Pages

Sunday, September 15, 2013

မိသားစုဝါဒီ

မိသားစုဝါဒီ



မိသားစု ၀ါဒီတွေဟာ မိသားစု နဲ့မှ နွေးထွေးမှု အစစ်အမှန်လို့ သူတို့အယူအဆကို သူတို့ အစွန်းရောက်သည် အထိ ယုံကြည်ထားကြတယ် အဲ့ဒီ ယုံကြည်မှု ရဲ့ အစွန်းရောက်မှုဟာ စိတ်တွေကို ၀န်းရံပိတ်ဆို့ထားတဲ့ နံရံတွေနဲ့ အလားသဏ္ဍာန် တူတယ် မိသားစုဝါဒီတွေဟာ သူတို့မိသားစု လုံခြုံနွေးထွေးဖို့ သူတို့ဝန်းကျင်ကို တံတိုင်းတွေနဲ့ကာရံလိုက်ကြတယ် မိသားစုဝါဒီတွေရဲ့ တံတိုင်းတွေဟာ သိပ်လုံခြုံလွန်းတော့ တော်ရုံလူ အ၀င်ခံဖို့ကို သူတို့ဝါဒတွေနဲ့ ပိတ်ဆို့ကြတယ် မိသားစုဝါဒီတွေဟာ သူတို့ မိသားစု နွေးလုံခြုံဖို့ဆိုရင် ဘာမဆိုလုပ်ဖို့ အသင့်ပဲ မိသားစုဝါဒီတွေဟာ မိသားစုမထူထောင်ကြသူတွေကိုလဲ သူတို့ ရန်သူလို အဆင့်မတူသလို သဘောထားကြတယ် မိသားစုဝါဒီတွေဟာ သူတို့ လူတွေပဲဖြစ်တယ်ဆိုတာကိုမေ့လျော့နေကြတယ် မိသားစုဝါဒီတွေဟာ တစ်နေ့တစ်နေ့ သူတို့ တံတိုင်းကို မြင့်သထက်မြင့်အောင်ဆောက်လုပ်ဖို့ပဲ သူတို့ အစွန်းရောက်ကြတယ် မိသားစုဝါဒီတွေဟာ သူတို့ဝါဒီတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အချင်းချင်း ယိုင်းပင်းကြတယ် မိသားစုဝါဒီမဟုတ်တဲ့ သူတွေကိုတော့ သူတို့ရဲ့ကျေးကျွန်အဖြစ် တစ်သက်လုံးထားဖို့ ၀န်မလေးကြဘူး မိသားစုဝါဒီတွေဟာ သူတို့ဆောက်လုပ်ခဲ့တဲ့ တံတိုင်းတွေ မြင့်လာလို့ အရိပ်ကျလာတဲ့အခါ တံတိုင်းအတွင်းထဲက မိသားစုဝါဒီတွေ တစ်ယောက်ကို တစ်ယောက် မမြင်ကြရတော့ဘူး မိသားစုဝါဒီတွေဟာ တစ်ယောက်ကိုတစ်ယောက် တိုက်မိကြရတယ် မိသားစုဝါဒီတွေဟာ သူတို့ တံတိုင်းကြီး မပြိုလဲဖို့ မိသားစုဝါဒီအချင်းချင်း စုစည်းကြတယ် မိသားစုဝါဒီတွေဟာ လွတ်လပ်သူတွေကို အမြင်မကြည်ကြဘူး မိသားစုဝါဒီတွေဟာ သူတို့ တံတိုင်းဆောက်လုပ်နိုင်တာကိုပဲ သူတို့ မိသားစုဝါဒီအသိုင်းအ၀ိုင်းထဲမှာ ဂုဏ်ယူဝင့်ကြွားစွာ ပြော ဆိုကြတယ် မိသားစုဝါဒီတွေ ပြောတဲ့ စကားတွေဟာ သိပ်ကြီးလွန်းလို့ နောက်ထပ် တံတိုင်းတွေတောင် ဆောက်လုပ်လို့ရတယ် မိသားစုဝါဒီတွေ မိသားစုဝါဒီဖြစ်လာတာကြာလာတော့ လွတ်လပ်သူတွေရဲ့ အိပ်မက်ကိုမေ့ထားကြတယ် မိသားစုဝါဒီတွေရဲ့ အဓိက ချို့ယွင်းချက်က သူတို့ဟာ မိသားစုဝါဒီတွေ ဖြစ်နေကြတာပဲ မိသားစုဝါဒီတွေဟာ သူတို့ မိသားစုဝါဒီတွေ လုံခြုံနွေးထွေးဖို့ အလုပ်လုပ်နေကြရင်း တစ်ချိန်က သူတို့ဟာ လွတ်လပ်သူတွေ ဖြစ်ခဲ့တယ်ဆိုတာကို မေ့သွားကြလေရဲ့ 


nelay

No comments: