Pages

Wednesday, August 3, 2011

ည ကလေး လုံးကြီးတင် ကလေး



နိုင်ငံတကာ ကပ်ခွာ ပညာရေးစနစ်ကြီးနဲ့
နေလောင်လို့ အရောင်လွှင့်နေတဲ့ ညီလေးက
အထူး ၄၈ ပေါ်မှာ လက်ပြပြီးကျန်နေခဲ့တော့တယ်
သူတို့တွေက အမျိုးသားယဉ်ကျေးမှု ဆိုက်ကားတွေနဲ့ကျော်တက်သွားပြီ


မျက်လုံးကို တအားမှိတ်ပြီး ပြန်ဖွင့်လိုက်တိုင်း
ခြံစည်းရိုးအမြင့်ကြီးတွေရှေ့က အလှစိုက်မြက်ပန်းတွေ တအားလှိုင်နေကြတယ်


သေချာလျှော်ဖွတ် မီးပူတိုက်ပြီး ကော်လံအဖြူ ဝတ်များ
ရေမချိုးရသေးတဲ့ ခန္ဓာကိုယ်နဲ့ လူတောတိုးနေကြပုံကို
ရေခဲတိုက်ထဲက ကိုယ်ခန္ဓာများကလှောင်ရယ်နေကြပြီ


ဒီလိုနဲ့ပဲ ငါတို့လဲ ဆယ်တန်းအောင်ခဲ့ကြတယ်
အဲဒီ့ ဆယ်တန်းအောင်စာရင်းကြည့်တဲ့ညက
ညီလေးနာမည်နဲ့တူတဲ့လူ ဆယ်ယောက်
ငါ့ညီလေးနာမည်က ဘယ်နား ပေါက်ကျန်နေခဲ့သလဲ


ငွေပန်းတွေ ပွင့်နေကြတဲ့ ကျောင်းတော်ကြီးထဲမှာ
ဆရာဝန်ဆိုတဲ့လူကိုမှ ငါ့ညီလေးကဖြစ်ချင်ခဲ့ရတာလား
အဲဒီ့အသီးတွေက ထောင်ချီတန်လို့ ဗခခနျျ ီနညငနိ ပါ ငါ့ညီလေး


မနက်ခင်းကို ရောက်ချင်ဇောနဲ့ အမှောင်ထုကိုအတင်းကျော်ချလို့မရဘူးလေ
တက်မကြီးမှမကောင်းဘဲ ဝမ်းထဲကရေတွေခပ်ထုတ်လို့ရော


မျော ... မျော ... မျော ...


ငါ့ညီလေးက ကြောက်ရမဲ့သူတွေသိပ်များနေလို့
တချို့ကိုစိတ်ထဲမှာမှတ် လက်ငါးချောင်းထောင်ပြီး နှုတ်လိုက်တယ်


၁။ အန်တီတို့က အများကြီးလျှော့ပေးထားတာဘဲ တစ်ယောက်တစ်ဝက်ပေါ့
၂။ မင်းကဘာလို့ခဏခဏနောက်ကျနေတာလဲ
၃။ အဲဒါမင်းလုပ်တာ ငါဘာမှမသိဘူး
၄။ ၁ဝဝ နောက်မှယူ
.....၁ဝဝ နောက်မှယူ
.....၁ဝဝ နောက်မှယူ
.....၁ဝဝ နောက်မှယူ
၅။ ငါတို့လုပ်ငန်းစဉ်ကြီး တိုးတက်ရေးဆိုတာ မင်းတို့အပေါ်အများကြီး မှုတည်နေတယ်
၆။ ဘယ်တော့ရမှာလဲ
.....ဘယ်တော့ရမှာလဲ
.....ဘယ်တော့ရမှာလဲ
.....ဘယ်တော့ရမှာလဲ


အရာရာက သိပ်ဈေးကြီးလွန်းတော့ လက်ပေါက်ကပ်နေတဲ့ ပုလွေရိုးကိုပဲ 
ငါ့ညီလေးကြိတ်ကြိတ်ပြီးချိုးနေလိုက်တာ
အခန်းဒေါင့်မှာ ထောင်ထားတဲ့ တံမျက်စည်းလို အမွှေးတွေဖွာလို့ ။



nelay





No comments: