Pages

Wednesday, April 28, 2010

“နီလေး”




ဘာမှမဟုတ်ဘူး

အဲဒါ

ရူးနေတဲ့လူ။





-နေ့သစ်
၂၈.၄.၂၀၁၀

Tuesday, April 27, 2010

ABSTRACT ART



ဒြပ်မဲ့(သို့) အနှစ်ချုပ် (သို့)ရုပ်ဝတ္ထုမဲ့ပန်းချီ ABSTRACT ART
(Posted by pagyi sayar on March 25, 2010 at 11:30am)


အက်ဘ်စထရက် ပန်းချီဆိုတာ ပန်းချီသမိုင်းမှာ ၁၉ ရာဇုနှောင်းပိုင်းနဲ့ ၂၀ ရာဇုအစပိုင်းမှာ လှုပ်လှုပ်ရှားရှားတွေဖြစ်လာတဲ့ ပန်းချီဟန်တစ်ခုပေါ့။ ကဘာ့ပန်းချီရင်းမြစ်တွေ ဥရောပက စတင်ဖွင့်ဖြိုးခဲ့ပြီး Classiacl, Romanism, Impressionism, Post Impessionism, Expressionism, Abstract Expressionism, Pure Abstract, Minimalism, Pop Art, စသည်ဖြင့်လမ်းကြောင်းစီးဆင်းလာတဲ့ထဲမှာ၊ Expressionism လွန်ခေတ်တွေမှာ အမေရိကန်ဘက်ကို အာရုံစူးစိုက်မှုတွေရောက်ခဲ့တယ်။ စစ်နိုင်ခဲ့လို့ အင်အာတောင့်လာခဲ့တာလဲပါနိုင်တာပေါ့။ အဲဒီကာလတွေကစလို့ Modern Art ရယ်လို့ ခေါင်းစဉ်တပ်ကြလာတယ်ပေါ့။ ဒါပေမယ့်သူတို့ကို လမ်းကြောင်းပေးခဲ့သူတွေထဲမှာ ပြင်သစ်အခြေစိုက်ပန်းချီကျော်တွေ ဖြစ်တဲ့ မားတီစ် ၊Heniri Matisse 1915



Yellow Curtain 1915



တို့ ပီကာဆိုတို့ ကင်ဒန်းစကီး၊တို့ စသည်ဖြင့် သူတို့သြဇာမကင်းခဲ့ကြဘူး။

အခုအားလုံးသိပီးသားဖြစ်နေတဲ့ ဂျက်ဆင်ပိုးလော့ တို့ ဒီကူးနင်းတို့ ဟာ ဒီ အက်ဘ် စထရက် ပန်းချီကျော်တွေပေါ့။

အခု စဦး အက်ဘ်စထရက် တစ်ယောက်ကို အရင်ဆုံးပြောပြပါမယ်။


"Of all the arts, abstract painting is the most difficult. It demands that you know how to draw well, that you have a heightened sensitivity for composition and for colours, and that you be a true
poet. This last is essential." -- Wassily Kandinsky.



ကန်ဒင်းစကီး Wassily Kandinsky
(1866-1944)


(၁၈၆၆-၁၉၄၄)


''အနက်ရောင်ဟာ သေဆုံးပြီးတဲ့လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ငြိမ်သက်နေပုံမျိုး တိတ်ဆိတ်အထီးကျန်လွန်းတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဘဝနဲ့သိပ်နီးစပ်နေတယ်''လို့ ဆိုခဲ့သူက ရုရှပန်းချီဆရာ 
ကန်ဒင်းကီးဖြစ်သည်။
နာမည်အပြည့်အစုံမှာ ဗာဆီလီ ဗာဆီလီယက်ဗစ်ကန်ဒင်းစကီး ဖြစ်သည်။ ၁၈၆၆ဒီဇင်ဘာ ၄ရက်တွင် မော်စကိုမြို့တော်၌ မွေးဖွားခဲ့သည်။ အက်ဘ်စထရက်ပန်းချီကို ထင်ရှားစွာ သီးသန့်ဖော်ထုတ်နိုင်ခဲ့သူထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏ စိတ်ကူးသစ် အနုပညာဟန်သစ် ပန်းချီအောင်မြင်စွာပြသနိုင်ခဲ့ပြီးနောက် ဂျာမနီနိုင်ငံမြူးနစ်အုပ်စု (The Blue Rider, 1911-14) ကို တည်ထောင်ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုမှစ၍ပြီးပြည့်စုံစွာ သတ်မှတ်နိုင်မည့် ဒြပ်မဲ့ပန်းချီ (Abstract)
လက်ရာများကို စတင်ကျယ်ပြန့်အောင်ကြိုးပမ်းခဲ့သည်။ သူ့ပန်းချီပုံသဏ္ဍန်များမှာ ပုံဆောင်ခဲပျော်ရည်များမှ ဆင့်ကဲပြောင်းလဲ ဖြစ်ပေါ်လာဟန် ဓာတုဗေဒ ဓာတ်ငွေ့ရည်များပျော်ဝင်ပျံ့နှံ့ နေဟန် ဂျီသြမေတြိသရုပ်ပြပုံသဏ္ဍန်များ၏ ဖွဲ့စည်းမှု
ဟန်ပန်များဖြစ်သည်။ကန်ဒင်းစကီးသည် ထူးချွန်သော ဂီတပညာရှင်တစ်ယောက်လည်း ဖြစ်သည်။ တစ်ခါက သူပြောဖူးသည်။ ''အရောင် တွေဟာ ကီးဘုတ်လိုပဲ မျက်လုံးတွေကဟာမိုနီလိုက်ပေးတယ်။ ဝိဉာဉ်ကိုယ်တိုင်ကတော့ သံစဉ်များအတွက် ကြိုးတွေ
ဆိုင်းထားတဲ့ ပီယာနိုတစ်လုံးပေါ့''ဟုဆိုခဲ့သည်။ အရောင်နှင့် ဂီတသံစဉ်များသည် ရှေးပဝေသဏီ က
တည်းက ဆက်သွယ် ချိတ်ဆက်မှုတွေ များစွာရှိခဲ့သည်။ အရောင်စက်ဝိုင်းသစ် ဖော်ထုတ်ပေးခဲ့သော ဆာအိုက်ဆက်နုယူတန်ကဲ့သို့ ဖြစ်သည်။ကန်ဒင်းစကီးသည် အရောင်အသွေးအနုရင့်အားများကို ဂီတသံစဉ် အနိမ့်အမြင့်
ပြောင်းလဲမှု အသံ၏ပုံသဏ္ဍာန်များနှင့် ချိန်ထိုးသုံးစွဲခဲ့သည်။ အရောင်ပြင်းအားအနုရင့်အားများကို ဂီတသံစဉ် အနိမ့်အမြင့်ပောင်းလဲမှု အသံ၏ပုံသဏ္ဍန်များနှင့်ချိန်ထိုးသုံးစွဲခဲ့သည်။ အရောင်ပြောင်းအား အလင်းမှောင်ကို အသံ၏ အတိုးအကျယ်ခလုတ်သဖွယ် ရွှေ့ပြောင်းကစားခဲ့သည်။ သူက ''အရောင်တွေကို တွေ့တဲ့အခါမှာဂီတသံစဉ်တစ်ခုကြားလိုက်ရသလို ကျွန်တော်ခံစားတယ်''လို့ အမြဲထုတ်ဖော်ပြောတတ်သည်။


ကန်ဒင်းစကီးကို ရုရှနိုင်ငံမော်စကိုမြို့တွင် ၁၈၆၆ က ဖွားမြင်သည်။ မိဘများမှာ စန္ဒယားဂီတပညာရှင်များဖြစ်သည့်အလျှောက် သူ့ငယ်စဉ်ကပင် စန္ဒယားနှင့်ချယ်လိုတယောများကို လေ့ကျင့်တီးခတ်နေခဲ့သည်။ ၁၈၆၆ တွင် မော်စကို
တက္ကသိုလ်တွင် ဥပဒေနှင့် စီးပွားရေးဘာသာများယူခဲ့ပြီး စားမေးပွဲအောင်မြင်ပြီးနောက် မော်စကိုမြို့၏ ဥပဒေဌာနတွင် ဝင်ရောက်အမှုထမ်းခဲ့သည်။ သူသည် ပြန်လည်သင်ကြားရေးနှင့် နည်းပြဆရာတစ်ယောက်ဘဝတွင်သာ အောင်မြင်ခဲ့သည်
မဟုတ် စိတ်ပိုင်းဆိုင်ရာနှင့် ဘာသာအယူဝါဒများ အကြောင်းကိုကျယ်ကျယ်ပြန့်ပြန့် ရေးသားနိုင်ခဲ့သည်။ ၁၈၉၅ တွင် ပြင်သစ် အင်ပရက်ရှင်ဝါဒ အုပ်စုပန်းချီဆရာများ၏ပြပွဲသို့ တက်ရောက်ကြည့်ရှုခဲ့ပြီး ပန်းချီဆရာမိုနေး၏ဂီဗာနီဒေသမှ ကောက်ရိုးပုံရှုခင်း
များကို တွေ့ကြုံခဲံရသည်။ သူက ''ကျွန်တော်ပြပွဲကက်တလောက်မှာ ဒီကောက်ရိုးပုံကိုတွေ့လိုက်တော့ သိပ်မကြိုက်ချင်ဘူးဗျ၊ စိတ်ထဲမှာ သိပ်မပျော်ရွှင်နိုင်သလိုဘဲလက်မခံချင်ဘူး၊ ပန်းချီဆရာဆိုတာ ဒီလို မတိကျမရေရာတဲ့ ရေးချက်မျိုး
အချက်လက်မျိုးတွေ မရေးပြသင့်ဘူးလို့ ကျွန်တော်ထင်တယ်။ ပန်းချီကားထဲမှာအရာဝတ္ထု ပုံသဏ္ဍန်တွေက မှေးမှေးမှိန်မှိန်နဲ့ သိပ်မထင်မရှား ဖြစ်နေကြတယ်''လို့ သူ့အယူအဆကို ထုတ်ဖော်ပြောကြားခဲ့သည်။ သိပ်မကြာခင်အချိန်တွင်းမှာ
ကန်ဒင်းစကီးသည် မော်စကိုမှ ထွက်ခွာပြီး မြူးနစ်မြို့ ဂျာမနီသို့ ပန်းချီပုံတူနှင့်လူပုံခန္ဓာဗေဒဘာသာရပ်များ လေ့လာရန်ရောက်ရှိခဲ့သည်။ ထိုမှတဖန် ပန်းချီအခြေခံနှင့် အနုပညာ ရသပိုင်းဆိုင်ရာများကို တဖြည်းဖြည်းလေ့လာခဲ့သည်။
ပထမအစပိုင်းတွင် သူ့လက်ရာများသည် အင်ပရက်ရှင် ရေးဟန်များထက်ပိုကဲသော (Abstract)ရုပ်ဝတ္ထုမဲ့ဟန်ကိုပိုပြီး အလေးပေးသောလမ်းကြောင်းသို့တဖြည်းဖြည်းသာ သွားနေခဲ့သည်။ ဤအဆင့်မှာ သူသိပ်မကြာလိုက်ဘဲ
သူ့အစွမ်းအစနှင့် စိတ်ကူးသစ်များကိုကျောင်းမှ အကန့် သတ်ဥပဒေများ လွန်မြောက်ပြီးချိန်တွင်ဖောက်ခွဲရုန်းကန် ဖော်ထုတ်ခဲ့သည်။ သူက ''ကင်းဗက် ပိတ်စပေါ်မှာ ဆေးစက်များကို ဓားချက်တွေနဲ့ ဟိုဒီဆွဲချပြီး ကျွန်တော်ပြင်းအားရှိသလောက် တေးသီချင်းတစ်ပုဒ်သီဆိုသလို ရေးချလိုက်တယ်'' လို့ဆိုခဲ့သည်။ ယခုအချိန်မှာ သူဟာဒြပ်မဲ့ပန်းချီဟု ဆိုနေကြသည့် (Abstract)
ပန်းချီဝါဒ၏ အစဦး တီထွင်ခဲ့သူ တစ်ယောက်ဟု ဆိုနေရပြီ ဖြစ်သည်။ ၁၉ဝ၃ ခုလောက်ကစပြီး ဥရောပတစ်ခွင်တွင် သူ့ပြပွဲလက်
ရာများကို လှည့်လည် ခင်းကျင်းခဲ့သည်။ မြူးနစ်တွင် အခြေတည်ပြီးခေတ်သစ်ပန်းချီအုပ်စု (Blue Con
strasting Sounds (1924)Rider)အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။Franz Marc, Paul Kleeလှုပ်ရှားခဲ့ကြသည်။ ၁၉၃၃ တွင်
ဂျာမနီနိုင်ငံမှ ထွက်ခွာ၍ ပါရီမြို့တစ်ဝိုက်တွင်နေထိုင်အခြေချခဲ့သည်။





On White II 1923; Oil on canvas



ပြင်သစ်ပန်းချီအသိုင်းဝိုင်း၏ ငြင်းမှုကိုလည်း ခံခဲ့ရသည်။ လူငယ်ပန်းချီဆရာများကတော့ လေးစားချစ်ခင်ကြသည်။ သူ့စတူဒီယိုသို့ အမြဲလာသူများတွင်ဂျွန်မီရို၊ မက်နယ်လီနှင့် ဆိုဖီတူဗာတို့ ပါဝင်ခဲ့သည်။ကန်ဒင်းစကီးသည် သူသေဆုံးခဲ့သည့် ၁၉၄၄ ဂျွန်လတိုင်အောင်မနားတမ်း ရေးဆွဲသွားခဲ့သည်။ သူ့ကိုယ်ပိုင်ပုံသဏ္ဍန် သစ်များကိုဂျီသြမေတြီဆန်သည့်ဒြပ်မဲ့ဘာသာစကားအဖြစ် အစွန်းတစ်ဖက်ထိရောက်အောင် ပို့ဆောင်နိုင်ခဲ့သည်။ ကျွန်တော် တို့အတွက် အနှစ်ချုပ်ပန်းချီ ဒြပ်မဲ့စိတ်ကူးများအတွက်
မူကွဲများစွာ ပေးသွားခဲ့သည်။ ကျွန်တော်တို့ရင်ထဲမှ အသံများအတွက် ပုံသဏ္ဌာန်များဖြင့် အသွင်းပြောင်းပြသွားခဲ့သည်။

နောက်ထပ် (Abstract) ပန်းချီလမ်းကြောင်းပေါ်က ဆရာတွေအကြောင်းဆက်ပါဦးမယ်. ..



