Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Thursday, June 9, 2011

အရိပ်ကွယ် အလင်း



ငါသူ့ကို
ဘယ်လိုနာမ်စားမျိုး
ခေါ်ဝေါ်သုံးစွဲရမလဲမသိဘူး

ငါ့အပြင်ဖက်က
သူကဘာကောင်လဲ
ငါ့ကိုဘာလို့
တလုံးချင်း စီ
ရှင်းပြနေရတာလဲ

ဘ ကုံးနဲ့
ဝ လုံးကို
ငါ့ကိုရှင်းပြနေတုန်းပဲလား

သူမသိသေးဘူး ငါသိတယ်ဆိုတာ
သူသိတာတွေ ငါသိတာတွေ
သူမသိသေးဘူး

ဒီလိုအေးစက်တဲ့
ညစက်စက်မျိူးတွေမှာ
ဆက်သွယ်မှုပျက်တောက်သွားတဲ့ မိုးတိမ်တွေပြိုကျ
ဟာသ ပြကွက်ကြီးကို ငါက သူ့အကြောင်းပြောပြဖူးတယ်လေ

ငါ့ကိုစော်ကားပုတ်ခတ်မှုတွေကို
တခုတရစုစုထားတဲ့ ဒေစီပန်းတွေထဲ
မျက်နှာဖုံးတွေတခုချင်းစီကို စောင်းသံနဲ့ပတ်ခြည်ထားတယ်

သူမရဲ့ မသန့်ရှုင်းတဲ့ခြေမကလေးကို
မိုးပေါ်ကလူတွေသိပါတယ်ဆိုတဲ့အတွေးနဲ့
ကမ်းနဖူးက ခုန်ချသွားတဲ့ လူအိုတွေကိုငုံ့ကြည့်
ငါကပြုံးဖြီးဖြီးနဲ့ဆာလောင်တယ်

အဲ့ဒီရောစပ်မှုတိုင်းမှာ
ကမ္ဘာဦးအစရဲ့အသိတရားနဲ့
တံခါးခေါက်သံတွေမေ့မျောလိမ့်မယ်

စစ.စ ္စ စစ ္စ စ..စ.စ ္စ.စ.စစက်
ရ.ဂ ံရ ုရရ ံ..ဂ..ရံရ ူရ.ရ ံရရရုံ
ထ် ု.တ်ထ ု..ုထ.ထ ်တထ.ထထထုတ်
ေ.ေ ွတေ.တတ ွေ.တတေတေေေတွေ

သူ့မျက်ကွင်းတွေညိုနေတာ
အထိုးခံထားရလို့လား
ရာသီလာလို့လား
ငါနဲ့မလုံလောက်လို့တခြားတစ်ယောက်နဲ့
သွားအိပ်နေတာလား
ကြောက်စိတ်နဲ့လိုက်လျှောလိုက်ခြင်းလား
ဆင်ချင်တုံတရားပြောက်လို့အိပ်ရေးပျက်ခဲ့ခြင်းလား
ဘာအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်
ဝိဆွဲမိလိုက်တဲ့အချိန်ပျော်တွေလား

ဘာပဲဖြစ်ဖြစ်
သူ့မျက်ကွင်းတွေဘာလို့ညိုနေတာလဲ

ဒါတွေကအရေးမကြီးပါဘူး
ဘာတွေကရောအရေးကြီးနေလို့လဲ

အရေပြားတွေကရောဘာလို့ထူထူလာတာလဲ
လေ့ကျင့်မှုတိုင်းကအလေ့အကျင့်ဖြစ်ခဲ့တာမဟုတ်ဘူး
မြစ်ဖျားတွေကိုတူးစွနေကြတာ

