ထွက်ကျလာတဲ့ ဘောင်ကွတ် ရှု့မျှော်ခင်းတစ်ခုကို
ငါသိတဲ့ နှာခေါင်းအတု တစ်ခုချွတ်ပြီး
ပါးမှာ စပေါ့ တွေ ထနေတဲ့ မိန်းမနဲ့ကောက်ရိုက်လိုက်တယ်
ဘာမှ သိပ်ကြောက်စရာမကောင်းတဲ့ ကြွက်ကို
ခွက်လွတ်တစ်လုံးပေးပြီး ခင်ဗျားကို အစာကြွေးခိုင်းထားတယ်
သဘာဝကျတယ်ဆိုတာ သဘာ တွေ ၀ ပြီး ကျသွားတာလို့
ကျောက်သင်ပုန်းပေါ်မှာ တွင်းတူးပြီး သင်္ချိုင်းပြုလိုက်ခြင်းပဲ
ငါနဲ့မင်း မြင်နိုင်တဲ့ ဘောင်ကျဉ်းကျဉ်းကလေးကို
ရွာ အတု လုပ်ပြီး ပြိုချင်နေတယ်ဆိုရင်
မင်းငယ်ငယ်တုန်းက ပုံကို မင်းအမေဆီက ပြန်တောင်းရလိမ့်မယ်
၁၂လရာသီကနေ ထစ်ချုန်းလာတဲ့ အချိန်နာရီတစ်ခုကို
အဋ္ဌမမြောက် ကြည်ပေါက်ထဲက ငါတို့ဦးနှောက်ထဲကိုပစ်ထည့်လိုက်ပါ
ရေလောင် ထားတဲ့ sOci3Ty တခု မင်းအိပ်မက်ကိုဆေးကြောပစ်ပေါက်လိမ့်မယ်
ငါ့ သမင် မျက်နှာပေါ်က မြေသြဇာ မကောင်းတော့တဲ့
နာဂစကီးကို လက်သည်း ခွံ အမဲ စိုးပြီး စိုက်ပျိုးခြင်းလား
ဒါတွေက ဒုတိယကမ္ဘာမှာ မေ့မရတာတွေကို ကွန်ယက်ထဲ အတင်းနှစ်ပြီး
စိတ်ကျွန်ပြုခြင်းတွေ ဖောင်းကားလာတဲ့ memory plus အသေတွေပဲ
ငါ့လည်မှာဆွဲထားတဲ့ ပတ်ဝန်းကျင် အမှိုက်သရိုက်က လေထုကိုညစ်ညမ်းစေတိုက်
ငါဂရုမစိုက်နိုင်တဲ့ မျောလိုက် ဦးနှောက် အသေတိုက်ကြီးတစ်ခုပဲ
ခင်ဗျားတို့မြင်နေကြ အမပင်ခိုင်ကြီးတစ်ခုလုံး မဖိတ်ခေါ်ပဲ အသိုက်ပေါ်ကိုရောက်လာ
မျက်နှာဖုံးဆိုတာ ငါရှေးရှေးတုန်းက ပြောခဲ့ဖူးတဲ့ ပုံပြင်အဟောင်းကြီး
စုတ်တယ်
ငှက်မျိုး ကြက်မျိုး ဝက်မျိုး ဒေါင်းမျိုး ကျီးမျိုး ခွေးမျိုး နွားမျိုး
ပြုလို့ပြင်လို့မရတဲ့ အမျိူးတွေထဲမှာ လူမျိုးက add-ons
အနုပညာဆိုတာ အနုတွေ ပြင်ပြီး ညာ နေတဲ့
ပြု+ပြင်+ပြောင်းလဲထားတဲ့ creativity အမျိုးကို ဆိုလိုတာ
သူ့အဖေ ငယ်ငယ်တုန်းက သူ့အမေကိုပေးတဲ့ ရည်းစားစာထဲက စာသားတွေနဲ့
ရှေ့တန်းကို တစ်ယောက်တည်းထွက်ပြီး ရင်ကော့နေတဲ့ခင်ဗျားကို
ခင်ဗျားပိုင် sOci3Ty က အနောက်ကိုဘယ်နှစ်လှမ်းဆုတ်ခိုင်းနေသလဲ
တွင်းပဲရှိတယ်
အဲဒီတွင်းထဲက ဧကရာဇ်တွေရဲ့ ရာဇဝင်ကို
မနက်ဖြစ်လာမဲ့ ညနေတစ်ခု အလယ်က
ဦးထုတ် နောက်ပြန်ဆောင်းထားတဲ့ ကလေးတစ်ယောက်
လက်ခလယ်ထောင်ပြသွားတဲ့ ဘီစကွတ်ပွဲတော်ကို
မင်းတစ်ကိုက် ငါတစ်ကိုက်
nelay
No comments:
Post a Comment