နေ့လည်နေ့ခင်း အဖြစ် ထွက်ကျ
မြေနီလမ်းမှာ အမဲစက်တွေနဲ့
ခြေပြတ်လက်ပြတ် အော်သံတွေ
ခြံစည်းကိုကျော်နေတဲ့ ဖုန်စာမှာ
အလိမ့်လိမ့်တက်လာတဲ့ တိမ်လုံးတွေ
အနားမရတဲ့ လှိုင်းရှုပုံနဲ့
ဖြစ်မရ တည်မရ ……….
ဒဏ်ရာရနေတဲ့ ကြမ်းပြင်တခုသာ
တွန်းရွေ့ပုံ နေရာတကျနဲ့
အရေပြားကို လေမရတာ ကြာ
ဘယ်ဘဝက ညာအိပ်မက်တွေ
နေကမ္ဘာအပုတ်ကို မေတ္တာထုတ်ပြီး
ရာဇဝင်ထဲချ မျှား
အရွက်စိမ်းတွေ ချစားသွားပြီ
တိတ်ဆိတ်ခြင်း ကမ်းပေါ်က
မျက်ဝန်းအိမ်ကလေး ဂျက်ကျ
ရှာမရ ဖွေမရ ….
တံခါးဖွင့်ပြီး လေမရတဲ့ရပ်ဝန်းတခုမှာ
ခြေနင်းခုန် သံဓါတ်မျိုးနဲ့
ပန်းတွေ သံမဏ္ဏိ ဖြစ်သွားတဲ့အခါ
ရနံ့ရှုသူ စေတန် အလွမ်း
မသေချာမှု ခံတပ်အပေါက်နဲ့
ဂြိုလ်တုသတင်းပေါ်က မယ်ကဝေ
ရှုး ……………
လေသံနဲ့ဖတ်ပြီး ငိုကြွေး
အလင်းပီအန်နတ်တို့ တိုက်ပွဲမှာ
ခန္ဓာ တစ်ခြမ်းလောင်းရဲ့
မီး အမှတ် နှစ်ဆယ့်ရှစ်
ဘဝလွန် နှစ်ဆယ့်ကိုးမှာ
နင့်ကို …. ထာ … ၀ … ရ ဖြုတ်ပြီး
Asterisk ရေ …
Why
So
Serious …. …. ။
nelay
No comments:
Post a Comment