အခုမှစတာ
ဒုက္ခရောင်မိုးတိမ်တွေ
သမုဒ္ဒရာကြီးဖြစ်တဲ့အထိ
ခြေစဂေါင်းဆုံးရွာချ

ပဲပင်ပေါက်ကို
ပဲပြားနဲ့ရောကြော်လိုက်မှ
ပုံစံခွက်ထဲကလက်ထပ်ပွဲအသေတွေလှပ

အရိပ်ကိုကွယ်ထားတဲ့
အလင်းတွေ
ဖိနပ်ပေါက်ပေါက်နဲ့
နှုတ်ခမ်းတွေကိုထုတ်ထုတ်နမ်းနေကြတယ်



nelay





Thursday, June 2, 2011

ပါးစပ် စစ်များ



ဘယ်လောက်ထည့်ထည့်မလောက်ငှဘူး
ဘယ်လောက်ထွေးထွေးမကုန်တော့ဘူး
ရွံ့စရာတွေ ပစ်ချွဲချွဲတွေ လာလာမထည့်နဲ့
သွားကြားထဲက အပုတ်တွေကော်ထုတ်
မသတီစရာတွေ သကာ သုတ်ပြီး ထွေးထုတ်လိုက်တယ်


ကျေးဇူးတရားမသိသူ သူ့ကိုဖြူဖွေးအောင် တိုက်ချွတ်
ကြွေရောင် အရီ ပြိုးပြိုးပျက်ပျက်နဲ့ လက်ဆွဲနှုတ်ဆက်အုံးမယ်
မဖြစ်မနေသုံးရတဲ့ နာမ်စားကိုပဲ သူဝါးမိသလိုလို
သွားကြား
သွားကြား
သွားကြားညှပ်လို့


နှုတ်ခမ်းနီဆိုးမထားဘူး ရာစုနှစ်ရဲ့ သွေးတွေသောက်ထားတာ
ပါးစပ်တွေက နှုတ်ခမ်းငတ်သလိုမျိုး အလင်းတိုးအားနဲ့
ကျယ်လာတဲ့ တော်သလင်းလကို ထိုင်ကြည့်


ဘဲကလေး ထုတ်နှုတ်ဖူးသလို Either swim or sink method နဲ့
အဲဒီ့အပေါက်ထဲမှာ ဠာန်ကရိုဏ်းကျကျ လျှာတွေစိုက်ပျိုးထားတယ်


ညည အိပ်နေရင်တောင် ပလုပ်ပလောင်းနဲ့ ဘာတွေပြောနေလဲ
ဟိုတလောက နာဆာ ဖမ်းမိတဲ့ အမျိုးအမည်မသိ အသံလှိုင်းက
အဲဒီ့ အသံ
အစားအသောက်စားပြီးရင် မီးခိုးငတ်ရတာ မောတယ်


၁ ၂ ၃ ဆိုပြီး ဂီတသံစသလို
အူဝဲ ဝါးးးးးး ဗြဲ ဆိုပြီး ပါးစပ်က စတယ်
ဟူးးးးး အင့် အားးးးးးးး ဒါမှမဟုတ် ဘာသံမှမထွက်ပဲ သေတယ်


၆ နာရီသတင်းကြည့်ပြီး ၇ နာရီ ရုပ်ရှင်ကြည့်တဲ့
ပါးစပ်တွေက အရှေ့တမျိုး ကွယ်ရာတမျိုး ပြောတတ်တယ်


ခေါင်းတွေလှည့်တဲ့ ဖက် ပါးစပ်တွေလိုက်လှည့်
ခေါင်းတွေ ရမ်းတဲ့ဖက် ပါးစပ်တွေ လိုက်ရမ်း
ခေါင်းတွေ ခါသလို ပါးစပ်တွေ လိုက်ခါ
အမွှေးအမျှင်တွေကြားမှာလဲ ပုန်းနေတတ်တယ်


တခြားလူကို ကြင်နာပြရင်တောင် သူ့ကိုကြင်နာတယ်အထင်နဲ့
ပါးစပ်တွေက ဟစိ ဟစိ လွမ်းနေတတ်တယ်


နှလုံးသား အစမ်းအစားထိုးကုသရာမှာ အစမ်းသတ်ခံသက်သက်
မိသားစုနဲ့မတော်တဲ့ အကြောင်း ဆရာဝန်က
အဲဒီ အပေါက်နဲ့ သတင်းကောင်းပါးတယ်


