ဒြပ်မဲ့(သို့) အနှစ်ချုပ် (သို့)ရုပ်ဝတ္ထုမဲ့ပန်းချီ ABSTRACT ART
(Posted by pagyi sayar on March 25, 2010 at 11:30am)
အက်ဘ်စထရက် ပန်းချီဆိုတာ ပန်းချီသမိုင်းမှာ ၁၉ ရာဇုနှောင်းပိုင်းနဲ့ ၂၀ ရာဇုအစပိုင်းမှာ လှုပ်လှုပ်ရှားရှားတွေဖြစ်လာတဲ့ ပန်းချီဟန်တစ်ခုပေါ့။ ကဘာ့ပန်းချီရင်းမြစ်တွေ ဥရောပက စတင်ဖွင့်ဖြိုးခဲ့ပြီး Classiacl, Romanism, Impressionism, Post Impessionism, Expressionism, Abstract Expressionism, Pure Abstract, Minimalism, Pop Art, စသည်ဖြင့်လမ်းကြောင်းစီးဆင်းလာတဲ့ထဲမှာ၊ Expressionism လွန်ခေတ်တွေမှာ အမေရိကန်ဘက်ကို အာရုံစူးစိုက်မှုတွေရောက်ခဲ့တယ်။ စစ်နိုင်ခဲ့လို့ အင်အာတောင့်လာခဲ့တာလဲပါနိုင်တာပေါ့။ အဲဒီကာလတွေကစလို့ Modern Art ရယ်လို့ ခေါင်းစဉ်တပ်ကြလာတယ်ပေါ့။ ဒါပေမယ့်သူတို့ကို လမ်းကြောင်းပေးခဲ့သူတွေထဲမှာ ပြင်သစ်အခြေစိုက်ပန်းချီကျော်တွေ ဖြစ်တဲ့ မားတီစ် ၊Heniri Matisse 1915
Yellow Curtain 1915
တို့ ပီကာဆိုတို့ ကင်ဒန်းစကီး၊တို့ စသည်ဖြင့် သူတို့သြဇာမကင်းခဲ့ကြဘူး။
အခုအားလုံးသိပီးသားဖြစ်နေတဲ့ ဂျက်ဆင်ပိုးလော့ တို့ ဒီကူးနင်းတို့ ဟာ ဒီ အက်ဘ် စထရက် ပန်းချီကျော်တွေပေါ့။
အခု စဦး အက်ဘ်စထရက် တစ်ယောက်ကို အရင်ဆုံးပြောပြပါမယ်။
"Of all the arts, abstract painting is the most difficult. It demands that you know how to draw well, that you have a heightened sensitivity for composition and for colours, and that you be a true
poet. This last is essential." -- Wassily Kandinsky.
ကန်ဒင်းစကီး Wassily Kandinsky
(1866-1944)
(၁၈၆၆-၁၉၄၄)
''အနက်ရောင်ဟာ သေဆုံးပြီးတဲ့လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ငြိမ်သက်နေပုံမျိုး တိတ်ဆိတ်အထီးကျန်လွန်းတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဘဝနဲ့သိပ်နီးစပ်နေတယ်''လို့ ဆိုခဲ့သူက ရုရှပန်းချီဆရာ
ကန်ဒင်းကီးဖြစ်သည်။
နာမည်အပြည့်အစုံမှာ ဗာဆီလီ ဗာဆီလီယက်ဗစ်ကန်ဒင်းစကီး ဖြစ်သည်။ ၁၈၆၆ဒီဇင်ဘာ ၄ရက်တွင် မော်စကိုမြို့တော်၌ မွေးဖွားခဲ့သည်။ အက်ဘ်စထရက်ပန်းချီကို ထင်ရှားစွာ သီးသန့်ဖော်ထုတ်နိုင်ခဲ့သူထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏ စိတ်ကူးသစ် အနုပညာဟန်သစ် ပန်းချီအောင်မြင်စွာပြသနိုင်ခဲ့ပြီးနောက် ဂျာမနီနိုင်ငံမြူးနစ်အုပ်စု (The Blue Rider, 1911-14) ကို တည်ထောင်ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုမှစ၍ပြီးပြည့်စုံစွာ သတ်မှတ်နိုင်မည့် ဒြပ်မဲ့ပန်းချီ (Abstract)
