ဘယ်လိုနာမ်စားမျိုး
ခေါ်ဝေါ်သုံးစွဲရမလဲမသိဘူး
ငါ့အပြင်ဖက်က
သူကဘာကောင်လဲ
ငါ့ကိုဘာလို့
တလုံးချင်း စီ
ရှင်းပြနေရတာလဲ
ဘ ကုံးနဲ့
ဝ လုံးကို
ငါ့ကိုရှင်းပြနေတုန်းပဲလား
သူမသိသေးဘူး ငါသိတယ်ဆိုတာ
သူသိတာတွေ ငါသိတာတွေ
သူမသိသေးဘူး
ဒီလိုအေးစက်တဲ့
ညစက်စက်မျိူးတွေမှာ
ဆက်သွယ်မှုပျက်တောက်သွားတဲ့ မိုးတိမ်တွေပြိုကျ
ဟာသ ပြကွက်ကြီးကို ငါက သူ့အကြောင်းပြောပြဖူးတယ်လေ
ငါ့ကိုစော်ကားပုတ်ခတ်မှုတွေကို
တခုတရစုစုထားတဲ့ ဒေစီပန်းတွေထဲ
မျက်နှာဖုံးတွေတခုချင်းစီကို စောင်းသံနဲ့ပတ်ခြည်ထားတယ်
သူမရဲ့ မသန့်ရှုင်းတဲ့ခြေမကလေးကို
မိုးပေါ်ကလူတွေသိပါတယ်ဆိုတဲ့အတွေးနဲ့
ကမ်းနဖူးက ခုန်ချသွားတဲ့ လူအိုတွေကိုငုံ့ကြည့်
ငါကပြုံးဖြီးဖြီးနဲ့ဆာလောင်တယ်
အဲ့ဒီရောစပ်မှုတိုင်းမှာ
ကမ္ဘာဦးအစရဲ့အသိတရားနဲ့
တံခါးခေါက်သံတွေမေ့မျောလိမ့်မယ်
သူသိတာတွေ ငါသိတာတွေ
သူမသိသေးဘူး
ဒီလိုအေးစက်တဲ့
ညစက်စက်မျိူးတွေမှာ
ဆက်သွယ်မှုပျက်တောက်သွားတဲ့ မိုးတိမ်တွေပြိုကျ
ဟာသ ပြကွက်ကြီးကို ငါက သူ့အကြောင်းပြောပြဖူးတယ်လေ
ငါ့ကိုစော်ကားပုတ်ခတ်မှုတွေကို
တခုတရစုစုထားတဲ့ ဒေစီပန်းတွေထဲ
မျက်နှာဖုံးတွေတခုချင်းစီကို စောင်းသံနဲ့ပတ်ခြည်ထားတယ်
သူမရဲ့ မသန့်ရှုင်းတဲ့ခြေမကလေးကို
မိုးပေါ်ကလူတွေသိပါတယ်ဆိုတဲ့အတွေးနဲ့
ကမ်းနဖူးက ခုန်ချသွားတဲ့ လူအိုတွေကိုငုံ့ကြည့်
ငါကပြုံးဖြီးဖြီးနဲ့ဆာလောင်တယ်
အဲ့ဒီရောစပ်မှုတိုင်းမှာ
ကမ္ဘာဦးအစရဲ့အသိတရားနဲ့
တံခါးခေါက်သံတွေမေ့မျောလိမ့်မယ်
စစ.စ ္စ စစ ္စ စ..စ.စ ္စ.စ.စစက်
ရ.ဂ ံရ ုရရ ံ..ဂ..ရံရ ူရ.ရ ံရရရုံ
ထ် ု.တ်ထ ု..ုထ.ထ ်တထ.ထထထုတ်
ေ.ေ ွတေ.တတ ွေ.တတေတေေေတွေ
သူ့မျက်ကွင်းတွေညိုနေတာ
အထိုးခံထားရလို့လား
ရာသီလာလို့လား
ငါနဲ့မလုံလောက်လို့တခြားတစ်ယောက်နဲ့
သွားအိပ်နေတာလား