ဒါက ပါတီ မညီမျှမှုနဲ့ ဆိုင်လား ဘာဝါဒတွေ ဝါးမိသွားလို့လဲ
ပြောစမ်းပါ အနုပညာ အလုပ်လုပ်တဲ့ ပါးစပ်တွေ


အ နေရင်တောင် အကောင်းစားမုသားတွေမထွက်ချင်နေမယ်
အကောင်းစား သေချင်းဆိုးငှက်ပျောသီးကို စားကြအုံးမယ်


သွေးပြန်ကြောတွေ အဆက်ဖြတ်လိုက်လို့ စီးစရာမရှိတဲ့
ဒီအပေါက်တွေ သွေးငတ်နေရတယ်
အဲဒီ့ လုံးရာ ကနေ ပြားသွားတဲ့ စကားလုံးတွေပဲ မဝါးပဲမျိုချ
ခွင့်ပြုပါ
ဝမ်းမြောက်ဝမ်းသာ
ဂုဏ်ပြုလွှာနဲ့
ကျေးဇူးတင်လွှာ
တရားနာရတာ တရားတွေ နာကျင်သလို
ငုံထားရတာ ကိုယ်ဝန်ရသလိုပဲ


ပတ်ဝန်းကျင်ကလဲ လက်ခုပ်တီးကြတော့
မောင့်ကျက်သရေထုတ်ပြီး ပုဆိုးအစိမ်းတွေထုတ်ဝတ်ကြအုံးမယ်
အဲဒီ့အပေါက်တွေက နငယ် မလုပ်ပါဘူး
ငါ့ကဗျာ တပုဒ်ပြန်ထုတ်နှုတ်ရရင်
ဒီနေရာမှာ သွားကြည့်ကြပါ ဒီနေရာမှာ သွားမကြည့်ချင်လဲနေပါ
မုတ်သုန်ကာလမို့ မိုးရွာချင်လဲ ရွာမယ် မရွာချင်လဲ မရွာဘူး


သူမလျှာကလေး ကောင်းစားနေရင်တော့ ငါတို့ပါးစပ်တွေက ကောင်းချီးပေးလိမ့်မယ်
အကြိုတူးထားတဲ့ မြေကြွင်းတွေ
အကြိုမွှေးထားတဲ့ မီးတောက်တွေထဲ
မမြှပ်ခင် မသင်္ဂြီုဟ်ခင် လူရာဝင်အောင် ဝင်ဝင်ထွေးထားဖို့နဲ့
ပါးစပ် အစစ်တွေထဲ ဝင်လာမယ်ဆို ကွိုင်ရှာမလာဖို့ မှာချင်တယ်။



nelay





Saturday, April 30, 2011

ရိုရိုသေသေ ပြတင်းပေါက်လိုက်တယ်



ငါ့အနားက
တချို့ပြတင်းပေါက်တွေ
ပိတ်ထားရတာပျော်တယ်

တနေ့က
ငါမိုးပေါ်ပစ်တင်လိုက်တဲ့လှေ
နှလုံးသားကမ်းခြေမှာ
မင်းလိပ်ပြာတွေဝဲနေတယ်

ဒီလိုဗုဒ္ဓဟူးနေ့မှာ
ခွာချလိုက်တဲ့မင်းမျက်နှာပေါ်က
နေဝင်သွားတဲ့ငှက်တွေအနှေးကွက်နဲ့
ငါ့ဝိဉာဉ်လှောင်ဖို့ခန္ဓာမဲ့နေတယ်

ဆံနွယ်တွေ ခါရမ်းလိုက်တိုင်း
ခန္ဓာတွေတစစီပျက်ကျ
ပုဝါပါးပါးထဲက မီးအိမ်ကလေးက
ငါ့ကိုငေးနေတယ်