လက်ရာများကို စတင်ကျယ်ပြန့်အောင်ကြိုးပမ်းခဲ့သည်။ သူ့ပန်းချီပုံသဏ္ဍန်များမှာ ပုံဆောင်ခဲပျော်ရည်များမှ ဆင့်ကဲပြောင်းလဲ ဖြစ်ပေါ်လာဟန် ဓာတုဗေဒ ဓာတ်ငွေ့ရည်များပျော်ဝင်ပျံ့နှံ့ နေဟန် ဂျီသြမေတြိသရုပ်ပြပုံသဏ္ဍန်များ၏ ဖွဲ့စည်းမှု
ဟန်ပန်များဖြစ်သည်။ကန်ဒင်းစကီးသည် ထူးချွန်သော ဂီတပညာရှင်တစ်ယောက်လည်း ဖြစ်သည်။ တစ်ခါက သူပြောဖူးသည်။ ''အရောင် တွေဟာ ကီးဘုတ်လိုပဲ မျက်လုံးတွေကဟာမိုနီလိုက်ပေးတယ်။ ဝိဉာဉ်ကိုယ်တိုင်ကတော့ သံစဉ်များအတွက် ကြိုးတွေ
ဆိုင်းထားတဲ့ ပီယာနိုတစ်လုံးပေါ့''ဟုဆိုခဲ့သည်။ အရောင်နှင့် ဂီတသံစဉ်များသည် ရှေးပဝေသဏီ က
တည်းက ဆက်သွယ် ချိတ်ဆက်မှုတွေ များစွာရှိခဲ့သည်။ အရောင်စက်ဝိုင်းသစ် ဖော်ထုတ်ပေးခဲ့သော ဆာအိုက်ဆက်နုယူတန်ကဲ့သို့ ဖြစ်သည်။ကန်ဒင်းစကီးသည် အရောင်အသွေးအနုရင့်အားများကို ဂီတသံစဉ် အနိမ့်အမြင့်
ပြောင်းလဲမှု အသံ၏ပုံသဏ္ဍာန်များနှင့် ချိန်ထိုးသုံးစွဲခဲ့သည်။ အရောင်ပြင်းအားအနုရင့်အားများကို ဂီတသံစဉ် အနိမ့်အမြင့်ပောင်းလဲမှု အသံ၏ပုံသဏ္ဍန်များနှင့်ချိန်ထိုးသုံးစွဲခဲ့သည်။ အရောင်ပြောင်းအား အလင်းမှောင်ကို အသံ၏ အတိုးအကျယ်ခလုတ်သဖွယ် ရွှေ့ပြောင်းကစားခဲ့သည်။ သူက ''အရောင်တွေကို တွေ့တဲ့အခါမှာဂီတသံစဉ်တစ်ခုကြားလိုက်ရသလို ကျွန်တော်ခံစားတယ်''လို့ အမြဲထုတ်ဖော်ပြောတတ်သည်။
ကန်ဒင်းစကီးကို ရုရှနိုင်ငံမော်စကိုမြို့တွင် ၁၈၆၆ က ဖွားမြင်သည်။ မိဘများမှာ စန္ဒယားဂီတပညာရှင်များဖြစ်သည့်အလျှောက် သူ့ငယ်စဉ်ကပင် စန္ဒယားနှင့်ချယ်လိုတယောများကို လေ့ကျင့်တီးခတ်နေခဲ့သည်။ ၁၈၆၆ တွင် မော်စကို
တက္ကသိုလ်တွင် ဥပဒေနှင့် စီးပွားရေးဘာသာများယူခဲ့ပြီး စားမေးပွဲအောင်မြင်ပြီးနောက် မော်စကိုမြို့၏ ဥပဒေဌာနတွင် ဝင်ရောက်အမှုထမ်းခဲ့သည်။ သူသည် ပြန်လည်သင်ကြားရေးနှင့် နည်းပြဆရာတစ်ယောက်ဘဝတွင်သာ အောင်မြင်ခဲ့သည်
မဟုတ် စိတ်ပိုင်းဆိုင်ရာနှင့် ဘာသာအယူဝါဒများ အကြောင်းကိုကျယ်ကျယ်ပြန့်ပြန့် ရေးသားနိုင်ခဲ့သည်။ ၁၈၉၅ တွင် ပြင်သစ် အင်ပရက်ရှင်ဝါဒ အုပ်စုပန်းချီဆရာများ၏ပြပွဲသို့ တက်ရောက်ကြည့်ရှုခဲ့ပြီး ပန်းချီဆရာမိုနေး၏ဂီဗာနီဒေသမှ ကောက်ရိုးပုံရှုခင်း
များကို တွေ့ကြုံခဲံရသည်။ သူက ''ကျွန်တော်ပြပွဲကက်တလောက်မှာ ဒီကောက်ရိုးပုံကိုတွေ့လိုက်တော့ သိပ်မကြိုက်ချင်ဘူးဗျ၊ စိတ်ထဲမှာ သိပ်မပျော်ရွှင်နိုင်သလိုဘဲလက်မခံချင်ဘူး၊ ပန်းချီဆရာဆိုတာ ဒီလို မတိကျမရေရာတဲ့ ရေးချက်မျိုး
အချက်လက်မျိုးတွေ မရေးပြသင့်ဘူးလို့ ကျွန်တော်ထင်တယ်။ ပန်းချီကားထဲမှာအရာဝတ္ထု ပုံသဏ္ဍန်တွေက မှေးမှေးမှိန်မှိန်နဲ့ သိပ်မထင်မရှား ဖြစ်နေကြတယ်''လို့ သူ့အယူအဆကို ထုတ်ဖော်ပြောကြားခဲ့သည်။ သိပ်မကြာခင်အချိန်တွင်းမှာ
ကန်ဒင်းစကီးသည် မော်စကိုမှ ထွက်ခွာပြီး မြူးနစ်မြို့ ဂျာမနီသို့ ပန်းချီပုံတူနှင့်လူပုံခန္ဓာဗေဒဘာသာရပ်များ လေ့လာရန်ရောက်ရှိခဲ့သည်။ ထိုမှတဖန် ပန်းချီအခြေခံနှင့် အနုပညာ ရသပိုင်းဆိုင်ရာများကို တဖြည်းဖြည်းလေ့လာခဲ့သည်။
ပထမအစပိုင်းတွင် သူ့လက်ရာများသည် အင်ပရက်ရှင် ရေးဟန်များထက်ပိုကဲသော (Abstract)ရုပ်ဝတ္ထုမဲ့ဟန်ကိုပိုပြီး အလေးပေးသောလမ်းကြောင်းသို့တဖြည်းဖြည်းသာ သွားနေခဲ့သည်။ ဤအဆင့်မှာ သူသိပ်မကြာလိုက်ဘဲ
သူ့အစွမ်းအစနှင့် စိတ်ကူးသစ်များကိုကျောင်းမှ အကန့် သတ်ဥပဒေများ လွန်မြောက်ပြီးချိန်တွင်ဖောက်ခွဲရုန်းကန် ဖော်ထုတ်ခဲ့သည်။ သူက ''ကင်းဗက် ပိတ်စပေါ်မှာ ဆေးစက်များကို ဓားချက်တွေနဲ့ ဟိုဒီဆွဲချပြီး ကျွန်တော်ပြင်းအားရှိသလောက် တေးသီချင်းတစ်ပုဒ်သီဆိုသလို ရေးချလိုက်တယ်'' လို့ဆိုခဲ့သည်။ ယခုအချိန်မှာ သူဟာဒြပ်မဲ့ပန်းချီဟု ဆိုနေကြသည့် (Abstract)
ပန်းချီဝါဒ၏ အစဦး တီထွင်ခဲ့သူ တစ်ယောက်ဟု ဆိုနေရပြီ ဖြစ်သည်။ ၁၉ဝ၃ ခုလောက်ကစပြီး ဥရောပတစ်ခွင်တွင် သူ့ပြပွဲလက်
ရာများကို လှည့်လည် ခင်းကျင်းခဲ့သည်။ မြူးနစ်တွင် အခြေတည်ပြီးခေတ်သစ်ပန်းချီအုပ်စု (Blue Con
strasting Sounds (1924)Rider)အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။Franz Marc, Paul Kleeလှုပ်ရှားခဲ့ကြသည်။ ၁၉၃၃ တွင်
ဂျာမနီနိုင်ငံမှ ထွက်ခွာ၍ ပါရီမြို့တစ်ဝိုက်တွင်နေထိုင်အခြေချခဲ့သည်။
On White II 1923; Oil on canvas
ပြင်သစ်ပန်းချီအသိုင်းဝိုင်း၏ ငြင်းမှုကိုလည်း ခံခဲ့ရသည်။ လူငယ်ပန်းချီဆရာများကတော့ လေးစားချစ်ခင်ကြသည်။ သူ့စတူဒီယိုသို့ အမြဲလာသူများတွင်ဂျွန်မီရို၊ မက်နယ်လီနှင့် ဆိုဖီတူဗာတို့ ပါဝင်ခဲ့သည်။ကန်ဒင်းစကီးသည် သူသေဆုံးခဲ့သည့် ၁၉၄၄ ဂျွန်လတိုင်အောင်မနားတမ်း ရေးဆွဲသွားခဲ့သည်။ သူ့ကိုယ်ပိုင်ပုံသဏ္ဍန် သစ်များကိုဂျီသြမေတြီဆန်သည့်ဒြပ်မဲ့ဘာသာစကားအဖြစ် အစွန်းတစ်ဖက်ထိရောက်အောင် ပို့ဆောင်နိုင်ခဲ့သည်။ ကျွန်တော် တို့အတွက် အနှစ်ချုပ်ပန်းချီ ဒြပ်မဲ့စိတ်ကူးများအတွက်
မူကွဲများစွာ ပေးသွားခဲ့သည်။ ကျွန်တော်တို့ရင်ထဲမှ အသံများအတွက် ပုံသဏ္ဌာန်များဖြင့် အသွင်းပြောင်းပြသွားခဲ့သည်။
နောက်ထပ် (Abstract) ပန်းချီလမ်းကြောင်းပေါ်က ဆရာတွေအကြောင်းဆက်ပါဦးမယ်. ..
(Posted by pagyi sayar on March 25, 2010 at 11:30am)
@https://myanmardigitalartists.ning.com/profiles/blogs/abstract-art
No comments:
Post a Comment