အမျိုးအမည်ခွဲမရတဲ့ ဂြိုလ်သရဖူကို
သင်ခန်းစာမကြည်လင်မှုမျိုးနဲ့
အသဲတစ်ဖက်ကားပြီးစွင့် ...
နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ
အမှောင်ညအိုကို လင်းဝေပစေတယ်။
လွန်ခဲ့သော ပစ္စုပန်များမှာ အလွမ်းမညီမျှမှုနဲ့
ပုန်းကွယ်နေတဲ့ ဦးနှောက်နတ်ဆိုးတွေ
ပထဝီမြေကိုလားရာမတူတဲ့ အာရုဏ်တက်မှာ
ငါ့ရင်ဘတ် ...
သတို့သမီးရဲ့ ဒေါက်ဖိနပ်ဆူးသွားခဲ့တယ် ...
မနှုတ်ရက်တော့ဘူး ...
မိုးမခပင်ရဲ့ အတွင်းသားမှာ ခိုတွဲနေတဲ့
ပိုးအိပ်မက်တွေ သဲကန္တာရထဲက မှော်ဆရာကိုလှမ်းခေါ်သလို
လိပ်ပြာမာယာနဲ့ ပန်းပွင့်တွေပြေးဆင်းသွားတဲ့စမ်းထဲ
ဆီးနှင်းတွေအသက်ခြွေဆုတောင်းနေရတယ်။
နှလုံးသားထဲမှာပွင့်နေတဲ့ ပန်းကလေးရယ်
ဝတ်မှုံတွေအတွက်လင်းပွင့်လှည့်ပါ ...
ဘယ်တော့မှတောက်ပမလာတဲ့ကြယ်တစ်လုံးဟာ
ကြယ်တစ်လုံးဖြစ်ခွင့်သေဆုံးခြင်းနဲ့
ပန်းကဗျာကိုရွတ်ဆိုခဲ့လေရဲ့ ... ။
nelay
yasar vurdem
No comments:
Post a Comment