Pages

Wednesday, February 27, 2013

သက်တမ်း တိုးတဲ့ ကိစ္စ



တစ်နဲ့တစ်ပေါင်းလို့ နှစ်ရရင် ငါနဲ့ ငါပေါင်းတာ ဘာလို့ ငါ မဖြစ်ရတာလဲ
ကိုယ့် သေး နံ့ ကို ကိုယ် ပြန် မှတ်မိလိုက် သလို
သစ်ပင် အရင်းက အနံ့က ငါ့ အနံ့မဟုတ်မှန်း ငါ ပြန်ပြန် သိလိုက်တယ်
စိတ်မချမ်းသာလို့ မော့မော့ သောက်လိုက်ရတဲ့ ရထားပေါ်က အသံကို
ငါ မမြင်အောင်များ ဝှက်ထားကြသလား
အဝေးကြီးမှာ စီးမဲ့ လှေက မျော…. မျော …. မျော ….
တိတ်တိတ်ကလေးပဲ သူ့မျက်နှာပေါ်က ဆင်းခဲ့ပါတယ်
ဘယ်လို ထုဆစ်လိုက်မှန်းမသိတဲ့ ရုပ်ထုကို 
ငါ့ကိုယ်စား ငါပျော်ဖူးရုံကလေး ဖက်ထားပေးပါ
ပိုးရယ် ….. ငါ့ကိုယ်ပေါ်တက်လာတဲ့ အတွေးကို
မျိုးစေ့မမှန်တဲ့ ရထားသံခပ်ကြမ်းကြမ်း ကလေးနဲ့ 
သေး နံ့ကို များလွမ်းနေသေး သလား
လမ်းမှား မှာ ငါစောင့်လို့ ငါ မှန်မှန်ကန်ကန်လျှောက်နေပါ့မယ်
ငါ မရောက်ဖူးတဲ့ နာရီတစ်ခြမ်းအလွန်က နေ့ထူးနေ့မြတ်များမှာ
ရန်ကုန်တစ်ဝက်ကိုစားစားသွားတဲ့ နာမဝိသေသနများ ရှင်သန်နေသေးရဲ့လား
အသက်တို သွားတဲ့ စွယ်တော်ရွက်တွေရော
နေရောင် အထိမခံပဲ ဘယ်စာအုပ်ကြားမှာ ခြောက်ကုန်ကြပြီလဲ
မနက်ခင်းမှာ နေလှန်ထားတဲ့ အဝတ်တွေ
နေ့လည်ခင်းမှာ အိပ်မရတဲ့ ငှက်တွေ
ညနေဆောင်းလို့ အဝေးပြေးသွားတဲ့ လမ်းမတွေ
ဘယ်ကားနဲ့များ ငါ့ကို ခိုးပြေးသွားလို့ ဒီရောက်နေတာလဲ
ဖုန်းနံပါတ်ကို ဘယ်မိတ်ဆွေကိုမှ မပေးထားလို့ 
ငါ့နားထဲမှာ အသံမဲ့ ကပွဲတွေ အကြိမ်ကြိမ်ကျင်းပနေတယ်
မလှဘူးလား ပြဇာတ်ဆိုတာ ပြထားရုံနဲ့ ဇာတ်ဘယ်ဖြစ်လာမလဲ
နေလုံးကြီးရယ်
ရထားကြီးရယ်
လမင်းကလေးရယ်
ဘယ်တော့မှ အချိန်မကုန်တဲ့ နာရီ စုဗူးကြီးရယ်
စကားမပီတဲ့ ငါ့ကို နှင်းဆီတွေ ထပ်ပြီး မတိုက်ပါနဲ့တော့လား
မင်းသိမ်းထားတဲ့ အသိုက်ပျက်နိဒါန်းနဲ့ ဘဝပျက်နိဂုံးကို
လွှတ်တော် က ပယ်ချလိုက်လို့ သဲကြိုးကို ပြန်ပြန်ဆက်နေတာလား
ရေ များ များ သောက်ပါကွာ ဒါမှ သေး များ များ ပေါက်မှာပေါ့ ။



nelay





No comments: