Pages

Thursday, August 18, 2011

စိတ်ကူးယဉ်စကားလုံးများလုံး(ဝ)မဟုတ်ပါ



ငါ့ ဗလာမပါတဲ့ မျှော်လင့်ချက်ကို
အခြေတင်ပြီးမှ အခန်းသော့တွေက
မိုးပေါ်ကပြုတ်ကျလာခြင်းနဲ့
သတိရလိုက်တယ်

မြင်ဖူးနေကျကို
ကြယ်ခက်တွေခူးပြီး
သစ်ရွက်တွေကို ပန်ပေးလိုက်ပါတယ်

ပြုံးအိခြင်းနဲ့
ကြည်နူးနေပါတော့
မေ အိမ် ငယ်

အသစ်ပျိုးယူထားတဲ့
ငါ့ကမ္ဘာအိုမှာ
ဘဝ မရှိတဲ့ ဥယျာဉ်ကို

သံသရာ တလျှောက်
စိတ်ကူးယဉ် မျက်လုံးများနဲ့
နင့်လည်တိုင်လေးပေါ်
စိုက်ပျိုးလိုက်ခြင်းဟာ
မရေရာခြင်းလှိုင်းတွေ
တိုဝင်သွားတဲ့ မီးခိုးတွေပါ

အောက်ခြေက
တန်းတွေထဲမှာ
စားနေတဲ့ ဂဏာန်းတွေကို
ငါက ဘာနဲ့များ
တိုင်းတာပြရအုံးမှာလဲ

အနိုင်
နဲ့
အရှုံး
''အ'' နှစ်လုံးမကျေညက်တဲ့
အစာအိမ်တွေပါ

ငါ့အောက်ခြေမှာလိုင်းတားပြီး
ဘာကိုများ ခေါင်းစဉ်လုပ်ချင်ရတာလဲ

လူတွေအားလုံး
အုံဖူးထားတဲ့
ဆင်းရဲသား
လူချမ်းသာ
ရွှေဈေးတွေလဲကျသွားပြီ

မျက်လွှာအထက်က
အပုတ်ချိန်မှာ
၈နာရီအပုတ်သတင်းနဲ့
အပုတ်ကောင်တွေ
လမ်းသလားနေကြသလား
ငါမကြည့်အားဘူး

ဒီစိတ်ကူးကိုဖြိုခွင်းလိုက်တဲ့
မိုးတိမ်
သူမလက်သည်းခွံထဲက
တောစိမ်းတွေလဲ
အလွမ်းရှိန်နဲ့လောင်မြိုက်
မြို့ပျက်ကြီး ငိုရှိုက်နေပြီ

ငါးထောင်တန်နဲ့လိုက်ပါသွားတဲ့
တိမ်ပေါ်ကစကားလုံးတွေထဲမှာ
ငါမသုံးနှုန်းတတ်တဲ့
လေသံသဲ့သဲ့ကိုဖမ်းယူမျိုချ
စိတ်ကူးယဉ်လှလှလေးနဲ့
ပျက်ကျသွားတယ်



nelay





No comments: