ရာသီတစ်ဒါဇင်လောက်မေ့ထားပြီးမှ
တစ်လထဲပွင့်ပြ
ပြင်းရှရှဂီတသံနောက်မှာ စံပယ်ရုံနဘေးနားက
အနမ်းဘူတာအိုကြီးသိတယ် ။
လိမ်လည်မှုနဲ့ ရေမစိုခဲ့တဲ့ အတိတ်ကို
အနှေးပြကွက်နဲ့ ငါပြန်ရှာတွေ့တယ် ။
စိတ်ကူးထဲမှာကြယ်တွေကြွေတို င်း
ပိတောက်တွေလိုက်ကောက်လို့မဆုံး ။
ပိတောက်မြို့က ပိတောက်မြို့ကို
အဖြေပေးလိုက်ပြီ
ငါ့ Evangeline ကလေးရေ …. ။
တစ်ယောက်ကို တစ်ယောက်
အလင်းမြဆုံးပွင့်လင်းနီမြန်းခဲ့ကြတာပါ …
ဒါကို ပိတောက်လထဲက
ငါ့မွေးနေ့အိုကလေးအသိ .. ။
မြို့ကလေးရဲ့ ပိတောက်ဂီတကို
ရနံ့စားသုံးသူငါက
ဘယ်လိုမှခံစားလို့မရတော့ဘူး … ။
သက်တံ့တိမ်တိုက်တွေရေ ….
နွေဦးလွင်ပြင်ကို ဆင်တူရိုးမှားမလုပ်ကြပါနဲ့ …
ဗိုလ်အောင်ကျော်လမ်းက
ပိတောက်ပင်တွေ ငိုကြလိမ့်မယ် … ။
ဧပရယ်အကြမ်းဆုံးညမှာ
ငါချုပ်ပေးခဲ့တဲ့ voodoo အရုပ်ကလေး
နင်သတ်ပစ်လိုက်ပြီလား … ။
ပိတောက်ပင်အောက်မှာ မြို့ကလေးနဲ့အတူ
စာမျက်နှာ ၂၉ကို ငါမြှုပ်ပေးခဲ့ပါ့မယ် … ။
အချစ်ဆိုတဲ့အမည်နာမတစ်ခုကို
ငါမကိုးကွယ်လိုတော့ဘူး
သံယောဇဉ် ပိတောက်သတ်တဲ့လမှာ
ငါ့နှလုံးသားကို
သင်္ကြန်အသစ်ကျတ်ချွတ်ကျပါရစေတော့ကွယ် … ။
nelay
No comments:
Post a Comment