Pages

Wednesday, February 27, 2013

မရိုးသား တဲ့ ကဗျာ ဆရာ



ဟ ပြသနာပဲ ငါ မရိုးသား တဲ့ ကဗျာ ဆရာ
ဒါမို့ ငါ့ ကို မရိုးသား တဲ့ ကဗျာ ဆရာလို့ ခေါ်ပါ


ဘာလို့ ဆို မရိုးသား ခြင်းဟာလဲ ခံစားချက် ပေါ်မှာ ရိုးသားခြင်းထက်
ခက်ခက်ခဲခဲ၊ နာနာကျင်ကျင် လင်းပွင့်ရလို့


ဟ ပြသနာပဲ ငါ လူနားမလည် တဲ့ ကဗျာ ဆရာ
ဒါမို့ ငါ့ ကို လူနားမလည် တဲ့ ကဗျာ ဆရာလို့ ခေါ်ပါ


ဘာလို့ ဆို လူနားမလည် ခြင်းဟာလဲ ခံစားချက် ပေါ်မှာ လူနားလည်ခြင်းထက်
ခက်ခက်ခဲခဲ၊ နာနာကျင်ကျင် လင်းပွင့်ရလို့


(ဝါ)


အသိဉာဏ် ရှိတဲ့ လူတွေ အတွက် ကျိုးပမ်း အားထုတ် မှုဆိုတာ လူဖြစ်တည်ခြင်း
လူ့ဖြစ်တည်ခြင်းမှာ စဉ်းစားတွေး ခေါ်ခြင်းမပါတဲ့ 
ကျိုးပမ်းအားထုတ်ခြင်းမပါတဲ့ ကဗျာ တစ်ပုဒ်ဟာ
လူ့အသိဉာဏ်နိမ့် ကျဖို့ အတွက် အလွယ်ကူဆုံး အနုပညာစာသား
အဆင့် အတန်းရှိတဲ့ လူနားမလည်တဲ့ ကဗျာများ မှာလဲ
ခံစားချက် နက်နက်ရှိုင်းရှိုင်းနဲ့ ပိုမို ဖွံ့ဖြိုး ကြတယ် ။


ဒါမို့ ငါ့ကို စောက်သုံးမကျတဲ့ ကဗျာ လို့ ခေါ်ပါ
စောက်သုံး မကျဖို့ အပိုပါလာတဲ့ နှလုံးသား တစ်စုံဟာလဲ
ခံစားချက် အပြည့်နဲ့ စောက်သုံး မကျ စွာ ခုန်ခုန် နေရတယ်


ကျေးဇူးပြုပြီး ငါ စောက်သုံးမကျတဲ့ ကဗျာ ~



nelay





No comments: