ကိုယ့်ကိုယ် ကိုယ် အကြော်ထည့်စားနေရတဲ့ ကဗျာတွေ
ရင်ဖွင့်ရလွန်းလို့ ကြယ်သီးတွေ မလောက်တော့
အဆင့်မရှိတဲ့ စာထဲက ကဗျာကို နုတ်လိုက်ရင်
ဧပြီလမှာ မွေးတဲ့ ခွေးတွေက အမြတ်ဆုံးလို့ အူကြတယ်
ပျော်ပျော်ပါးပါးပဲ သွင်းထားတဲ့ ကြိုးကို ဖြုတ်လိုက်တော့ သွေးတွေ
သူတို့ လောက မှာ သူတို့ ဆွဲတဲ့ ဆွဲကြိုး ပေါ်က လော်ကဒ်သီးတွေ
သူတို့ လောက မှာ သူတို့ ဝတ်တဲ့ ဆင်တူ ယူနီဖောင်း ပေါ်က logo တွေ
သူတို့ လော်ကဒ်သီး အလယ်တည့်တည့်မှာက သစ္စာတရားကို ရွှေနဲ့ထွင်းထားတယ်
သူတို့ လောက မှာ သူတို့ ဝတ်တဲ့ ဆင်တူ ယူနီဖောင်း ပေါ်က logo တွေ
သူတို့ လော်ကဒ်သီး အလယ်တည့်တည့်မှာက သစ္စာတရားကို ရွှေနဲ့ထွင်းထားတယ်
ပတ်ပတ်လည်မှာ အောင်မြင်ခြင်းနဲ့ ကွတ်ထားလို့ သူတို့ကိုယ် သူတို့ ဂုဏ်ယူ မန်းမှုတ်ကြတယ်
သူတို့ ဝတ်ဆင်တဲ့ ဆင်တူ ယူနီဖောင်းပေါ်မှာ ပိုးခြည်နဲ့ ပန်းထိုးထားတဲ့ သစ္စာတရား logo ကို
အနီရောင်နဲ့ ခြယ်သ လို့ သူတို့ ရင်ဘတ်ကို သူတို့ ဂုဏ်ယူစွာ နဲ့ အစွမ်းကုန် ကော့ထားကြတယ်
ငါလဲ လေ လည် မရတဲ့ စိတ်နဲ့ ဦးနှောက်ကြီး ကို ရှိုက်သွင်းလိုက်တိုင်း High-rise Building
ငါလဲ လေ လည် မရတဲ့ စိတ်နဲ့ ဦးနှောက်ကြီး ကို ရှိုက်သွင်းလိုက်တိုင်း High-rise Building
ပေါ်က ခုန်ချ ချင်စိတ် ကြီး က ငါ့ ကို အသက်ရှု မ၀ စေဘူး ခက်တာက
ငါ တို့ ဗမာ ပြည်မှာ High-rise Building မရှိဘူး ဒါ နဲ့ ငါလဲ အခ ပေး အိမ်သာ မှာ အလုပ် နှစ်မျိုး လုပ် ခဲ့ ရတယ် အမတ်ကြီးလို တော့ အလေးပဲ သွား အပေါ့ မသွား ရလို့ ငါ့ ကိုယ်ငါ
မဖျော်ဖြေချင်ဘူး ဒါ နဲ့ ငါလဲ မပြီး ချင်ပဲ ပြီး ခဲ့ရတယ်
nelay
No comments:
Post a Comment