(Posted by pagyi sayar on March 25, 2010 at 11:30am)
@https://myanmardigitalartists.ning.com/profiles/blogs/abstract-art





HOE (သော့) (ဝထကလသ)



ညအနီ


ကောင်းကင်ကိုမော့ကြည့်ပြီး


လက်ညှိုးလေးတစ်ချက် “ကွေး” ချလိုက်တယ်


ကြယ်တွေကြွေလာစမ်း



ရုပ်သေး


>>> ဆရာဟိန်းမြတ်ဇော်၏ ညအပြာ ကဗျာအား ပြန်လည်ခံစားသည်။ <<<

------------------------


ရွှေမင်းသမီး


မင်းအိမ်နံပါတ်လေးကို တံခါးခေါက်ဖို့

ငါ့အရပ်က ခြောက်ပေမကျော်ဘူး

ချစ်ရတာ အိပ်မက်ထဲမှာတောင် ချွေးတစိုစိုနဲ့

လမ်းမီးတိုင်တွေလည်း ငိုပြီ။



နေ့သစ်


------------------------



“ဝဋ်’’ အကြီးကြီး လည်တယ်။


ပင်လယ်ထဲရောက်ပြီး

မိုးရေ ငတ်နေသလိုမျိုး ၊

သေရမှာတောင် “မေ့” တယ် ။



ညီစိမ်း


------------------------


Language ဆိုသည်မှာ …


သူ ဘာသာစကား ပြောတယ် ။
သူ့ဘာသာသူ စကားပြောတယ် ။
သူ့ ဘာသာစကား သူ ပြောတယ် ။


ဆူးခက်မင်း

------------------------


အိုချင်း


အလျင်လို လမ်းအိုလိုက်တဲ့
ဟင့်အင်း . . . အလျင်မလိုပါဘူး
ဒါပေမယ့် လမ်းအိုပဲ လိုက်ခဲ့တယ်
မှတ်တိုင်အို တစ်ခု အရောက်မှာ
ကဝေအိုတွေ အတွက်
ဂစ်တာအိုကို ကြိုးပြန်ညှိပြီး
သံစဉ်အိုတွေ တီးခတ်ပြတော့
ကကြိုးအိုတွေပေါ်တက်ကကြတယ်
“ ဟော ဟိုမှာကြည့်စမ်း”
ကာရန်တွေ အိုကျလာပုံများ
ကျွန်တော့်ကဗျာတွေတောင် ရွတ်တွကုန်ပြီ ။


အမျိုးအစား ။ ။ အိုချင်း



ပီတိ ( စိတ်ပညာ )


------------------------


သံပတ်ပျက်နေတဲ့ ည ( ၂ )



ငါ

ပြာချထားတဲ့ စက္ကူရုပ်မ

ငါ

သံပတ်မပေးပဲ ထထ “ က ’’ လို့ ။




ရုပ်သေး

------------------------




HOE (သော့) (ဝထကလသ)
handsofenlightenment@googlemail.com
http://handsofenlightenment.blogspot

လိုင်စင်ဓာတ်ပုံ ~လွန်းဆက်နိုးမြတ်~



မှန်ကြည့်လိုက်
ခေါင်းနည်းနည်းဖြီးလိုက်
ဖြစ်နိုင်ရင် နားကွင်းကိုချွတ်ပေးပါလား
ဟိုဘက်ကိုလှည့် ခါးမတ်မတ်ထား ငြိမ်ငြိမ်လေးနေ
အင်္ကျီကို အောက်ဆွဲဆန့်ပေးပါလား
ညာဘက်ပခုံးနည်းနည်း နှိမ့်လိုက်
ခါးကို ဘယ်ဘက်နည်းနည်း
အံကြိတ်မထားနဲ့
တည့်တည့်ကြည့်
ပြုံးပြုံးနေ။



လွန်းဆက်နိုးမြတ်
၂း၂၅ နံနက်


ဇာတိပေးသော နာမ် စာအုပ်မှ။

ဖိုတိုအယ်(လ)ဘမ် ~မြေမှုန်လွင်~



တစ်မျက်နှာပြီးတစ်မျက်နှာ ...
မုဆိုးကောင်းတို့မည်သည်မှာ ခြေရာမထင်ခဲ့သလို ဘယ်ဘက်လက်ညှိုးနှင့်
ညာဘက်လက်ညှိုး အတိုအရှည် မတူညီနိုင်ခဲ့သလို
သူယုတ်မာတို့နားခိုရာ ဆေးထိုးအပ်ထဲမှ ရောဂါဝေဒနာအပေါင်း ပျောက်ကင်းစေ
သည့် ဆေးရည်လည်း ဖြစ်ခဲ့သလို
ကျွံကျခဲ့သည့်ခြေထောက်တို့ ခြစားခဲ့သည့် အရိုးများတို့ သမိုင်းသုတေသီများပင်
အလုပ်ပျက်စေမည့် မြင်ကွင်းတို့ဖြင့် တံဆိပ်အမျိုးမျိုးနဲ့ ထိပ်ဆုံးကစားပွဲဝိုင်းမှာ
ထိုင်ခဲ့တော့ ခင်ဗျား အသုဘက လူစည်မှာပေါ့ ....
အားကျမှုတွေ အရည်ပျော်ဖို့နေနေသာသာ အစိုင်အခဲတောင် တစ်ခါမှမဖြစ်ခဲ့
အပင်ပန်းခံပြီး ဖိုတိုအယ်(လ်)ဘမ်ကို လှန်ကြည့်ဖို့ကြိုးစားနေတဲ့
စည်သွပ်ဘူး
ကြီးကိုလည်း အားနာပါရဲ့
လမ်းသလားနေတဲ့ရာသီတွေကြောင့်လား @ အိတွဲလာတဲ့ အရေပြားတွေ
ကြောင့်လား
မြင်ကွင်းတွေစိမ်းလန်းခြင်းမှ ခြောက်ခမ်းလာ
မျက်စိမှိတ်ရမှာကိုတောင် ကြောက်တဲ့တွင်းဟောင်းလေးပါ
တူးချင်သလို တူးခဲ့ကြပြီး
မြေပြန်ဖို့
ဖို့
မေ့နေကြလား ....



မြေမှုန်လွင်


ဇာတိပေးသော နာမ် စာအုပ်မှ။







ရှုခင်းများ ~သစ္စာနီ~



ရှုခင်းများ (၄)

သင်္ဘောပျက်တွေ ရတနာတွေ
အရိုးစုတွေကို သိုဝှက်လို့
ပင်လယ်ဟာ ...။
မေ့လွယ်ပျောက်လွယ်တဲ့ လူတွေ
ကမ်းခြေမှာ ...
လှိုင်းကို အပျော်စီးကြတယ်။


သစ္စာနီ


--------------------------


ရှုခင်းများ (၇)


ငါ
ရင်ခုန်ခဲ့ဖူးတယ်။
ဟောဒီမှာ ...
တိုက်တာတွေ ပိုကြီးလာတယ်
လူတွေ ပိုသေးလာတယ်
မော်တော်ကားတွေ ပိုများလာတယ်
သစ်ပင်တွေ ပိုရှားလာတယ်
ဆိုင်းဘုတ်တွေ ပိုပေါလာတယ်
တံတွေးတွေ ပိုပေါလာတယ်
ရန်ကုန် ...
သွေးဆုံးတာ ကြာပြီ။


သစ္စာနီ


--------------------------


ရှုခင်းများ (၆)


ကောင်းကင်မှာ
တိမ်တွေ တရွေ့ရွေ့။
တံတားအောက်မှာ
ရေတွေ တရွေ့ရွေ့။
နာရီထဲမှာ
လက်တံတွေ တရွေ့ရွေ့။
မှန်ထဲမှာ
ငါ့မျက်နှာတရွေ့ရွေ့။


သစ္စာနီ


--------------------------


ရှုခင်းများ (၁)


သစ်ပင်ပုပုတွေနဲ့
လက်ဖက်ရည်ဆိုင်။
ထိုင်ခုံပုပုမှာ
ခပ်ပုပုလူတွေ ထိုင်လို့။
သူတို့ ...
အရိပ်တွေသာ ရှည်လျားကြတယ်။


သစ္စာနီ

ဇာတိပေးသော နာမ် စာအုပ်မှ။

--------------------------






Monday, April 12, 2010

ပိတောက်တွေနဲ့ ရင်ပြည့်နေတဲ့ မြို့ (ခ)



ရာသီတစ်ဒါဇင်လောက်မေ့ထားပြီးမှ
တစ်လထဲပွင့်ပြ
ပြင်းရှရှဂီတသံနောက်မှာ စံပယ်ရုံနဘေးနားက
အနမ်းဘူတာအိုကြီးသိတယ် ။


လိမ်လည်မှုနဲ့ ရေမစိုခဲ့တဲ့ အတိတ်ကို
အနှေးပြကွက်နဲ့ ငါပြန်ရှာတွေ့တယ် ။


စိတ်ကူးထဲမှာကြယ်တွေကြွေတို င်း
ပိတောက်တွေလိုက်ကောက်လို့မဆုံး ။


ပိတောက်မြို့က ပိတောက်မြို့ကို
အဖြေပေးလိုက်ပြီ
ငါ့ Evangeline ကလေးရေ …. ။


တစ်ယောက်ကို တစ်ယောက်
အလင်းမြဆုံးပွင့်လင်းနီမြန်းခဲ့ကြတာပါ …
ဒါကို ပိတောက်လထဲက
ငါ့မွေးနေ့အိုကလေးအသိ .. ။


မြို့ကလေးရဲ့ ပိတောက်ဂီတကို
ရနံ့စားသုံးသူငါက
ဘယ်လိုမှခံစားလို့မရတော့ဘူး … ။


သက်တံ့တိမ်တိုက်တွေရေ ….
နွေဦးလွင်ပြင်ကို ဆင်တူရိုးမှားမလုပ်ကြပါနဲ့ …
ဗိုလ်အောင်ကျော်လမ်းက
ပိတောက်ပင်တွေ ငိုကြလိမ့်မယ် … ။


ဧပရယ်အကြမ်းဆုံးညမှာ
ငါချုပ်ပေးခဲ့တဲ့ voodoo အရုပ်ကလေး
နင်သတ်ပစ်လိုက်ပြီလား … ။


ပိတောက်ပင်အောက်မှာ မြို့ကလေးနဲ့အတူ
စာမျက်နှာ ၂၉ကို ငါမြှုပ်ပေးခဲ့ပါ့မယ် … ။


အချစ်ဆိုတဲ့အမည်နာမတစ်ခုကို
ငါမကိုးကွယ်လိုတော့ဘူး
သံယောဇဉ် ပိတောက်သတ်တဲ့လမှာ
ငါ့နှလုံးသားကို
သင်္ကြန်အသစ်ကျတ်ချွတ်ကျပါရစေတော့ကွယ် … ။



nelay





Sunday, April 4, 2010

SURREALISM သရုပ်မှန်လွန် အိပ်မက်ပန်းချီ (Posted by pagyi sayar)




Create by Saw Thinzar Htaik


မကြယ်ပွင့်စိမ်း ရဲ့ The Lost ကိုတွေ့ပြီး Surreal တွေအကြောင်းပြောဖို့ သတိရလာတယ်။
အနုပညာသမားတွေတော်တော်များများဟာ အိပ်မက်ကဘာထဲမှာပျော်မွေ့သူတွေများတယ်။ ဒီထဲမှာ အဲဒီအိပ်မက်တွေကို အမျိုးမျိုးသောဖန်တီးမှုတွေနဲ့အကောင်ထည်ဖေါ်ခဲ့ကြတဲ့ထဲမှာ ဒီ Surrealism ဟာ
20ရာစု အစပိုင်းတွေမှာ ဥရောပမှာစတင်ဖွင့်ဖြိုးလာခဲ့တဲ့ ပန်းချီဟန်တစ်ခုပါ။ ဒီဟန် မှာကျော်ကြားခဲ့သူတွေက
အများသိပီးသား ဆာဗေဒေါ ဒါလီ (နာရီပျော့တွေရဲ့ဖန်တီးရှင်)၊ နောက်ပီး ဟင်နရီရူးဆိုး ၊ မက်ရှာဂေါလ်။ တန်ဂိုင်း၊
စသူတွေပေါ့။




နောက် ဒီ ဆာရီယယ်ဟန်ရဲ့ဇစ်မြစ်ဟာ ဥရောပရဲ့ ခါးသီးခဲ့တဲ့ စစ်မက်ကာလတွေ၊ အနုပညာရှင်ရဲ့ ဘဝအဖုံဖုံ နာကျည်းမှုတွေ လောကကိုသရော်လှောင်ပြောင်လိုမှု၊ အပြင် သဘာဝကိုထူးကဲပြီး တန်ဆာဆင်လိုခြင်း၊ ဂီတပြဇာတ်တွေကို စိတ်ကူးယဉ်ပန်းချီထဲနစ်မြောအောင်တင်ပြလိုခြင်းတွေလဲ အခြေခံပါလိမ့်မယ်။
အခု အဆင်သင့်ရှိနေတဲ့ စိတ်ကူးပန်းချီဆရာ မက်ချာဂေါလ် ရဲ့အကြောင်း ပြောပြပါမယ်။




ဇာတ်ခုံပေါ်ရောက် ပန်းချီဆရာ
မက်ခ်ရှာဂေါလ်
(၁၈၈၇-၁၉၈၅)




ပန်းချီဆရာ မက်ခ်ရှာဂေါလ် (၁၈၈၇-၁၉၈၅)ရဲ့ ဂျူးပြဇာတ်ရုံ ပန်းချီကားဟာ ခေတ်သစ်ပန်းချီသမိုင်းအတွက် အံ့သြလှုပ်ရှားစရာ ကောင်းလောက်တဲ့အနုပညာရတနာတစ်ခုပါ။ ပြပွဲတစ်ခုလုံးမှာ ညှို့ငင်နိုင်စွမ်းအရှိဆုံးတစ်ခုပါပဲ။ ရှာဂေါလ်ရဲ့ ဒီ ဂန္တဝင်လက်ရာကြီးဟာ ၁၉၂ဝ ခုနှစ်က မော်စကိုမှာ လာရောက်ကပြခဲ့ကြတဲ့ ဂျူးပြဇာတ်အဖွဲ့ရဲ့ ကပြဖျော်ဖြေမှုသရုပ်တွေ ဖြစ်ပါတယ်။ ဒီလက်ရာတွေကို၁၉၅ဝ ခုနှစ်ထဲမှာ မော်စကိုမြို့က ပြခန်းမှာထားရှိခဲ့တယ်။ ဒီပန်းချီလက်ရာတွေ ရေးဆွဲပြီး ၁၉၂၂ ခုနှစ်မှာ သူ ဆိုဗီယက်ပြည်ထောင်စုကနေ ထွက်ခွာလာခဲ့တယ်၊ သူဆိုဗီယက်ကို ပထမဆုံးအကြိမ် ပြန်ရောက်လာချိန်မှာ သူ့လက်ရာတွေအတွက်သူ့နာမည်ကို ပန်းချီကားမှာ လက်မှတ်ရေးထိုးပေးခဲ့တယ်။ သူ့စိတ်ထဲမှာတော့ မပျောက်မပျက်ပဲ သူ့လက်ရာတွေ ကျန်ရှိနေဦးမယ်လို့ ထင်မထားခဲ့ဖူးလေ။အခုတော့ ပြတိုက်ထဲမှာ ရောက်ရှိနေခဲ့ပြီ။ ဒီလက်ရာတွေကို ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့ ဆွတ်ဇာလန်၊ ဖရန့်ဖွတ် (ဂျာမဏီ)၊ မော်စကိုနဲ့စိန်ပီတာစဘတ်မြို့တွေမှာ လှည့်လည်ပြပွဲတင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ အခုမေရိကန်နိုင်ငံ ပြတိုက်နဲ့ ချီကာဂိုမြို့က အနုပညာကျောင်းမှာပြပွဲတင်သွင်းပြသခဲ့တယ်။ ရှာဂေါလ်ဟာ သူ့လက်ရာတွေထဲမှာ အနုပညာသမားတစ်ယောက်ရဲ့ တစ်သက်တာမှတ်တမ်းလက်ရာမျိုးအဖြစ်၊ ပြင်းထန်စူးရှ တောက်ပမှုမျိုးကို ကျွန်တော်တို့ထင်ထားတာထက်ပိုပြီး ဖွင့်ထုတ်ဖော်ပြထားတာ တွေ့လိုက်ရတယ်။
မက်ခ်ရှာဂေါလ်ဟာ အခမ်းနားပြင်ဆင်မွမ်းမံမှု၊ အလှခြယ်လှယ်မှုနဲ့နံရံကပ်ရောင်စုံကျောက်ပြားကပ် ပန်းချီတွေအပြင် ပြူတင်းပေါက်အလှဆင်မှန်ရောင်စုံပန်းချီတွေပါ ရေးဆွဲလုပ်ကိုင်ခဲ့ဖူးတဲ့ ဘဝစုံတဲ့ပန်းချီဆရာတစ်ယောက်ဖြစ်
ပါတယ်။သူ့ဘဝတစ်သက်တာကိုပြန်ကြည့်လိုက်ရင် အမှန်တကယ်ကျွမ်းကျင်ပြည့်ဝတဲ့ပန်းချီဆရာပါ။ သူ့ပြပွဲကအချို့သော ကားဟောင်းလေးတွေဟာ ထင်ထားတာထက် ပိုပြီး စွဲမက်စရာကောင်းနေကြတယ်။ နယူးယောခ်က ပြတိုက်မှာပြတဲ့ သူ့ရဲ့ဇာတ်ရုံမြင်ကွင်းတွေမှာတော့ ပိုပြီးလှုပ်ရှားတက်ကြွစရာ ကောင်းပါ
တယ်။ ကြည့်ရှု့သူတွေအတွက် ကျယ်လောင်မြူးကြွတဲ့ပွဲတော်ရဲ့ ခံစားမှုမျိုးကိုပေးနေတယ်လို့ထင်မိတယ်။ သူ့လက်ရာထဲက ဂီတဆရာတွေ၊ မျက်လှည့် ပညာရှင်တွေ၊ ကျွမ်းဘားဆက်ကပ်သမားတွေဟာ သူရေးလေ့ရေးထရှိတဲ့ လူပုံသဏ္ဌာန်တွေနဲ့အကြောင်းရာ ကိုက်ညီနေလေတော့ ပိုပြီးမြူးကြွပေါ်လွင်လာတယ်။ ဟာသသရုပ်ဆောင်တွေကြောင့်ပျော်ရွှင်ရယ်မောရတာတွေ၊ ရင်တဖိုဖိုဖြစ်ရတာတွေကို သူ့လက်
ရာထဲက ဖွဲ့စည်းမှုအထားအသိုနဲ့ ပိုင်းခြားထားတဲ့အရောင်တွေမှာ မြင်နိုင်တယ်။



