ဇောက်ထိုးရေးဆွဲထားတဲ့
ည
ဒီအသိနဲ့ ဒီအလင်းကို
ပြာခက်တွေ တောက်ချလိုက်တဲ့
ည
ကိုယ့်ကိုယ်ကို
ပြန်တိုက်ကြည့်လို့မှ
သီးမလာတဲ့ မီးတွေနဲ့လှခဲ့တဲ့
ည
စကားသံနဲ့ နားသံတွေ
ခြေရာတွေနောက်က
ညကိုထောက်မဲ့ နံရံတွေပြောက်တဲ့
ည
လှလှပပရည်စူးပြီး
အိပ်မက်ကို ချိတ်ပိတ်လိုက်တဲ့
ည
ခရီးသွားတဲ့ အနက်ရောင်ငှက်များမို့
အသွားမရှိ
အပြန်မရှိ
ခြေရာတွေမရှိ
မနက်ခင်းတွေမရှိ
ဘာမှမရှိတဲ့ ရပ်ဝန်းအသေပေါ်က
မျှော်လင့်ချက်မဲ့တဲ့
မျှော်လင့်စရာမလိုတဲ့
ည
ကြုံရာကျပန်းတွေကို
မြင့်မြင့်မြတ်မြတ်တင်ရောင်းနေတဲ့
ည
ညကိုညကမျိုချ
ညမစစ်တဲ့ညတွေက
တိတ်ဆိတ်ခြင်းတွေအတုလုပ်
အမှောင်ဆုံးအမြစ်အရှုပ်နဲ့
ဝေးလွန်းလှတဲ့နေရာမှာပုတ်ပွနေတဲ့
ည
လေသံနဲ့ တိုးသံ
ဗ လက် ချိုင့် ခွက်ထဲက
က သေးသေးတင်ကို
တောင်းလို့ စားတဲ့
ည
ညက
မာကျူရီမီးကိုပြန်ခေါ်နေတယ်
စကားသံနဲ့ နားသံတွေ
ခြေရာတွေနောက်က
ညကိုထောက်မဲ့ နံရံတွေပြောက်တဲ့
ည
လှလှပပရည်စူးပြီး
အိပ်မက်ကို ချိတ်ပိတ်လိုက်တဲ့
ည
ခရီးသွားတဲ့ အနက်ရောင်ငှက်များမို့
အသွားမရှိ
အပြန်မရှိ
ခြေရာတွေမရှိ
မနက်ခင်းတွေမရှိ
ဘာမှမရှိတဲ့ ရပ်ဝန်းအသေပေါ်က
မျှော်လင့်ချက်မဲ့တဲ့
မျှော်လင့်စရာမလိုတဲ့
ည
ကြုံရာကျပန်းတွေကို
မြင့်မြင့်မြတ်မြတ်တင်ရောင်းနေတဲ့
ည
ညကိုညကမျိုချ
ညမစစ်တဲ့ညတွေက
တိတ်ဆိတ်ခြင်းတွေအတုလုပ်
အမှောင်ဆုံးအမြစ်အရှုပ်နဲ့
ဝေးလွန်းလှတဲ့နေရာမှာပုတ်ပွနေတဲ့
ည
လေသံနဲ့ တိုးသံ
ဗ လက် ချိုင့် ခွက်ထဲက
က သေးသေးတင်ကို
တောင်းလို့ စားတဲ့
ည
ညက
မာကျူရီမီးကိုပြန်ခေါ်နေတယ်
ညက
အပျက်မကိုလိုက်ရှာနေတယ်
ညက
လူ့ယဉ်ကျေးမှုကိုလှောင်ရယ်နေတယ်
ညက
မလုံခြုံမှုထဲမှာလုံခြုံနေတယ်
ညက
လှလှပပခွက်ပြောက်နေတယ်
အပျက်မကိုလိုက်ရှာနေတယ်
ညက
လူ့ယဉ်ကျေးမှုကိုလှောင်ရယ်နေတယ်
ညက
မလုံခြုံမှုထဲမှာလုံခြုံနေတယ်
ညက
လှလှပပခွက်ပြောက်နေတယ်
nelay
No comments:
Post a Comment