရှိရင်
အမဲရောင်ဆိုးပြီး ငါ့ကိုသောက်သုံးဖို့
သီဝရီတွေလှန်လှော် ရှာဖွေ မင်းမတွေ့နိုင်ဘူး
အမှောင်နဲ့ကျောချင်ကပ် ငါ့အချစ်တွေ
နှစ်သက်ကြည်နူးဖွယ်ရာမြင်ကွင်း
မင်းမကြည့်တတ်သေးဘူး
ဒုက္ခိတသက်တန့်လမ်းဟာ အမြဲကြမ်းနေလျှက် . . .။
nelay
No comments:
Post a Comment