Music (Jewish Theatre) by Marc Chagall


ရှာဂေါလ်ဟာ ၁၉ဝ၇ ကနေ ၁၉၁ဝ ခုနှစ်လောက်ထိ ပြဇာတ်ရုံတွေကပွဲတွေနဲ့ အကျွမ်းတဝင်ရှိခဲ့တယ်။အဲဒီကထဲက ကဇာတ်ရုံတွေရဲ့ နောက်ခံပိတ်ကားတွေဆွဲဖို့ သူစဉ်းစားခဲ့ဖူးတယ်။ ဒါပေမယ့် မစတင်ဖြစ်ခဲ့ဘူး။ ပြင်သစ်ကို ခရီး
ထွက်ခဲ့ပြီး ၁၉၁ဝ ကနေ ၁၉၁၄ ထိ နေထိုင်ဖြစ်ခဲ့တယ်။ ၁၉၁၅ ခုနှစ်မှ မော်စကိုမြို့မှာပထမဆုံးနေထိုင်ဖြစ်ခဲ့တယ်။ ဒါပေမယ့် သူဟာ ပတ်ဝန်းကျင်နဲ့အံဝင်ခွင်ကျမဖြစ်ခဲ့ဘူး။ အထီးကျန်နေသလိုလို ခံစားနေခဲ့တယ်။ မကြာခဏ စင်တင်ဂီတတွေဖျော်ဖြေတတ်တဲ့ စားသောက်ဆိုင်နဲ့ ကလပ်ခန်းမတွေမှာပဲ သွားထိုင်နေတတ်တယ်။
အဲဒီကနေမှ တေးဂီတခန်းမတွေမှာ နောက်ခံပန်းချီကားနဲ့ တေးသံစုံတွေရဲ့ကိုယ်စားပြု သင်္ကေတပုံကြမ်းတွေ ရေးပေးဖို့ အကြောင်းဖန်လာခဲ့တယ်။ ဒီနောက်မှာနီကိုလိုင်အီဗရိုင်နော့ ဆိုသူ ဇာတ်ဆရာတစ်ယောက်အတွက် ဇာတ်စင်ဒီဇိုင်းတွေနဲ့ကပြသူတွေရဲ့ ဝတ်စုံဒီဇိုင်းတွေရေးပေးဖြစ်ခဲ့တယ်။ ဒီလိုအတွေ့ ကြုံ အခြေအနေတွေ
ကနေပြီး သူ့ရဲ့ဂန္တဝင်နာမည်ကျော် ဂျူးပြဇာတ်ရုံ နံရံကပ်ပန်းချီကားကြီးတွေ ရေးဖို့ရည်မှန်းချက်တွေ ဖြစ်ပေါ် လာခဲ့တာသေချာပါတယ်။
သူ့ဇာတိမြို့ ကို ၁၉၁၃ ကနေ ၁၉၂ဝ ခုနှစ်အတွင်းပန်းချီတာဝန်ခံခေါင်းဆောင်တစ်ယောက်အဖြစ် ပြန်လည်ရောက်ရျိဖြစ်ခဲ့တယ်။ပန်းချီအကယ်ဒမီကျောင်းနဲ့ ဆက်သွယ်ပေါင်းစည်းပြီး သူတို့မြို့က ခေတ်ပြောင်း
ကာလကို သရော်တဲ့ပြဇာတ်ရုံ ွှနမနလျအေ အတွက် ပန်းချီအဖွဲ့ကို ဦးဆောင်ဖို့ ကြိုးစားခဲ့တယ်။ အကယ်ဒမီအသိုင်းအဝိုင်းက မဲလ်ဗစ် ၊အယ်-လစ်စစ်စကီတို့နဲ့ ဆွေးနွေးငြင်းခုန်မှုရှည်တွေကို ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပြီးတဲ့နောက်မှာ မော်စကိုပြန်ဖို့ ဖန်လာပြန်တော့တယ်။ ၁၉၂ဝ နောက် ပိုင်း မော်စကိုရောက်ပြီးမှ ထိုင်ခုံ (၉ဝ) ဆန့်ဇာတ်ရုံငယ်လေးတစ်ရုံမှာ သူ့ရဲ့နံရံပန်းချီ ကနဦးလက်ရာကို အစမ်းသဘောရေးဆွဲဖြစ်ခဲ့တယ်။ နောက်ပိုင်း မှာဒီဇာတ်ရုံလေးကို ''ရှာဂေါလ်ရဲ့သေတ္တာလေး'' လို့ လူသိများလာခဲ့တယ်။ နံရံပန်းချီလက်ရာထဲက ဇာတ်
ကောင်ရုပ်ပုံတွေဟာ ပြဇာတ် သရုပ်ဆောင် မီခေါလ်လပ်ဆိုသူရဲ့ဟန်ပန်အမူရာတွေ လွှမ်းမိုးနေခဲ့ပြီးချာဂေါလ်
အတွက် ပိုမိုကဲတဲ့ သရုပ် ဆောင်ဟန်များ၊ သဘာဝမဟုတ် တဲ့ဖော်ပြဟန်ကိုမွေးမြူရယူနိုင်ခဲ့ တာတော့ သေချာပါ
တယ်။ အဲဒီအချိန်က သူ့နဲ့အတူဂရာနိုယက်စကီးဆိုသူ ပန်းချီဒီဇိုင်းဆရာ နောက်ခံပိတ်ကားနဲ့ အဝတ်စား
အပြင်ဆင်ပြုလုပ်သူ တစ်ယောက်နဲ့အလုပ်တူတူ လုပ်ခဲ့ကြတယ်။ အဲဒီအချိန်က သူတို့လုပ်ဖြစ်ခဲ့ကြတဲ့ ဇာတ်စင်ပိတ်
ကားတွေ၊ မျက်နှာကျက် ပန်းချီတွေဟာ အဲဒီဇာတ်ရုံကို ၁၉၂၃ မှာ ပြဇာတ်ရုံကြီးအဖြစ်ပြုပြင်ဆောက်လုပ်ရာမှာ ပျောက်ဆုံးကုန်တယ်လို့ ယူဆရပါတယ်။ အဲဒီနောက်၁၉၂၂ မှာ ရှာဂေါလ်ဟာ ဆိုဗီယက်ကနေ ထွက်ခွာလာခဲ့သလို သူ့မိတ်ဆွေဂရာနိုယက်စကီးဟာလည်း ဘာလင်မှာ နေထိုင်ခဲ့တယ်။ ပြဇာတ်သရုပ်ဆောင်တဖြစ်လည်း သူ့စံပြမော်ဒယ် မီခေါလ်လပ်ဟာ ပြဇာတ်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ် လာခဲ့သလိုသူ့ရဲ့ လီယာဘုရင် ကြီးပြဇာတ်ကြောင့် ထိတ်လန့်ကြေကွဲဖွယ်တွေမှာ ပိုင်နိုင်တဲ့နာမည်ကြီး သရုပ်ဆောင်တစ်
ယောက် ဖြစ်လာခဲ့တယ်။ ဂရာနိုယက်စကီးဟာ ၁၉၃၇ မှာ ပြင်သစ်နိုင်ငံပါရီမှာ သေဆုံးခဲ့တယ်။
ရှာဂေါလ်နဲ့ မီခေါလ်ကတော့နယူးယော့ခ်မြို့မှာ ၁၉၄၄ခုနှစ်က ထပ်မံတွေ့ဆုံခဲ့ကြပါသေးတယ်။ ရှာဂေါလ်က
စစ်ကိုရှောင်ဖို့ရောက်ရှိ နေခဲ့ပေမယ့် မီခေါလ် ကတော့ ဂျူးအမျိုးသားရေးနဲ့နိုင်ငံရေးတာဝန်တွေကိုထမ်းဆောင်ရင်း ရောက်ရှိ နေတာပါ။ရှာဂေါလ်ရဲ့ ''ဂျူးပြဇာတ်ရုံမိတ်ဆက်ခြင်း'' ဆိုတဲ့ နံရံကပ်ပန်းချီကားရှည်ကြီးကို စိတ်ဝင်တစား အလုံးစုံရှုမြင်သုံးသပ်ကြည့်မိတော့ ပေ ၃ဝ နီးပါး အရှည်ရှိတဲ့ ပန်းချီကားကြီးကို ထက်ဝက်ပိုင်းကြည့်ရင် ဘယ်ဖက်တစ်ဝက်ရဲ့ ဖွဲ့စည်းပုံထဲမှာရှာဂေါလ်ဟာ သူကိုယ်တိုင် အညိုရောင်ကုတ်ဝတ်စုံကိုဝတ်ထားပြီး
ဆိုတဲ့ ပြဇာတ်ဝေဖန်ရေးဆရာရဲ့ ပုခုံးပေါ်မှာတင်ပြီး သယ်ဆောင်သွားတဲ့ဟန် ရေးထားတယ်။ အနက်ရောင်ဝတ်စုံကို ကျကျနနဝတ်ထားတဲ့ ဝေဖန်ရေးဆရာ ဟာ မုတ်ဆိတ်မွေးပါးမြိုင်းမွေးတွေအပြည့်အစုံနဲ့ ဂျူးအမျိုးသားရဲ့ ဟန်ပန်အပြည့်နဲ့ပါ။ ချာဂေါလ်ဟာ သူ့ရဲ့လက်ထဲမှာ ပန်းချီဆေးစပ်ပြားကိုကိုင်ထားပြီး ဒီဆေးစပ်ပြား
ရဲ့ နောက်မှာ ပြဇာတ်ဒါရိုက်တာတစ်ယောက်ရဲ့ပုံကို ဂျီသြမေတြီပိုင်းခြားစိတ်ဖြာမှုပုံသဏ္ဌာန်နဲ့ တိုက်ခိုက်စည်းနှောင်ပြီး ဖော်ပြထားတယ်။ သူ့မိတ်ဆွေ သရုပ်ဆောင်ပညာရှင် မီခေါလ်လပ်ရဲ့ပုံကိုတော့ ခပ်တောက်တောက်အပြာရောင် ရှပ်အင်္ကျီနဲ့အနက်ရောင် ဘောင်းဘီရှည်ဝတ်ဆင်ပြီး ပျော်ပျော်ရွှင်ရွှင် ခုံပေါက်သရုပ်ဆောင်ကပြဟန်ရေးဆွဲထားတယ်။ အဲဒီပုံကို အစေခံလူပုလေးတစ်ယောက်ရဲ့ ညာဖက်မှာ
ကပ်လျက်ရေးဆွဲထားပါတယ်။ ဒီလူပုလေးပုံကိုလည်း သူ့ပန်းချီ ရေးဆွဲနေစဉ်အတောတွင်း ၁၉၂ဝ-၂၁ ဆောင်းရာသီရဲ့ ဆိုးဆိုးရွားရွား အအေးဒဏ်ကနေ ကာကွယ်ဖို့နွားနို့ဖျော်ရည်ပူပူ သယ်ဆောင် ကူညီပေးတဲ့အတွက် ထည့်ရေးထားခဲ့တယ်။ပန်းချီကားရဲ့အလယ် ဗဟိုလောက်မှာ သူ့ဇာတ်လိုက်သရုပ်ဆောင်
မီခေါလ်လပ်ရဲ့ နှာခေါင်းဖျား ကနေ တယောတစ်လက် ကို ချိတ်ဆက်ထားတယ်။

ဒါဟာ သံစုံ တီးဝိုင်းရဲ့ အရေးပါတဲ့သင်္ကေတကို ဖော်ပြထားတာဖြစ်ပါတယ်။ တယောဆရာ ကတော့ အပေါ်ဖက်မှာ လေထဲပေါလော မြောနေတဲ့ဟန်နဲ့ ရေးထား ပါတယ်။အဲဒီကနေညာဖက် တစ်လျှောက်လုံးမှာတော့ ကင်းမြီးကောက်ထောင် နေကြတဲ့ ဂျွမ်းဘားသရုပ်ဆောင်များကို တန်းစီရေးထားတယ်။ သူတို့ရဲ့ အဝတ်စား အဆင်တန်ဆာတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ အဲဒီကနေ ဟိုညာဖက်
အပေါ်စွန်းထောင့် မှာတော့ ဦးခေါင်းမဲ့သဏ္ဌာန်တွေ မျက်နှာမပါတဲ့ လူပုံတွေကိုရုန်းရင်းတဲ့ ဆိုးဆိုးရွားရွားလိင်ကိစ္စ ဟန်ပန်တွေနဲ့ ယှဉ်တွဲတွေ့မြင်ရတယ်။ ညာဖက်ခြမ်းက အောက်ဖက်ထောင့်မှာတော့ သူ့ချစ်ဇနီး ဘယ်လာနဲ့ သူ့သမီး အိုင်ဒါတို့ပုံတွေကို ရောင်စုံသက်တံ့ခုံး ပြင်ကျယ်ပေါ်မှာ ထင်ဟပ်ထားပြန်တယ်။ ဘက်ဖက်မျက်နှာ
ချင်းဆိုင်မှာတော့ သူ့အဖေနဲ့အမေ တို့ပုံနဲ့အတူသူ့ပုံကိုပါ ထည့်သွင်း ရေးဆွဲခဲ့တယ်။အဲဒီကနေ အောက်ဖက် ထောင့်စွန်း နားမှာတော့ ညစ်ပတ်ပတ် ဝက်တစ်ကောင်ကိုသေးနဲ့ပန်းနေတဲ့ ဂျူးကောင်လေးတစ်ယောက်ပုံကို တွေ့ရပါလိမ့်မယ်။အားလုံးကိုခြုံငုံကြည့်ရင် ပန်းချီးကားကြီးတစ်ခုလုံးဟာ ထောင့်ဖြတ်မျဉ်းတွေ၊ မျဉ်းခုံးအရောင်ပြင်တွေနဲ့ လှုပ်ရှားရုံးကြွနေပါတယ်။ ဒါဟာ ဘဝဇာတ်ခုံကလူတွေရဲ့ဘဝကို ပြဇာတ်စင်ပေါ်က အတိမ်းအစောင်း အလှည့် ပြောင်းတွေနဲ့ တင်ဟပ်တင်စားပြီး တန်ဆာဆင် ပြထား တာလားမသိပါ။
ရှာဂေါလ်ရဲ့ ပန်းချီ လက်ရာတွေထဲမှာ ခမ်းနား ဆန်းပြားဆုံးလက်ရာတစ်ခုကတော့ ဇာတ်ခုံပေါ်ကအချစ် ဆိုတဲံ ပန်းချီကားပါ။



Love on the Stage (1920)



