ငါ့အလွှာ ကို ခွာ လိုက်ရင် ငါ့အတွင်းသားက အနီရောင်
ငါ့စိတ်ကို ထိခတ် လိုက်ရင် ငါ့ ဝိဉာဉ်က အနီရောင်
လူနားမလည်တဲ့ ငါ့ဂီတမှာ ငါ့ သံစဉ်က အနီရောင်
အဖြူရောင်အတွေး အခေါ်ကို ရွံမုန်းတဲ့ ငါ့ စိတ်ကူးက အနီရောင်
သေခြင်းတရားကို ရှောင်မယ့် ဘာသာတရား ကို ငါ့အနီရောင်ပုရပိုက်က လှောင်ရီတယ်
အကြောက်တရားကို တော်လှန်မဲ့ ငါ့ အလံတော်က အနီရောင်
အရူးလို့ သမှုတ်ကြတဲ့ ငါ့ခံယူချက် အနုပညာဟာ အနီရောင် ဝိဉာဉ်များနဲ့ ကခုန်တယ်
အနက်ရောင် စစ်သည်တော်နဲ့ အနီရောင် မျက်လုံးများက ငါ့ နှလုံးသားကို ဆွဲယူ စားသုံးမယ့် ပွဲတော်
ငါ့ရှု့ခင်းက အနီရောင် ငါ့ ပိတ်ကားက အနီရောင် ငါ့ဖြစ်တည်ခြင်းက အနီရောင်
ငါ့ကျက်သရေရှိလှစွာသော အနီရောင် အစုတ်အပြဲများနဲ့
ငါ့ဦးနှောက်ထဲမှာ ပျံသန်းနေတဲ့ အနီရောင် ညနဂါးများ
ငါ့စိတ်လက်နက်မှာ အနီရောင် ကဗျာကိုရွတ်လို့
ငါ့အနီရောင်ပြတိုက်ထဲမှာ ငါ့အနီရောင်စာပေကို သင်ကြားလို့
ငါ့ဇီဇဝါပန်းတွေ ပွင့်ဖူးဖို့ ငါ့ အနီရောင်ဝတ်ဆံကို သယ်ဆောင်လာမယ်
ငါ့အမြတ်နိုးဆုံး အနီရောင် သစ္စာတရားနဲ့ ငါ့အခြားတဖက်က ငါ့အနီရောင်ဝိဉာဉ်ကို
ငါ့အနီရောင်ကဗျာထဲက ငါ့အနီရောင်သံစဉ်များနဲ့ လောင်ကျွမ်း
ငါ့အနီရောင် ရယ်သံများနဲ့ ငါ့အလွှာကိုးပါးကို အနီရောင်လွှမ်းလိုက်လေရဲ့

nelay
No comments:
Post a Comment