Pages

Thursday, May 16, 2013

အကြောင်းမပြည့်စုံလှဘူး



လေပြည် ဟာ ကျောကိုပွတ်သတ်ရုံသက်သက်နဲ့တော့ ငါ့အနားလာခဲ့တာမဟုတ်ဘူး
ငါလဲ မမေးလိုက်မိဘူးလမ်းကြုံလို့ဝင်လာ သလားလို့
ပြီးမှ စားပွဲပေါ်ကကော်ဖီခွက်ထဲ ငါ့စိတ်မကောင်းခြင်းတွေ အန်ချ
ဒါနဲ့ သူတို့တွေဘာလို့စိတ္တဇ ဂျာနယ်ဆိုပြီး မထုတ်ကြတာလဲ
ငါတော့ ဝမ်းနည်းလို့ကိုမဆုံးဘူး
အရင်ကထက် ပို ပူလာတယ် …အဲ့ဒီ့ သတင်းတွေကလဲ ငါတစ်ယောက်ထဲ ကွက်ကြားနေရသလားအောင်းမေ့ရတယ်
ဘာမှမလုပ်တတ်ပါဘူးဆိုမှ အိမ်က ‘‘အော်တိုချုပ်’’ က မလာတော့ဘူး
အရင်လိုပဲ ငါ့ကိုယ်ငါဝှက်ထားတဲ့ စွယ်တော်ရွက်ကလေးထဲ ငါပြန်ဝင်နေလိုက်မယ်
ဟော ဗြုံးဆို …ငါ့အပေါ်ရေတွေမှောက်ကျ …
ဒီနှစ်ကိုက အပြောင်းအလဲတွေ ဆက်တိုက်ပါပဲ …
၁။ လမ်းထိပ်ကကွမ်းယာဆိုင်ကလေး ပြောင်းသွားတယ်
အရင်လို ဆာလောင်တိုင်းဆေးလိပ်ထွက်ဝယ်လို့ မရတော့ဘူး
၂။ စီးနေကြ ဆိုက်ကားဆရာက ဆေးရုံတင်ရလို့ သူ့ ဆိုဒ်ကားလေးလဲ ပြောင်းသွားတယ်
အရင်လို နေပူကြောင်းမီးပျက်ကြောင်း ကလေးတွေစာမေးပွဲဖြေတဲ့ အကြောင်း ပြောလို့မရတော့ဘူး
၃။ ညနေဖက် စားနေကြထမင်းကြော်ဆိုင်ကလေးက ဘေးက အကြော်ဆိုင်နဲ့ အကြီးအကျယ်ရန်ဖြစ်ပြီးကထဲက မထွက်တာ ၃ လရှိတော့မယ် ဘယ်ပြောင်းသွားလဲ မသိဘူး
အရင်လို ငါးရာဖိုးထမင်းကြော်လေးလဲ ငတ်ပြီ …
၄။ မနက်မနက်အလုပ်သွားနေကြ ကားမှတ်တိုင်ကလေးက ပဲခူးနဲ့ဒလ လောက်ကိုပြောင်းသွားတယ်
အရင်လို ဖင်နားကပ်မှထလို့ မရတော့ဘူး အစောကြီးထနေရတယ်
နေပါအုံး အပေါ်ကစာပိုဒ်ကို ငါ့အိပ်မက်ထဲက ဗိုက်ထဲမှာ ငါ့ကိုထည့်အော်နေတဲ့ အကြောင်းအရာတွေမဟုတ်လား
မီးလောင်ရာ လေပင့် ပါပဲ….
အေး ငါက စကားပုံတွေသိပ်မုန်းတာ ….
ဒါပေမဲ့ ငါက Commercial ဆန်ဆန်ပြုံးတတ်ပါတယ်
မျက်လုံးကိုဖုံးနေတဲ့ စိတ် ကို ငါ့ဘာသာတရားနဲ့ ငါသပ်ချ
အိပ်ရေး မဝတဲ့ သတင်းတွေဂျာနယ်ထဲမှာ အမြဲ သမ်းေ၀ နေကြတယ်
မင်းနဲ့ ငါနဲ့ လမ်းမှာတွေ့ရင် ဘာကိုးကွယ်တာလဲ ဆိုတာကြီးနဲ့ ငါတော့ မနုတ်ဆက်ချင်ဘူး
ငါ့ကိုလက်ဖေ့ရည်တိုက်ပါငါက အိပ်မက်တွေ တိုက်မယ်လေ
အတတ်နိုင်ဆုံးတော့စိတ်တွေ ဖြတ်ထားပါတယ် …
နွယ်တွေကစိတ်လွန်းနေတော့ အကြောင်းမပြည့်စုံလှဘူး ။



nelay









------------------------------


MMCP Journal No. X_Edition မှာ ပါတဲ့ ကဗျာလေးပါ ။


http://www.mediafire.com/?nidr8dk9mf95cpb


ဂျာနယ် ဒေါင်းလုပ်လင့်ပါ ။





No comments: