Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Monday, March 8, 2010

တစ်ယောက်တည်းစကားပြောခြင်း ~နေမျိုး~



မြို့ကြီးရဲ့သွေးတွေ အကုန်စုပ်ယူမယ့် ကြမ်းပိုးတစ်ကောင်
ကျနော် ဖမ်းမိခဲ့တယ်၊ အိပ်ရာထဲမှာ
ဘုံဘိုင်က ရေမလာဘူး (တစ်နှစ်ကျော်ပြီ)
သူမက ကျနော်ကို လွမ်းပြီးမငိုဘူး (တစ်နှစ်ကျော်ပြီ)
ညစာစားဖို့ အကြောင်းကြားတဲ့သံကြိုးစာဝင်လာတယ်
ဗာဒံပင်က သူချုပ်တည်းထားခဲ့သမျှကို တစ်ရွက်ပြီးတစ်ရွက် ခြွေချလို့
မရေးရသေးတဲ့ ဝတ္ထု ထဲက ဇာတ်ကောင်တွေ စကားပြောနေကြ
''ဒါဆို . . . လူကြီးမင်းက ကျနော့်အဖေပေါ့၊ တွေ့ရတာဝမ်းသာပါတယ်'' တဲ့
ကျနော်တို့ မုန်တိုင်းကို လေညင်းဖြစ်အောင် ခွဲစိတ်အောင်မြင်ခဲ့ကြပြီ
အစီရင်ခံစာတစ်စောင်မှာ ဖတ်ရတယ်
အဝေးမှာ ကြယ်တွေအူနေကြရဲ့
ကျနော်လည်ချောင်းတွေ ယားလာတယ်မိတ်ဆွေ
ဆင်တစ်ကောင်ကို ဘယ်မြွေမှ ကုန်အောင်မျိုနိုင်မှာမဟုတ်ဘူးလို့
ကျနော့်ကို ပြောပြနေတာလား အာဖရိက
ဧပြီလပြီးရင် ဧပြီလမလာဘူး
မစတာဂျွန် (ဝမ်းနည်းပါတယ်) မင်းကို ငါမသိဘူး
ကျနော် ငတ်မွတ်ခဲ့ဖူးပုံကို အရသာရှိရှိပြန်ပြောနိုင်ပါပြီ
ဒိုင်ယာရီထဲမှာ အချက်ပေးခေါင်းလောင်းတွေမြည်ကြ
ငွေစကူတွေဆီက အနံ့တထောင်းထောင်းရနေပေါ့
ကျနော့်မှာ ငွေစကူမရှိ
စီးကရက်တစ်လိပ်ကို မီးညှိပြီး ငြင်းပယ်ဖို့ ကြိုးစားကြည့်မိပြန်ပေါ့
ငြိမ်သက်ခြင်းဟာ ဇာတ်ညွှန်းနှစ်ခုကို
တစ်ပြိုင်တည်းသရုပ်ဆောင်ရာရောက်သတဲ့
ပျောက်ဆုံးသွားတဲ့ဖခင်တွေအတွက် သင်္ဘောတစ်စီး ထွက်ခွာခဲ့ပါပြီ
ပျောက်ဆုံးသွားတဲ့ သင်္ဘောတစ်စီးအတွက် ရေငုပ်သမားတွေ ထွက်ခွာခဲ့ပါပြီ
ပျောက်ဆုံးသွားတဲ့ ရေငုပ်သမားတွေအတွက် လင်းပိုင်များထွက်ခွာခဲ့ပါပြီ
ရောမမြို့ကြီး နှင်းတွေထဲမှာ ငြိမ်တိတ်နေချိန်
ကျနော်ဟာ တယောတစ်လက်ထိုးနေခဲ့တယ်။



နေမျိုး






မိမိကိုယ်ကို ဖျော်ဖြေတင်ဆက်မှု ~နေမျိုး~



သူဟာ
ဆိတ်အုပ်တွေကို နေ့စဉ်ကျောင်းခဲ့တယ်
နောက်တော့
နှစ်ကာလတွေကို သူ့ရင်ဘတ်ထဲမှာကျောင်းခဲ့တယ်
ပြီးတော့
စာရွက်တွေကို စကားလုံးတွေပေါ်မှာ ကျောင်းခဲ့သပေါ့
သူဟာ
မိန်းမတွေကို တစ်ယောက်ပြီးတစ်ယောက် ချစ်ခဲ့တယ်
အင်း . . . စကားလုံးတွေကိုလည်း သူချစ်ခဲ့တာပါပဲ
''ထွီ'' ဆိုတဲ့စကားလုံးနဲ့ ''ဒေဝီ'' ဆိုတဲ့ မိန်းမကိုအချစ်ဆုံးတဲ့
ဘီယာလှည်းကြီး တအီအီမောင်းနေတယ်
ဘယ်မှာရပ်ရမလဲဆိုတာ မသိဘူး
သူက
သူ့ဂေဟာရှေ့မှာ ရပ်ခိုင်းလိုက်ရဲ့
လူ့အလိုကို နတ်မလိုက်နိုင်ဘူးဆိုပေမယ့်
နတ်တွေအလိုကို သူလိုက်ခဲ့ပါတယ်
သူဟာ
ကမာစစ်ကြီးများအကြောင်းကို ဖတ်ရူပြီးငိုကြွေးခဲ့တယ်
ချာလီချက်ပလင်အတုပတိကို ဖတ်ပြီးတော့လည်း ငိုကြွေးတာပဲ
ရှိသမျှပြောင်အောင်ရူံးတဲ့ ဖဲဝိုင်းမှာ သူဟာတေးသီရဲ့
'ဘာမှမရှိတော့ဘူး . . . ဘာမှ မရှိတော့ဘူး . . . ' တဲ့
သူဟာ
ဧကရာဇ်ကြီးများဆီကိုစာရေးပြီး ညစာစားဖို့ ဖိတ်ကြားတတ်တယ်
တဆက်တည်းမှာပဲ သူ ညစာမစားရသေးကြောင်းလည်း ဖော်ပြတတ်ရဲ့
ဒါပေမယ့်လည်း သူ့စာတွေက စာတိုက်ပုံးထဲမှာ ဆွေးမြည့်သွားမြဲ
အသင့်တွေးခေါ်ပြီး ဘဝအဓိပာယ်များလိုသလောက်ရပြီ
သူဟာ . . . စီးပွားရေးဘက်ကို အဲသလို ခြေဦးလှည့်ခဲ့တယ်
ဘယ်လိုပြောရမလဲ . . . ကံနည်းတယ်
မော်ဒန်ကဗျာနဲ့အတူ နားမလည်ခြင်းတွေ ခေတ်စားလာတယ်
ဘုံပြသနာတွေအပေါ်မှာ သူဟာ အမြဲစိတ်ဝင်စားနေဆဲ
လူဝကြီးတွေရဲ့အိမ်ကို သူအလွတ်ကျက်မှတ်ထားတတ်တယ်
မိမိကိုယ်ကို ယုံကြည်ရခြင်းဟာ အကောင်းမွန်ဆုံးအရသာတဲ့
သေချာစွာပြောလေတယ်
ချိုမြိန်သောပြစ်ဒဏ်ဆိုတဲ့ပြဇာတ်မှာ
သူကိုယ်တိုင်ပါဝင်ကပြ အသုံးတော်ခံခဲ့ပါတယ်
ဒီလိုနဲ့ . . .
လူတစ်ယောက်ဟာ စာအုပ်တစ်အုပ်ဖြစ်ခဲ့ပြီး
စာအုပ်တစ်အုပ်ဟာ မြို့တစ်မြို့ဖြစ်ကာ
မြို့တစ်မြို့ဟာ ဆူပါနိုဗာ တစ်ခုဖြစ်ခဲ့လေတယ်။


နေမျိုး


ဆူပါနိုဗာ = ကြယ်ပေါက်ကွဲမှု၊ ကြယ်သစ်မွေးဖွားခြင်း



-----------------------------------




ကဗျာမရေးနိုင်တဲ့ကာလတွေမှာ ကဗျာလိုက်ဖတ်ဖြစ်တယ်
သိပ်ကြိုက်ခဲ့တဲ့ကဗျာတွေကို ကဗျာချစ်သူတွေဆီ
ငါ့သွေးကြောတွေကို ဖောက်ထုတ်ကာမျှဝေတယ် . . .
မင်းပြုံးနေရင် တော်ပါပြီ . . .





Sunday, March 7, 2010

ခရေမှတ်စု




………………
…….
……………..
……..

ရွာကျနေတဲ့ အမှောင်တွေကို ဖြေးဖြေးရှုရှိက် ပုံတူညများစွာကို ဖြတ်သန်းလာခဲ့တယ်။
လမ်းမထက်က စိတ်စွတ်ကြောင်းမှာ … ငါ့စိတ်တွေ ငါဒရွတ်တိုက်ဆွဲလာခဲ့တာ မာကျူရီမီးရောင်အောက်မှာ အထင်းသား။


‘‘အမျိုးသားပြန်လည်သန်စွမ်းရေး’’ ဆိုင်းဘုတ်ကိုမြင်မှ … လမ်းတွေအတော်ပြောက်ခဲ့တာကို မေ့ထားတာ ပြန်သတိရလာတယ်။ ငါ့ကိုယ်ပေါ်တစ်ဝက် လမ်းမထက်မှာ ပုံလျှက်တစ်ဝက်ဖြစ်နေတဲ့ စိတ်က မှိုန်လျှော့အားနည်းနေတဲ့ မျက်လုံးနဲ့ ငါ့ကိုကြည့်တယ်။ ပြီးတော့ ဆိုင်းဘုတ်ကိုကြည့်တယ်။
သူ့ပါးစပ်က စကားလုံးတလုံး ထွက်ကျလာတယ်။ အမှောင်တွေရောထားတဲ့လေပြေတွေကြားထဲက ကျွန်တော်တယောက်သာ သူ့ပြောတဲ့ စကားလုံးကို ပီပီသသကြားလိုက်ရတယ် … ။

‘‘အစနှင့်အဆုံး’’


သူဟာ ပန်းတစ်ပွင့်ဆိုလျှင် ပန်းတစ်ပွင့်မဟုတ်တာပိုသေချာသွားခဲ့တယ်။ ပန်းဟန်ဆောင်ထားတဲ့ စိတ်ခရေပွင့်တွေဆို ပိုမှန်လိမ့်မယ်။ ဒီနေရာမှာ စန္ဒာယား သံကို ထည့်လိုက်ရင်ပိုကောင်းလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တင်စားတော့မဲ့ စကားလုံးတွေက မလုံလောက်တော့လို့ပါ။ အနုပညာရဲ့ အမြင့်မားဆုံး ဂီတထဲက ဘယ်တူရိယာမှယှဉ်လို့မရတဲ့ စန္ဒာယား သံနဲ့ဆို အနည်းငယ်လုံလောက်သွားလိမ့်မယ် … ။ မိန်းမတိုင်းဟာ မိခင်ဖြစ်မလာခဲ့ပေမဲ့ မိခင်မေတ္တာဟာ မိန်းမတွေမှာပဲရှိတယ်ဆိုတာ …

ကျွန်တော် တယောတစ်လက်ကို ကောက်ကိုင်လိုက်တယ်။ ကျွန်တော်တယော မထိုးတတ်ခဲ့ပါဘူး ။
(သွားရောင်းစားမလို့)

မိဘတိုင်းက သားသမီးအပေါ် အရမ်းမျှော်လင့်ထားတယ်လို့ တချို့ကပြောတယ် ။ တချို့က သားသမီးတွေက မိဘတွေအပေါ် အရမ်းမျှော်လင့်ထားတယ်လို့ပြောတယ်။ မိသားစုဘဝဆိုတာ မျှော်လင့်တာတွေကို ဖြစ်လာဖို့ ပေါင်းစုဖြစ်တည်ထားတဲ့ မိုးတွင်းကာလ ကောက်ရိုးအသိုက်ကလေးပါပဲ ။ အမြဲပြုစုပျိုးထောင်ဖို့ ကောက်ရိုးမျှင်ကလေးတွေတော့လိုတာပေါ့။ ကျွန်တော်လေ ကျွန်တော်ဟာ ကျွန်တော်မဟုတ်ဘူးဆိုတဲ့အကြောင်းကို မိတ်ဆွေတွေ သူငယ်ချင်းတွေကို ပြောပြချင်တယ်။ ကျွန်တော်မပြောဖြစ်ခဲ့ပါဘူး။
(အသံဝင်နေလို့)

ကျွန်တော် သက်တန့်မှတ်စု တစ်ခု လက်ဆောင်ရခဲ့တယ်။ အမည်နာမ အမျိုးမျိုးခေါ်ဝေါ်တဲ့ မိန်းကလေးတစ်ယောက်ဆီကပေါ့ ။
(ခွေး မ ဝက် မ)

အဲဒီ့မှတ်စု စာအုပ်ကလေးထဲမှာ ကျွန်တော်ဟာ ကျွန်တော်မဟုတ်ဘူးဆိုတဲ့အကြောင်းကို ပြောပြနိုင်ခဲ့တယ်။ ကျွန်တော် ဘဝမှာ ရှင်းလင်းလတ်ဆတ်သွားလိုက်တာ မြက်ခင်းတွေ သူတို့ကိုယ်ပေါ်က နှင်းခက်တွေကို ခါထုတ်လိုက်သလိုပါပဲ … ။ ဘယ်သူမှမသိကြဘူး ။
(ဘယ်သိမလဲ)
...

ခွေးတစ်ကောင် စွဲစွဲငင်ငင် အူ လိုက်တာကိုပဲ အမှောင်အတွက် သိပ်လိုက်ဖက်တဲ့ ဂီတတစ်မျိုးလားလို့ လမ်းပေါ်က စိတ်ကိုကျွန်တော်မေးကြည့်တယ်။ သူက တိတ်နေတယ်။ ဘာမှပြောစရာ စကားမရှိတော့လို့လား။ မပြောချင်တာလား။ ကျွန်တော်ပြန်မမေးမိပါဘူး။ တခါတလေ လူဆိုတာထက် စိတ်ဆိုတဲ့ သတ္တဝါတွေက ဆွံ့အမှုံတေနေကြတာ မဟုတ်လား။ နောက်အနည်းငယ်ကြာတော့ ကျွန်တော်သတိထားမိတယ်။ ကျွန်တော်လမ်းလျှောက်နေတာလား ခရီးတော့အတော်ပေါက်လာခဲ့တယ် ဒါပေမဲ့ ကျွန်တော့်စိတ်ထဲရပ်နေတယ်လို့ပဲထင်နေခဲ့တာ နောက်မှသေချာကျွန်တော်သိလိုက်ရတယ် ။ ကျွန်တော် အသေအချာကို ဒီနေရာမှာရပ်နေခဲ့တာပါ။ ကျွန်တော့်ခြေထောက်အောက်ကလမ်းတွေက သူ့အလိုလိုရွေ့နေကြတာလေ။ ကျွန်တော့်ကို လမ်းတွေက လမ်းလျှောက်ရင်း ခရီးဖေါက်ခဲ့ကြတာပေါ့။
(ကျွန်တော်က ခြောက်လမ်းသွားကြီးပါ)

အမှန်တော့ ကျွန်တော်တို့ မွေးကထဲက ရပ်နေခဲ့ကြတာပါ။ လမ်းတွေက ရွေ့နေ ကမ္ဘာကြီးက လည်နေတာကိုသတိမထားမိတော့ပဲ ကျွန်တော်တို့လမ်းလျှောက်တယ်လို့ပဲ လူတွေထင်နေခဲ့ကြတာလေ။ ကျွန်တော် ငိုကြွေးခဲ့တယ် ကျွန်တော့်မျက်လုံးတွေမဟုတ်ပါဘူး။ မျက်ရည်တွေမဟုတ်ပါဘူး။ ကျွန်တော့် စိတ်တွေ ….

 သွေ့ခြောက်သွားတဲ့ သူမ မျက်ရည်တွေသာ ရနံ့ရှိမယ်ဆိုရင် ခရေ ရနံ့ရမလား ဒါဆို ကျွန်တော် ရင်ဘတ်အောက်က ဥတုပျိုလေးထဲမှာ ဖန်ကြုပ်လေးနဲ့ ရနံ့တွေ ဖမ်းလှောင်သိမ်းထားလိုက်မယ်။ မငိုပါနဲ့တော့ကွာ မင်းသောက ကိုဘေးလူတစ်ယောက်က မျက်ရည်တွေနဲ့အားပေးနေလို့လဲ အပိုပါပဲ။ သောကကို ကျွန်တော်တို့ သိမ်းထုတ်မေ့ပျောက်ဖို့ အသင့်ဖြစ်ရင် အားယူပျံတက်လာမဲ့ မနက်ခင်းနေရောင်တွေနဲ့ ဘဝမှာ ပျော်ရွှင်မှုတွေရှိလာအုံးမဲ့ မျှော်လင့်ချက်နဲ့ ရွက်လွှင့်နေကြအုံးမယ်။

Middle in no where

ဘယ်မှန်းမသိတဲ့ အလယ်ခေါင်တည့်တည့်မှာ ကျွန်တော်ရောက်နေတယ်။ သေချာလား ကျွန်တော်ရောက်နေတာ ။ ဘာကိုမှမရှိတော့တဲ့ ပစ္စုပန်အခွံသက်သက်ကြီးသာ ပိုင်ဆိုင်မှုကို ပုံသဏာန်အမျိုးမျိုးနဲ့ ဖွဲ့အိမ်ထားကြ။



nelay





'' မြက်သေ ''



မြက်ခင်းကျယ်ကြီးပေါ်လှဲ အိပ်ယုံနဲ့ ကောင်းကင်ကြီးကိုကြည့်လို့ရရင်
ငါတော့အပြီးအပိုင် မြက်ခင်းပဲဖြစ်ချင်တော့တယ် ......

လောကသစ္စာ ကျမ်းသစ္စာ အရာရာနဲ့ ငါ့ကိုချုပ်လုပ်ချင်တယ်ပေါ့
ဇကောရဲ့အစွန်းတဖက်မှာ ငါလိမ့်ပေမဲ့ အတ္တနဲ့အပြီးအပိုင်မံထားတယ်
ဟန်ဆောင်ခြင်းအတတ်ကို ငါတတ်ပေမဲ့ ငါ့မျက်နှာမှာအဖုံးမပါဘူး
ရိုးအီစရာ ဖြစ်စဉ်ကြီးကိုနေ့တိုင်ပြုလုပ်နေကြတာ ဘာလို့ရီပြနေရတာလဲ
တိုက်ပေါ်ကခုန်ချသွားတဲ့ ငါ့ချစ်သူအတွက် ငါဝမ်းနည်းရမှာလား
အလကားပါ သေနတ်နဲ့ နထင်ကိုတေ့ပြီးမှ သေနတ်မပစ်တတ်တဲ့ ကောင်လေ
စိတ်ရှုးပေါက်တဲ့ စကားတွေဆိုတာ အမှန်တရားကဆင်းသက်လာတာ သူတို့သိပုံမရဘူး
ရေတစ်ဘူးတော့ကုန်အောင်သောက်နိုင်မယ်ထင်ပါတယ်။

ငါ့ကိုယ်ငါမြက်ခင်းဖြစ်ဖို့ကြိုးစားတာ ဒါပါနဲ့ဆို ၉နှစ် ...
ဘဝဖြစ်တည်မှုရဲ့ အကြောင်းတွေငါ့ကိုကောင်းကောင်းထောင်းခြေပြီပြီ
မလွမ်းလောက်တော့တဲ့ သန္ဓေအကြောင်းကို ငါ့ပါးစပ်မှာပေါင်းပြီးမပြောပါရစေနဲ့တော့
တသက်လုံးလိုချင်လို့မဆုံးနိုင်တဲ့ အတ္တတွေဘယ်တော့မှကွာကျနိုင်မှာတဲ့လဲ
မြေမြုပ်ဖို့ ပေါက်တူးတလက်ကို အရင်တူးရှာရအုံးမယ် .....
ပိုးစုန်းကြူးလောက်မှ လင်းအားမရှိတော့တဲ့ ဘဝကို အပြီးသတ်လိုက်ဖို့
နံနက်ခင်းလှောင်ရီသံတွေကို ကြောက်နေရတုန်းပဲ ...။

နောက်ဆုံး ... ဖိနပ်ကိုဖွဖွချွတ် ဘောင်ဘီးကိုတိုတိုခေါက်ပြီး တလှမ်းချင်းငါဆင်းသွားလိုက်တယ်
အင်းယားရဲ့ခြေရင်းဆိုတာ ဒါပဲလား ဘာမှသိပ်ထူးထူးဆန်းဆန်းကြီးတော့မဟုတ်ပါဘူးလေ ....
သိပ်လှတယ်ဆိုတဲ့ အင်းယားအပေါ်ပိုင်းတွေလဲ ပါးစပ်ဆော့ပြီး လှနေကြတာနေမှာ ....
စပယ်ယာတယောက်ပြောသလိုပေါ့ ဘဝဆိုတာ ရှင်သန်ခြင်းလမ်းမများတဲ့
ငါကတော့ လမ်းမလျှောက်နိုင်တဲ့သူဆိုတော့ ဘဝကိုမရှင်သန်ချင်ဘူး
အဆုံးသတ်ကိုကြိုသိရက်နဲ့ ပြောနေကြတာ အကျိုးရှိဖို့အတွက်လား ဘယ်သူ့အတွက်လဲ
ကိုယ့်အတွက်ကိုယ်လုပ်နေကြတာပဲလေ .... ဒါဆိုဘာလို့ အဆုံးသတ်မှာကြောက်နေတာလဲ
အားလုံးနီးပါးက ကိုယ်ဖက်ကိုယ်ရပ်ပြီး စာအုပ်ဖတ်နေကြတာပဲ
လောကကြီးကိုတခုခုပေးဆပ်ဖို့တဲ့လား ... လောကကြီးက ဘာတခုမှမလိုချင်တာ မသိကြဘူး ...
လောကကြီးကဘာကိုမှမလိုတော့ဘူး ... ။
ဒါနဲ့များ နောက်ဘဝကူးကောင်းအောင် ဆုတွေတောင်းနေကြသေးတယ်
နောက်တကြိမ်လူပြန်ဖြစ်မှာမရှက်ဘူးလား ... မသေချာမှုတွေကို စွဲပြီးသေနေကြရတာပဲလေ . . .
ငါတို့မျှော်လင့်တာ ဒီလို ရှင်သန်ခြင်းတွေလား .....

ဟန်ဆောင်ကောင်းတဲ့လူ့လောကကြီးရေ ....
နင့်အိမ်ရှေ့ကမြက်ခင်းစိမ်းစိမ်းပေါ်မှာ ငါချီးစိမ်းစိမ်းတွေတအားပန်းနေပြီးလေ ....
ငါဟာအစွမ်းကုန်အော်ငိုနေတယ်ဆိုတာ နင်မသိဟန်ဆောင်နေနိုင်လိုက်တာ ......
ဘလိုင်းဂျန်နရေးရှင်း ရဲ့အမှုံအမွှားလေးထဲမှာလဲ ငါကိုယ်တိုင်ပါဝင်ခဲ့တယ်ဆိုတာ
ဂဏာန်းကြီးတွေရှေ့က သုညကြီးကြီးခေါင်းဆောင်မှုတွေ လစ်လျှူရှုထားရက်နိုင်လိုက်တာ ....
ငါဟာအစွမ်းကုန်ရွံ့စရာကောင်းနေပြီး မဟုတ်လား .....

လူတွေဟာသေဖို့ဘာလို့ဟန်ဆောင်နေကြရတာလဲ စောစောသေတာနဲ့ နောက်ကျသေတာပဲကွာတယ် ...
မြက်ခင်းဖြစ်ချင်တဲ့ ဆန္ဒတွေ ငါ့တကိုယ်လုံးကုတ်ဖဲ့တက်လာလိုက်တာ လုံးလုံးကိုနီရဲနေတာငါတွေ့တယ်
ငါဖြစ်ချင်တဲ့ မြက်ခင်းတွေငါ့အပေါ် ရဲတင်းစွာဖုန်းအုပ်လိုက်တာလေ ....
ရေခဲရိုက်ပြီးသာ ညီညူးမှုတွေနဲ့ ငါ့ကိုငါပြည့်ကြပ်အောင် အလုံပိတ်လိုက်ကြတာ
ဟန်ဆောင်ယုံကြည်မှုတွေက ငါ့နံရံနဲ့ကပ်လျှက်မှာ နေ သာနေလိုက်တာ ... ငါကိုမသိတဲ့အတိုင်းပဲ ...
တစ်ရွက်ကြွေပြီးရင်တော့ နောက်ရွက်သစ်တွေဆက်တိုက်ထွက်လာအုံးမှာပါပဲ
ခြေရာတခုရဲ့ အဆုံးဟာ ခြေရာတခုရဲ့အစပါပဲ .... နောက်နေ့တခုရဲ့ နံနက်ခင်းတွေဟာ မနေ့ကလိုပါပဲ .... ။
ဒါပေမဲ့ အတိတ်ရဲ့ကြွေအံကိုတော့ ဒီနေ့ပြန်ခေါက်ချင်လို့ဘယ်ရတော့မလဲ .... သေခြင်းတရားက Ctrl + Z ပြန်လုပ်လို့မရဘူးလေ .... ။
ဘုရားသခင်ကတရားမျှတလား
ကိုယ်ကျင့်အဘိဓမ္မာ ကရောလူတွေတကယ်လိုက်နာနိုင်လို့လား
ကံဆိုတာကရော အလေးချိန်ညီရဲ့လား
မေတ္တာတရားဆိုတာကရော ဘယ်လောက်ထိစိတ်ချမ်းမြေ့မှုပေးသလဲ
လူ့ဘဝဆိုတာ အဖြူအမဲတွေနဲ့ဖွဲ့စည်းထားတာလား
ဘာသာတရားရဲ့အဆုံးသတ်ကရော အေးငြိမ်းစွာ သေတတ်ဖို့လား
နင်ဒို့ကို ငါဟန်ဆောင်ခေါင်းငြိမ့်ပြမနေချင်တော့ဘူး လူတွေဘာကြောင့်အသက်ရှင်ချင်သလဲဆိုတဲ့အကြောင်းကို
နင်ဒို့မေ့ထားသလို ငါမမေ့ထားနိုင်ဘူး ....
''မနက်ဖြန်တော့ငါမသေလောက်သေးပါဘူး ဟာ''
မနက်ဖြန်တွေသေချာချာရှိနေလိမ့်မယ်လို့ နင်ဒို့ယုံကြည်သလို ငါမယုံကြည်နိုင်ဘူး ....
လောဘတွေဆက်တိုက် တိုက်ခိုက်နေသလိုမျိုး ငါဆက်မတိုက်ခိုက်ချင်တော့ဘူး
ငါအမှန်တကယ်ဖြစ်ချင်နေတာက
သံယောဇဉ်ရှိဖို့ မဟုတ်ဘူး
တရားတော်တွေမဟုတ်ဘူး
ကိုယ်ကျင့်အဘိဓမ္မာ မဟုတ်ဘူး
စည်းဇိမ် မဟုတ်ဘူး
စားသောက်စရာတွေမဟုတ်ဘူး
ဇိမ်ခံအရာအစုံအလင်နဲ့မဟုတ်ဘူး
အောင်မြင်ကျော်ကြားဖို့မဟုတ်ဘူး
ဖီးလိမ်ပြင်ဆင်ပြီး သေဖို့လဲမဟုတ်ဘူး
ဟန်ဆောင်အပြုံးတွေနဲ့ ငါ့ကိုသနားဖို့လဲမဟုတ်ဘူး
အခုချိန်မှာ .....
ငါ့ကိုယ်မှာရှိနေတဲ့ အသွေးအသားတွေ စိတ်ကူးတွေကို မြက်ခင်းထဲမြေမြုပ်လိုက်ဖို့ပဲ
ခြည်နှောင်တင်းကြပ်မှုတွေနဲ့ အသက်ဆက်မရှင်ချင်တော့လို့ပါ
ဟန်ဆောင်လိမ်ညာမနေချင်တော့လို့ပါ
ပူလောင်ခြင်းနေရောင်အောက်မှာမနေချင်တော့လို့ပါ
ငါ့မျက်ရည် ငါ့ဟန်ဆောင်မှုကိုမထိန်းချုပ်နိုင်သလို
ငါ့မြက်ခင်းဖြစ်ချင်စိတ်ကို မတားစီးနိုင်တော့လို့ပါ
ငါ့အတိတ်ကိုကြည့်ပြီး ငါကြေကွဲမနေချင်တော့လို့ပါ
ပေါက်ကွဲတော့မဲ့ အနူမြူပေါင်းအိုးကို ငါ့ကုတင်အောက်ထဲဆွဲသွင်းပြီး
နံရံမှာထွန်းထားတဲ့ ခပ်မှိုန်မှိုန် ဖယောင်းတိုင်မီးတွေအားလုံး မှိတ်ပြစ်လိုက်ဖို့ပဲ
အမှန်တကယ်လိုအပ်နေတာ .... ။

မြက်ခင်းကျယ်ကြီးပေါ်လှဲ အိပ်ယုံနဲ့ ကောင်းကင်ကြီးကိုကြည့်လို့ရရင်
ငါတော့အပြီးအပိုင် မြက်ခင်းပဲဖြစ်ချင်တော့တယ် ......  



nelay










Saturday, February 27, 2010

အကျ စိမ်း ကျ



ကြိုးဆွဲရာနောက် လိုက်ကနေတဲ့ စက္ကူစွန်
မာလကာပင်ပေါ် နားနေတဲ့ စက္ကူစွန်
ငါက ဘာကို ကြိုးပြတ်ခဲ့တာလဲ ...
သစ်ခြောက်ပင်ကို ခြည်ထားတဲ့ကြိုး
အစိမ်းပြတ်ကြိုးမှာ ငါ့လမ်းတွေ ပေါက်ခဲ့ ပျက်ခဲ့


မညီညာတဲ့ တံခါးနှစ်ချပ်မို့ ပိတ်မရဘူး
မုန်တိုင်းတွေ ဝင်လာစမ်းပါ
လက်အုပ်ချီပြီး ငါ့ကို သတ်ကြ ... ။
လှောင်အိမ်ထဲက မိုးခေါင်မျက်ရည်များကို
ငါ့နှလုံးသားတွေ သွေးထွက်ဝေဖူးအောင် ကြည့်နေရတယ်


ဘဝရေ ............ ဘယ်တော့ ဆုံးမှာလဲ .
ခြံစည်းရိုးထဲက လွတ်မြောက်ခွင့်ပေးပါ


လေးဘီးကားတွေ မရပ်ရ .


ငါ့နယ်မြေထဲ သူမဝင်လာတုန်းက ဘုရားလိုကိုးကွယ်ခဲ့
သူမနယ်မြေထဲမှာ ငါက ကျူးကျော်သူ နတ်ဆိုး
နားရည်ဝနေတဲ့ ဂီတသံမှာ အချိန်ဖြစ်ကြောင်းဟာ
နယ်လွန်အိပ်မက်နဲ့ တရေးနိုး
ငါ့ကို ခါးရက်လေခြင်း
အစိမ်းဖူးလေး ... စကားပြောစဉ်က ငါချိုခဲ့သလား
သော့ ..... သော့ .... သော့ .....
သော့ရေ ...........
ငါ့ကို အပိတ်မှားခဲ့တဲ့ ရာသီ


ကုန်လွန်သွားတဲ့ မျက်နှာကျက်မှာ မီးစိမ်းအိမ်ကလေး
လင်း ....
လင်း ....
လင်း ..........................
..... ။
ကြယ်စင်မြစ်ဝှမ်းရေ .....................
ငါ့ဘေးမှာ ဘာလို့ ငိုနေတာလဲ ..................... ။



nelay





Tuesday, February 23, 2010

ဥယျာဉ် ထဲကကောင်းကင်



ခပ်တိုးတိုးလေးပဲပြောပါရစေ အပင်ပျိုမှာ ရေလိုနေတယ် . . .
မငိုပဲနဲ့ကွာကျလာတဲ့ မျက်ရည်အတွက် အပျိုပင်တို့ ရှင်သန်ရမယ်
မင့်ဟာမင့် အိုအို ပျိုပျို ဒီဥယျာဉ်ဟာ ငါ့ပိုင်နက်
တယုတယနဲ့ ကောင်းကင်တွေ မင့်အတွက် ဆွဲယူချယ်သထားတယ်
ပေါင်းတွေလဲ နွှင်လို့ အလွမ်းတွေလည်း ရှင်လို့ . . .
နောင်ဘဝများရှိရင် ဒီဥယျာဉ်ပဲငါပိုင်ချင်ရဲ့
အဝင်ဝမှာပြုံးထားတဲ့ လီလီဟာ မင့်ရနံ့
မမြင်ပဲနဲ့တောင် အေးမြအောင်မွှေးတဲ့ ရင်ခွင်နွယ်
ပြင်မရတဲ့တံတားအိုနားက ချယ်ရီဟာ မင့်အပြုံး
ငါ့ကိုလုံးခြေအောင် အေးခဲစေတယ် ဥယျာဉ်ရဲ့တဖက်ကမ်းမှာ
ကောင်းကင်တခုလုံးစိမ်းနေလိုက်တာ
နှလုံးသားနဲ့ရိုက်လို့မဆုံးနိုင်တဲ့ ဓါတ်ပုံတွေ
မျက်လုံးတွေတလုံးပြီးတလုံး . . .
ဒီဥယျာဉ်ကြီး ရောင်ပြန်ဟပ် ချက်ကတော့
မှောင်လျက်နဲ့တောင်လှနေလိုက်တာ ဟိုးမှာ . . . သဇင်တွေ . . .
လမပါတဲ့ ညခါးခါးတွေမှာ အတိတ်ရောင် အဆိပ် ပေါင်းတွေ
မင့်အပင်လေးပေါ်နွယ်တက်ခဲ့
ခွာခွာကြွေးခဲ့ရတဲ့ငါ့မြေဆီလွှာတွေ
အချိန်မမှီနိုင်ခဲ့လို့တရွက်တော့ကြွေခဲ့ရှာတယ် . . .
နာကျင်နေလိုက်တာ ဥတုတွေတောင် ဖြူရော်ရော် . . .
ငါမကြည့်ရက်ပါဘူး အဖူးနုနုလေးတွေ အခုမှအားယူခါစ
အကြင်နာရေမွှန်းပြီး ညှိုးမသွားစေချင်ဘူး
ရာသီတွေကို အခုမှခူးယူချယ်သရအုံးမယ် ... အသစ်တွေတိုက်ခတ်ပါအုံး ...
မနူးညံ့တတ်လိုက်တာများ နှင်းဆီနက်ရဲ့ စူးတွေစွင့်စွင့်ကားကား
အရိုင်းတဲ့လား သွေးတွေရဲနေပုံက လိပ်ပြာဝိဉာဉ်တွေ တယောတကျီကျီနဲ့ . . .
အဖူးရိုင်းလေးကို စူးနေတဲ့ ဒီဥယျာဉ်ဟာ ငါ့ပိုင်နက် . . .
အမှောင်ခြမ်းလေးကို တဖြေးဖြေးနဲ့ ဖျက်လာခဲ့တာ အခုဆို အရောင်တွေတောင်စိုလို့
လင်းလိုက်မှောင်လိုက် ဒီဥယျာဉ်လေးလဲ အော်ငိုလို့ ပျော်လွန်းလို့တဲ့လေ . . .
ကဗျာတွေလဲပွင့်လာလိုက်တာ ခုနှစ်တွေတောင်အဖူးအပွင့်တွေနဲ့ . . .
တကယ်လို့များ . . .
ဒီဥယျာဉ်ကြီးမစိမ်းစိုနိုင်ခဲ့ရင် ပျိုးပင်လေးလဲစွန့်ခွာခဲ့ရင်
အဆီခန်းတဲ့ မြေပြင်ကျယ်ကြီးရယ် ၊ သံချက်ပြုတ်တချက်မိတချက် ခြံဘောင်ကြီးရယ်
အရောင်မပါတဲ့ကောင်းကင်စိမ်းကြီးရယ် . . . . နောက် တံတားအိုလေးရယ်
နောင်ဘဝကူးတဲ့အထိ အပင်ပျိုလေးကို သစ္စာရှိစွာသေနေအုံးမယ်ဆိုတာ
အနှေးပြကွက်နဲ့ အစမ်းမက်ကြည့်လို့ရတယ် . . . တဖြေးဖြေး .. ကောင်းကင်ထဲ . . . ။



nelay






ရက်ရက်စက်စက် ရာသီ



ဟောဟို အနောက်တောင်မှာ

နတ်ဆိုးတွေအရောင်ဆိုးဖို့ ကြိုးစားနေကြတယ်

မမြင်ချင်ယောင်ဆောင် ငါလိုကောင်တောင်

ပုဝါပျိုက မလှုပ်ရွဘူး . . .



ရင်ခွင်သေတွေ ပုတ်သိုးအောင် ချစ်လို့

နင်မမြင်ခင် ငါ့ကိုယ့်ငါ သင်္ဂျိုလိုက်ရတယ်

အဲ့ ကမ်းနဖူးက လရိပ်အောက်မှာ . . .



ခြေသံကိုဖွဖွ နင့်ခေါင်းတွေ တွင်တွင်ရမ်းခါ

ငါ့ကိုငါ ပြစ်မှားတော့ ငါ့စိတ်ကူးတွေ အလွန်းပျော်ကြတယ်

အကြိမ်ကြိမ် ပြောက်ဆုံးခဲ့ရတဲ့ ဟိုးအဝေး က ကြယ်ချိုချိုရယ် . . .



ရင်ခုန်သံတွေ နေဝင်သွားတော့

ပုဝါပျိုတွေ လှုပ်ရွကာ ရစ်သိုင်း

ငါ့ဘဝလှိုင်းတွေ တောင်မြောက် ပိုင်းလိုက်ကြတယ်

နွေရာသီရဲ့ မိုးရေစက်တွေအောက်မှာ . . .



စကားလုံးတွေရိုက်ခတ်ကာ ကွဲကွဲရှရှ

နင့်အော်သံကြားမှာ ညဆိုတာ လ မလိုတဲ့

စုန်းသက်သက် သတ်ကွင်း စစ်စစ်ပါပဲလေ . . .



မျက်ကွင်းတွေ အညိုစင်းအောင် အမုန်းမိသွားတဲ့ ကြယ်အို

ဇက်ကိုအပီချိုးလို့ ငါ့ပေါ် ချစ်သွားရက်တယ်

ဖိနပ်ကြိုးတွေ ခြည်ရအုံးမယ် ကမ်းပါးပျိုရယ် . . .



တိတ်ဆိတ်ခြင်းဟာ နင့်နောက်ကျောက ဒါးတလက်

ငါ့ကိုချစ်လျှက်နဲ့ နင့်ကိုယ်နင့်ထိုးစိုက်ခံခဲ့ရတယ်

အဲ့ တိတ်ဆိတ်ခြင်းဟာ ငါ့ရဲ့လူရုံစစ်စစ် . . .



နင့်ကို မမြင်ဖူးခင်ထဲက ချစ်နေခဲ့ရတော့ . . .

နတ် ဆိုတဲ့ ကောင် ကြိုးတန်လန်းနဲ့ သေနေပြီး . . .

အမုန်းမရှိတဲ့ အချစ်ရွာပျက်ကြီးထဲမှာ . . .။



nelay





Tuesday, February 16, 2010

ပါးစပ် စစ်များ



ဘယ်လောက်ထည့်ထည့်မလောက်ငှဘူး
ဘယ်လောက်ထွေးထွေးမကုန်တော့ဘူး
ရွံ့စရာတွေ ပစ်ချွဲချွဲတွေ လာလာမထည့်နဲ့
သွားကြားထဲက အပုတ်တွေကော်ထုတ်
မသတီစရာတွေ သကာ သုတ်ပြီး ထွေးထုတ်လိုက်တယ်


ကျေးဇူးတရားမသိသူ သူ့ကိုဖြူဖွေးအောင် တိုက်ချွတ်
ကြွေရောင် အရီ ပြိုးပြိုးပျက်ပျက်နဲ့ လက်ဆွဲနှုတ်ဆက်အုံးမယ်
မဖြစ်မနေသုံးရတဲ့ နာမ်စားကိုပဲ သူဝါးမိသလိုလို
သွားကြား
သွားကြား
သွားကြားညှပ်လို့


နှုတ်ခမ်းနီဆိုးမထားဘူး ရာစုနှစ်ရဲ့ သွေးတွေသောက်ထားတာ
ပါးစပ်တွေက နှုတ်ခမ်းငတ်သလိုမျိုး အလင်းတိုးအားနဲ့
ကျယ်လာတဲ့ တော်သလင်းလကို ထိုင်ကြည့်


ဘဲကလေး ထုတ်နှုတ်ဖူးသလို either swim or sink method နဲ့
အဲဒီ့အပေါက်ထဲမှာ ဠာန်ကရိုဏ်းကျကျ လျှာတွေစိုက်ပျိုးထားတယ်


ညည အိပ်နေရင်တောင် ပလုပ်ပလောင်းနဲ့ ဘာတွေပြောနေလဲ
ဟိုတလောက နာဆာ ဖမ်းမိတဲ့ အမျိုးအမည်မသိ အသံလှိုင်းက
အဲဒီ့ အသံ
အစားအသောက်စားပြီးရင် မီးခိုးငတ်ရတာ မောတယ်


၁ ၂ ၃ ဆိုပြီး ဂီတသံစသလို
အူဝဲ ဝါးးးးးး ဗြဲ ဆိုပြီး ပါးစပ်က စတယ်
ဟူးးးးး အင့် အားးးးးးးး ဒါမှမဟုတ် ဘာသံမှမထွက်ပဲ သေတယ်


၆ နာရီသတင်းကြည့်ပြီး ၇ နာရီ ရုပ်ရှင်ကြည့်တဲ့
ပါးစပ်တွေက အရှေ့တမျိုး ကွယ်ရာတမျိုး ပြောတတ်တယ်


ခေါင်းတွေလှည့်တဲ့ ဖက် ပါးစပ်တွေလိုက်လှည့်
ခေါင်းတွေ ရမ်းတဲ့ဖက် ပါးစပ်တွေ လိုက်ရမ်း
ခေါင်းတွေ ခါသလို ပါးစပ်တွေ လိုက်ခါ
အမွှေးအမျှင်တွေကြားမှာလဲ ပုန်းနေတတ်တယ်


တခြားလူကို ကြင်နာပြရင်တောင် သူ့ကိုကြင်နာတယ်အထင်နဲ့
ပါးစပ်တွေက ဟစိ ဟစိ လွမ်းနေတတ်တယ်


နှလုံးသား အစမ်းအစားထိုးကုသရာမှာ အစမ်းသတ်ခံသက်သက်
မိသားစုနဲ့မတော်တဲ့ အကြောင်း ဆရာဝန်က
အဲဒီ အပေါက်နဲ့ သတင်းကောင်းပါးတယ်


ဒါက ပါတီ မညီမျှမှုနဲ့ ဆိုင်လား ဘာဝါဒတွေ ဝါးမိသွားလို့လဲ
ပြောစမ်းပါ အနုပညာ အလုပ်လုပ်တဲ့ ပါးစပ်တွေ


အ နေရင်တောင် အကောင်းစားမုသားတွေမထွက်ချင်နေမယ်
အကောင်းစား သေချင်းဆိုးငှက်ပျောသီးကို စားကြအုံးမယ်


သွေးပြန်ကြောတွေ အဆက်ဖြတ်လိုက်လို့ စီးစရာမရှိတဲ့
ဒီအပေါက်တွေ သွေးငတ်နေရတယ်
အဲဒီ့ လုံးရာ ကနေ ပြားသွားတဲ့ စကားလုံးတွေပဲ မဝါးပဲမျိုချ
ခွင့်ပြုပါ
ဝမ်းမြောက်ဝမ်းသာ
ဂုဏ်ပြုလွှာနဲ့
ကျေးဇူးတင်လွှာ
တရားနာရတာ တရားတွေ နာကျင်သလို
ငုံထားရတာ ကိုယ်ဝန်ရသလိုပဲ


ပတ်ဝန်းကျင်ကလဲ လက်ခုပ်တီးကြတော့
မောင့်ကျက်သရေထုတ်ပြီး ပုဆိုးအစိမ်းတွေထုတ်ဝတ်ကြအုံးမယ်
အဲဒီ့အပေါက်တွေက နငယ် မလုပ်ပါဘူး
ငါ့ကဗျာ တပုဒ်ပြန်ထုတ်နှုတ်ရရင်
ဒီနေရာမှာ သွားကြည့်ကြပါ ဒီနေရာမှာ သွားမကြည့်ချင်လဲနေပါ
မုတ်သုန်ကာလမို့ မိုးရွာချင်လဲ ရွာမယ် မရွာချင်လဲ မရွာဘူး


သူမလျှာကလေး ကောင်းစားနေရင်တော့ ငါတို့ပါးစပ်တွေက ကောင်းချီးပေးလိမ့်မယ်
အကြိုတူးထားတဲ့ မြေကြွင်းတွေ
အကြိုမွှေးထားတဲ့ မီးတောက်တွေထဲ
မမြှပ်ခင် မသင်္ဂြီုဟ်ခင် လူရာဝင်အောင် ဝင်ဝင်ထွေးထားဖို့နဲ့
ပါးစပ် အစစ်တွေထဲ ဝင်လာမယ်ဆို ကွိုင်ရှာမလာဖို့ မှာချင်တယ်။



nelay





Sunday, February 7, 2010

မီးတံလျှပ်



နွေရာသီ ခပ်စောစောမှာ
အတိုင်းအထွာမတတ်တဲ့ အဖျားအနာက
သူမလက်ထဲကို နေလုံးအဖြစ်
သက်ဆင်းလောင်မြိုက်
ငါ့နှလုံးသားပုရပိုက်ဆီ …
ခပ်မိုက်မိုက် နှင်းလာခဲ့တယ်။

စနေမဟုတ်တဲ့ ရက်အကြားများမှာ
ငါလက်ပစ်ကူးတဲ့ အိပ်မက်
ခမ်း
ခြောက်
အံစာခေါက်ပြီး မှတ်ဉာဏ်ထဲက
ခြောက်အိပ်မက်ကို ပုခက်လွဲသိပ်ခဲ့တယ် ... ။

ခံစားမှုရုပ်ပုံကို ဒြပ်မဲ့ညိုမှောင်း
နာရီလက်တံတွေ တိတ်တိတ်ကလေး ခိုးခဲ့သလား။

ထိတ်လန့်ချောက်ခြားဖွယ် မနှိုးပုံရိပ်များက
ပန်းထောင်ခြောက်မှာ ရှုးသွပ်သွားတဲ့
မိခင်တစ်ယောက်ရဲ့ ပန်းကန်ပြား ခြောက်ချပ်သာဖြစ်ခဲ့။

ထမင်းလုံး တစ္ဆေ ခြောက်တယ် … ။

နေရာတစ်ခုကို အလိုမရှိ
ငိုချင်မိတဲ့ သစ်အိုပင်ခြေရင်းက
မြက်တစ်ခင်းကို အခန်းကျဉ်းထဲသော့ပိတ်
တို
ပုလင်းခွံ့တွေ ခပ်စိပ်စိပ် တိုးတိုးလာခဲ့ ... ။

ဆက်ပြောလို့မရတဲ့
လျှာအသားဖျားပေါ်က အာရုံခံတွေထုံထိုင်း
ယနေ့စာထဲမှာ ငါမပါခဲ့တာ ကိုးနှစ်ကြာ …။

အဓိပ္ပါယ်ကောက်လွဲသွားတဲ့
တစ်ကြောင်းဆွဲ ပန်းချီကားထဲမှာ
ပုရွတ်ဆိတ်တက်ထားတဲ့
အသဲတခြမ်းရွက်လွှင့် လွမ်းနေတယ် … ။

သူ ရပ်တန့်ပစ် ။ သူ အချိန်အတိအကျပြော ။

ဖောင်တိန်ဖွင့်ပြီးလက်မှတ်တွေမွေးမြူလိုက်မှ
ကြိုးပြေလွတ်သွားတဲ့ တိမ်က
ဂူနံရံမှာ လူးလားယောက်ယက်
အာရုံထဲက တဝေါင်းဝေါင်း သံတွေနှိမ့်စက် … ။

အဖျားပြောက်အနာပြောက်
အဓိပ္ပါယ်တွေ ဆုန်းဆုန်းတောက်လောင်
မှတ်ဉာဏ်တွေ မှောင်နေပြီ မှောင်နေပြီ … ။

။ … နေ … မှောင် … ပြီ …

နွေရာသီခပ်စောစောမှာ အတိုင်းအထွာ ၂၈နဲ့၂၉
အဖျားအနာက ငါ့နှလုံးသားကို
နေလုံးအဖြစ် သက်ဆင်းလောင်မြိုက်
ငါ့ပျော်ပိုက်ခဲ့သော …

။ … မီး
တံ
လျှပ် … ။



nelay