ကြောက်စိတ်နဲ့လိုက်လျှောလိုက်ခြင်းလား
ဆင်ချင်တုံတရားပြောက်လို့အိပ်ရေးပျက်ခဲ့ခြင်းလား
ဘာအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်
ဝိဆွဲမိလိုက်တဲ့အချိန်ပျော်တွေလား
ရ.ဂ ံရ ုရရ ံ..ဂ..ရံရ ူရ.ရ ံရရရုံ
ထ် ု.တ်ထ ု..ုထ.ထ ်တထ.ထထထုတ်
ေ.ေ ွတေ.တတ ွေ.တတေတေေေတွေ
သူ့မျက်ကွင်းတွေညိုနေတာ
အထိုးခံထားရလို့လား
ရာသီလာလို့လား
ငါနဲ့မလုံလောက်လို့တခြားတစ်ယောက်နဲ့
သွားအိပ်နေတာလား
ကြောက်စိတ်နဲ့လိုက်လျှောလိုက်ခြင်းလား
ဆင်ချင်တုံတရားပြောက်လို့အိပ်ရေးပျက်ခဲ့ခြင်းလား
ဘာအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်
ဝိဆွဲမိလိုက်တဲ့အချိန်ပျော်တွေလား
ဘာပဲဖြစ်ဖြစ်
သူ့မျက်ကွင်းတွေဘာလို့ညိုနေတာလဲ
ဒါတွေကအရေးမကြီးပါဘူး
ဘာတွေကရောအရေးကြီးနေလို့လဲ
အရေပြားတွေကရောဘာလို့ထူထူလာတာလဲ
လေ့ကျင့်မှုတိုင်းကအလေ့အကျင့်ဖြစ်ခဲ့တာမဟုတ်ဘူး
မြစ်ဖျားတွေကိုတူးစွနေကြတာ
သူ့မျက်ကွင်းတွေဘာလို့ညိုနေတာလဲ
ဒါတွေကအရေးမကြီးပါဘူး
ဘာတွေကရောအရေးကြီးနေလို့လဲ
အရေပြားတွေကရောဘာလို့ထူထူလာတာလဲ
လေ့ကျင့်မှုတိုင်းကအလေ့အကျင့်ဖြစ်ခဲ့တာမဟုတ်ဘူး
မြစ်ဖျားတွေကိုတူးစွနေကြတာ
အခုမှစတာ
ဒုက္ခရောင်မိုးတိမ်တွေ
သမုဒ္ဒရာကြီးဖြစ်တဲ့အထိ
ခြေစဂေါင်းဆုံးရွာချ
ပဲပင်ပေါက်ကို
ပဲပြားနဲ့ရောကြော်လိုက်မှ
ပုံစံခွက်ထဲကလက်ထပ်ပွဲအသေတွေလှပ
အရိပ်ကိုကွယ်ထားတဲ့
အလင်းတွေ
ဖိနပ်ပေါက်ပေါက်နဲ့
နှုတ်ခမ်းတွေကိုထုတ်ထုတ်နမ်းနေကြတယ်
ဒုက္ခရောင်မိုးတိမ်တွေ
သမုဒ္ဒရာကြီးဖြစ်တဲ့အထိ
ခြေစဂေါင်းဆုံးရွာချ
ပဲပင်ပေါက်ကို
ပဲပြားနဲ့ရောကြော်လိုက်မှ
ပုံစံခွက်ထဲကလက်ထပ်ပွဲအသေတွေလှပ
အရိပ်ကိုကွယ်ထားတဲ့
အလင်းတွေ
ဖိနပ်ပေါက်ပေါက်နဲ့
နှုတ်ခမ်းတွေကိုထုတ်ထုတ်နမ်းနေကြတယ်
nelay
No comments:
Post a Comment