ရှိနေသေးတယ်ဆိုတဲ့ အသိနဲ့ အငွေ့ဖြစ်သွားတဲ့ စိတ်တွေ
ဘယ်လိုပုံစံမျိုးနဲ့မှ ထိန်းချုပ်ဖို့မလိုဘူး ...
မျက်လုံးတွေမှာ နားပါတယ် ... ...
အသက်ရှုသံတွေက အရသာခံတတ်တယ် ... ...
နှလုံးသားတွေကတော့ အသိဉာဏ်မရှိကြပါဘူး ... ...
အသိဉာဏ်တွေကလဲ နှလုံးသားမရှိကြပါဘူး ... ...
မြက်ပင်တွေကို ပန်းပန်ပေးပါ လောက လေပြေ ...
အချိန်တွေကို ဒူးထောက်တွယ်ဖက်
ငါအသက်ဆက်ခဲ့တဲ့ ပင်လယ်မှာ ကမ်းမရှိဘူး ...
နားမရှိဘူး ... ကိုယ်ချင်းစာတရားမရှိဘူး ...
ငါကအကုန်(အကုန်) မျောထားတဲ့ စက္ကူ ခေါင်းတလား ...
လူ့လောကအကြောင်းကို မင်းဘယ်လောက်သိလို့လဲ ...
အဖြေရှာခဲ့တဲ့ အတွေးမှာ ငါသိသလောက်
လူ့လောက က ငါ့ကိုမသိခဲ့ဘူး ...
သင်္ချာဆရာမခေါ်ပေးပါ အပေါင်းအနှုတ်မတတ်လို့ လူမလုပ်ရတော့ဘူး ...
ငါ့ကိုယ်ငါပြန်စားထားတယ် အကြွင်းက သုည ...
ဖြတ်ပိုင်းလေတော့ ပြပါ ... ငါကျေနပ်ပါတယ်
ငါလိုက်ကပ်မိတာ အပြည့်ကိန်းတွေမှဟုတ်ပါရဲ့လား ...
သူတို့က ကိန်းအလိမ်တွေပဲ ...
ငါမလိုပဲဆက်သွားလို့ရတဲ့ သံလမ်းတွေမှာ ငါဟာအေးစက် ... ...
မျက်ရည်ခံတဲ့ ချိန်ခွင်လျှာတဖက်မှာ နှလုံးသားမပါဘူး ...
ငွေသံတွေနဲ့ ဂုဏ်မာန်တွေထန်လို့ လူလုပ်ရမဲ့အကြောင်းတွေ ကြိုးပြတ် ...
ငါဟာ မတ်တပ်လဲ သေတတ်တဲ့ သစ်ပင်ပါ ...
တပန်းကန်လုံးကုန်မှ အရိုးအရင်းပစ်ကျွေးတဲ့ သုခချမ်းသာ ...
ငါ့မှာ အမြှီးမပါတာတော့ သေချာတယ် ... ။
သေချာပါပြီး ဒီမျဉ်းနှစ်ကြောင်းကကွေးနေတ ာ
တနေ့နေ့တော့ ခြည်မိမှာပဲ ... ငါပျောက်နေတဲ့အစကိုတွေ့ပြီ ...
မင်္ဂလာရှိသော နေ့ပါ ...
... မိုးသံလေသံ နှလုံးသားမပါတဲ့ တေးသံ ...
nelay
No comments:
Post a Comment