မကြာသေးခင်
မခင်ကြာ က
ငါ့မျက်လုံးတစ်လုံးကို
ကိုက်ဝါးလိုက်တယ်
မြက်လုံးတွေ ကျွမ်း ....
မီးလမ်းတွေ ကျွမ်းသွားလဲ
လူတွေလောင်နေလျှက် လျှောက်နေတယ်
စွတ်ကျယ်ချွတ်လိုက်တော့
ကြယ်တွေ စွတ်ဖို့ လည်ပင်းရှည်ရတယ်
အိမ်ထဲဝင်လာမှ ဖိနပ်စင်မှာမီးလောင်တယ်
တံခါးကျွမ်းတွေ ထင်းရနံ့နဲ့ ငါ့ကိုကြို
ငါကြမ်းပြင်ပေါ်မှာမီးလောင်နေတယ်
မျက်နှာကျက်မှာ မီးလုံးတွေ ကျွမ်း
ငါ့လက်ကျန်မျက်လုံးကိုဖောက်
ကြွက်တစ်ကောင်ကို ချကြွေးခဲ့တယ်
ဘယ်သူမှ မီးအကျွမ်းတွေ ဂရုမစိုက်ဘူး
ဂရုစိုက်စရာအကျွမ်းလဲမရှိ
မကြာသေခင်က
ကျွမ်းသွားတဲ့ကမ္ဘာကို
စကြာဝဠာကြီးက ချွတ်မလဲဖြစ်ခဲ့ဘူး။
nelay
No comments:
Post a Comment