နုညံ့ပျော့ပြောင်းတဲ့ မီးခိုရောင်နဲ့ အဝါရောင် နုနု တွေကို ဂျီသြမေတြီပုံ သဏ္ဌာန် တွေကို
ဖွဲ့စည်းပုံဖော်ထားတယ်။ အချစ်ကိုဖော်ကျူးရာမှာ ဇာပုဝါ ရဲ့ ပန်းပွင့်ဒီဇိုင်းအလိပ်ကလေးတွေကို ဟိုဒီပျံလွင့်နေသယောင်ဖော်ပြဖို့ ဇာပန်းအဝတ်စကိုဆေးရည်မှာနှစ်ပြီး ပန်းချီကားချပ်ပေါ် ပြန်ကပ်ပြီး ပုံဖော် တဲ့နည်းကိုသုံးခဲ့တယ်။သူဟာ အခြားဂျူးပြဇာတ်ရုံမိတ်ဆက်ခြင်း(၁၉၂ဝ)အက၊ ပြဇာတ်၊ စာပေ၊ ဂီတ
စတဲ့ နာမည်တွေ ပေးထားတဲ့လက်ရာတွေကိုလည်း ဒီလိုဆင်ယင်မှုနည်းတွေနဲ့ သူ့ကိုယ်ပိုင် ရုပ်ပုံသဏ္ဌာန်တွေသုံးပြီး
ရေးဆွဲခဲ့တယ်။ မက်ရှာဂေါဟာသင်္ကေတဆန်တဲ့ အစိတ်အပိုင်းပုံသဏ္ဌာန်တွေကို သူ့အိမ်မက်
ပန်းချီဟန်ပန်ထဲကို ထည့်သွင်းနိုင်ခဲ့တယ်။ ဂီတအနုပညာနယ်ပယ်ကလာသူမို့ သူ့လက်ရာ
တွေမှာ တယောဆရာလိုပုံသဏ္ဌာန်ကို အမြဲလိုတွေ့နိုင်တယ်။ မင်္ဂလာပွဲ မြင်ကွင်းနဲ့ ညခင်းရှုခင်းပန်းချီကားမှာဆိုရင် ဆွေးမြေ့ကြေကွဲစရာ ကောင်းလောက်အောင် စွမ်းနိုင်ခဲ့တယ်။ပန်းချီဆရာရဲ့ နက်နဲသိမ်မွေ့မှု ခွန်အားကို သူ့လက်ရာတွေမှာ များစွာမြင်နိုင်ပါတယ်။မက်ရှာဂေါရဲ့ ဘဝဟာ ဆင်းရဲတဲ့ ရုရှမိသားစုဘဝက လာခဲ့ရသူဖြစ်တယ်။
၁၉၁ဝ ခုနှစ် ပါရီကိုရောက်ခဲ့ပြီး မိုဒီကလျာနီ၊ လဲဂါ စတဲ့ အနုပညာရှင်တွေနဲ့ သိကျွမ်းခင်မင်ခဲ့ရာမှ ပန်းချီကိုပိုပြီးရေးဆွဲဖြစ်ခဲ့တယ်။ဒီနောက်မှာ ရောဘတ်ဒီလွန်နေး၊ မာ့စ်ဂျာကော့စတဲ့ အနုပညာသမားတွေထဲမှာ ဝင်ဆံ့လာခဲ့တယ်။ စစ်ဖြစ်တော့မှ သူ့ဇာတိကို ပြန်လာဖြစ်တော့တယ်။ ရှာဂေါလ် ဟာ သူမသေမီ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်စတဲ့နိုင်ငံတွေက ပြခန်းတွေမှာ ပန်းချီပြပွဲတွေ များစွာလုပ်နိုင်ခဲ့သူ ဖြစ်ပါတယ်။မက်ရှာဂေါလ်ဟာ သူ့မိဘတွေရဲ့ဆန္ဒကိုငြင်းပယ်ပြီး စီးပွားရေးသမားမလုပ်ဘဲ ပန်းချီဆရာဘဝကိုခံယူခဲ့သူဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ပန်းချီကျောင်းတွေ သင်တန်းတွေမျိုးစုံကို တက်ရောက်ဖူးခဲ့တယ်။ သူ့ဘဝမှာ ပုံရေးဆွဲသူ ဒီဇိုင်းဆရာနဲ့ ဓာတ်ပုံရိုက်တာတွေကနေဝင်ငွေရရှိခဲ့တယ်။ သူဘဝအောင်မြင်ချိန်တွေဟာ၊ ပြင်သစ်
နိုင်ငံလို ဥရောပအချက်အချာနေရာကို ရောက်မှပဲ ပိုမိုရရှိလာခဲ့သလို၊ သူ့ ဘဝနိဂုံးကိုလည်း ပြင်သစ်မှာပဲအဆုံးသတ်ခဲ့တယ်။ ပထမပိုင်း သူ့ပန်းချီတွေဟာဖော်ဘီဇင် ဟန်ပန်အရောင်ပြင်းစူးစူးနဲ့ အကွက်ဆင်ဒီဇိုင်းဆန် ပေမယ့်ပြင်သစ်ကိုရောက်စက သူလေ့လာဖြစ်ခဲ့တာဟာ ဗင်းဆင့်ဗန်ဂိုးရဲ့ လက်ရာတွေပါ။

အဲဒီကာလရဲ့ လက်ရာကို ၁၉၁ဝ ခုနှစ်မှာ ရေးတဲ့ 'အနားယူတဲ့ နေ့' ဆိုတဲ့ လက်ရာမှာတွေ့နိုင်ပါတယ်။ ထုထည်ရှိတဲ့ အဆိုင်အခဲတွေ ကနေ လွင့်ထွက်ပြီးတောက်ပစွာ ပေါ်ထွက်နေတဲ့ အနီ၊ အစိမ်းနဲ့ အဝါရောင်တွေရဲ့ ကူးလူးဆက်
သွယ်မှုကို ဖော်ထုတ်ထားတယ်။ အခန်းထဲက လူတွေဟာ အတွေးကိုယ်စီ နဲ့ တိတ်ဆိတ်လွန်းနေကြတယ်။ သူ့ရဲ့ လူပုံတွေဟာ လေမှာမပြောသေးပေမယ့် အ ရောင်တွေတိတ်ဆိတ်လွန်းနေကြတယ်။ သူ့ရဲ့လူပုံတွေဟာ လေမှာမမြောသေးပေမယ့် အရောင်တွေထဲမှာ ဖောင်းပွပွ ခပ်ပေါ့ပေါ့ သဏ္ဍာန်တွေဖြစ်နေကြတယ်။
၁၉၁၁ ခုနှစ်မှာရေးတဲ့ စားပွဲပေါ်က ကြောင်နဲ့လူ ပန်းချီကားနဲ့ ၁၉၁၂မှာရေးတဲ့ ဂျူးအဖိုးအိုလက်ရာတွေဟာ သူ့ရဲ့ အိတ်စပရက်ရှင် ဟန် ရေးချက်တွေကိုခိုင်ခိုင်မာမာ ပြောနိုင်တဲ့ကားတွေပါ။ ရှာဂေါလ်ဟာ ၁၉၁၂ မှာ ရုရှားနိုင်ငံကို
ပြန်ရောက်ဖြစ်ခဲ့ရာကနေစပြီး သူ့လက်ရာတွေမှာ စိတ်ပညာဆိုင်ရာခံစားရမှုကို ရုပ်ပုံအဖြစ် ပြန်လည်ဖော်
ပြဖို့အတွက် ဆာရီယယ်လစ်ဇင် ဟန်ကိုပြောင်းလဲရေး ဆွဲခဲ့ပြန်တယ်။ အိပ်မက်နဲ့ မှတ်ဉာဏ်ကိုရောယှက်ပြီး
စိတ်ကူးယဉ်မြင်ကွင်း အစစ်မှန်ပုံသဏ္ဍာန်ဖြစ်လာဖို့ သူအချိုးညီညီပေါင်းစပ်ဖော်ထုတ်နိုင်ခဲ့တယ်။ သူ့ရဲ့ ၁၉၁၄ လက်ရာတွေမှာတွေ့နိုင်ပါတယ်။၁၉၅ဝ မှာ ပြင်သစ်နိုင်ငံ အပန်းဖြေမြို့ကလေးတစ်မြို့ဖြစ်တဲ့ဆိုတဲ့ မြို့ကလေးမှာ
သွားရောက်နေထိုင်ရင်း၊ ဘာသာရေးနဲ့ပတ်သက်တဲ့ ကျမ်းဟောင်းကျမ်းသစ်အကြောင်းကို ဆိုတဲ့ ပန်းချီ
ကားကိုရေးဆွဲခဲ့တယ်။ ဘာသာရေး ယုံကြည်မှုစည်းမျဉ်းတွေနဲ့ ငြိမ်းချမ်းစွာစည်းလုံးညီ0x150ွတ်ပြီး အနာဂါတ်လူသားတွေအတွက် နှိုင်းယှဉ်ဖော်ပြချက်တွေနဲ့တွေးတောနိုင်ဖို့ပြဇာတ်ဆန်ဆန်၊ သရုပ်ဖော်ပြမှုဟန်နဲ့ ရေးဆွဲခဲ့ပါတယ်။



The White Crucifixion by Marc Chagall




Posted by pagyi sayar on April 2, 2010 at 12:21pm

@https://myanmardigitalartists.ning.com/forum/topics/surrealism-1