ရင်ထဲက အခိုးအငွေ့ကို လာရာ လမ်းတစ်လျှောက် အန်ချထားတယ်
ဇီဇဝါပန်းတွေဟာ အငမ်းမရ ရှုရှိုက်ရင်း တစ်ကိုယ်လုံး ဖြူစွတ်ထား
လက်နှစ်ဖက်နဲ့ ရုန်းကန် ဖယ်ရှားရင်း အမြင်အာရုံဟာ ေ၀ဝါးလို့
အရိပ်တွေဟာ အေးစက်တဲ့ ငါ့လက်ကို ဆွဲယူသွားကြတယ်
အလင်းရောင်ဟာ အရိပ်တွေနဲ့ စစ်ထုတ်လိုက်လို့ အားဖျော့နေတဲ့အကြည့်နဲ့ လင်းတယ်
လေတိုးသံထဲမှာ လေတိုးသံ လို့ တိကျတဲ့ အရသာတစ်ခုဟာ ငါ့မျက်နှာပေါ်ဝဲကျထားတယ်
ဒီနေရာမှာ နွေးထွေးချိုမြိန်ခြင်းတွေ ပြင်းပြတောက်လောင်တဲ့ မျှော်လင့်ခြင်းတွေ မရှိဘူး
ဒီအငွေ့အသက်နဲ့ ဒီကျောရိုးထဲက ဆာလောင်ခြင်းဟာ ဖြတ်သန်းသွားဖို့ပဲ
မီးတောက်မီးလျှံကို တိတ်ဆိတ်ခြင်းက ဝါးမျိုနေတဲ့ ပုံစံဟာ
တစ်ယောက်ကိုတစ်ယောက်ဖက်ထားလို့ မနွေးနိုင်ဘူး
အဲ့ဒီ့ အရေပြားတွေ ပေါ်က ရေဓါတ်မရှိတော့တဲ့ မျက်လုံးတွေ တောင်လည်မြောက်လည် လည်ကြ
စိတ်တွေနဲ့ အားယူ ပွေ့ဖက် လိုက်တဲ့အခါ ဟာ ကနဲ ဟာ သွားတဲ့ ဟင်းလင်းပြင်းတစ်ခုဟာ ….. ‘‘ဟာ’’
သူ့နာမည်ခေါ်ပြီ ကြိုဆိုလိုက်ပေမယ့် သူပါမလာတဲ့ အေးစက်ခြင်းတွေက
ဘယ်ကိုမှ ထွက်မသွားတော့မယ် ဧည့်သည်ကြီးတွေ
အမှောင်နဲ့ အလင်းကြားမှာ ထင်ထင်ရှားရှား မြင်နေရတဲ့ အမှတ်သား
ငါမင်းကို ရှုရှိုက်ခွင့် များရရင် ငါ့ အဆုတ်ထဲက ချစ်ခြင်းတရားနဲ့ အော်ခေါ်လိုက်ချင်တယ်
‘‘မြူ”

nelay