အဲဒီ့အကြောင်း
မနေ့ကအရူးကိုပြောပြတော့
ပြတင်းတချို့က
မိသားစုဆိုတဲ့
ဧည့်သည်တွေအတွက်
ဘဝကို ဧည့်ခံပွဲလုပ်ပစ်လိုက်ရတဲ့
ညီမလေးတွေကိုဖွဲ့သီထားလို့
အေးအေးဆေးဆေးထွက်ကျလာတဲ့
မျက်လုံးနဲ့ငါ့ကိုကြည့်တယ်

အတိတ်ကိုမေ့ထားရမယ်တဲ့
အတိတ်မေ့တဲ့ရောဂါနဲ့ ဘဝမေ့တဲ့ရောဂါ
ဗိုက်ဆာတာတစ်ခုပဲသိရမယ်လို့
ဒေါသသံပါပါပြောရတာကိုက အရသာလား
ခြေရာတွေကို ပတ်တီးစီးပြီးမှ လမ်းလျှောက်ခဲ့တာ
ငါမဟုတ်ဘူးတဲ့

ပြတင်းတချို့က
ဉာဏ်ရည်ထွန်းတောက်တဲ့
ကြယ်ခက်ကလေးတွေ
အကြောက်တရားနဲ့
ခြောက်ပြားမတန်အောင်ပလုံသွားလို့

ဒီလိုပဲယာယီပျော်ရွှင်ခြင်းနဲ့
ယာယီမျှော်လင့်ချက်
လူတွေကို အတုလုပ်ရတာသိပ်လွယ်လွန်းနေတယ်

ပျဉ်းစရာကြီး
အာဘောင်အာရင်းသံသံနဲ့
အရက်ဆိုင်ကအတွေးအခေါ်မျိုးက
လူတွင်ကျယ်လုပ်ရအောင် အာပုတ်စော်နံတယ်

ပြတင်းတချို့က
သူရဲကောင်းသတ္တိမျိုးနဲ့
ဝေဟင်းထက်မှာပျံဖို့
ခြံစောင့်ခွေးနောက် နွားခံနေရလို့

အိပ်ယာပေါ်မှာ
ဆိပ်ဖလူးပန်းတွေ
စွန်းကုန်ပြီ

ဒီလိုနဲ့ပဲ
ဖေဖေရယ်
မေမေရယ်
ကိုကြီးရယ်
မကြီးရယ်
ကိုယ့်ထမင်းကိုယ်ရှာစားပြီး
မိသား မစုနိုင်တဲ့ဘဝ

ဒါမို့
ငါ့အနားက
တချို့ပြတင်းပေါက်တွေ
ပိတ်ထားရတာပျော်တယ်



nelay





Tuesday, April 12, 2011

သို့ ... အတာ



ဒီလိုပဲ အပြင်မရောက်တဲ့ ရေဖလားတွေနဲ့
ငါတို့ကိုယ်ပေါ်က ပိတောက်ရနံ့တွေ

အစိမ်းရောင်ရေမှုန်တွေရော
စိတ်လှောင်ခြင်းရပ်ဝန်းမှာ ရေကစားနေသလား

အပြင်မှာနေတွေပူလွန်းလို့
ဒီလိုပဲဖြစ်သလိုပျော်ခဲ့ကြတဲ့ ရေစိုအဝတ်တွေ

သိပ်စည်တာပေါ့ ညီမလေးရေ
ဒီဖက်နားက သင်္ကြန်အဟောင်းကြီးဟာ
မသေမချင်း သိပ်စည်ကားနေတာပေါ့

ရေစိုဂျင်းတစ်ထည်နဲ့
ပြည်လမ်းနားက ငုဝါပွင့်တွေကြားမှာ
စောက်ရူးလောကကြီးကိုမေ့ထားရတာလဲ
ဘယ်တော့မှမပွင့်တော့မဲ့ပိတောက်ကို
ရေမစိုအောင်ထုတ်ပိုး ခြေလှမ်းတွေတုန့်နှေးဖူးတယ်

ဆိုပါစို့
ငါ့သက်တန်းက ၆၀ ဆိုရင်
ခွေးသရေမှာ အခု ၆၀
အလွမ်းတွေနဲ့ အနွမ်းတွေက
နီရဲနေတဲ့ သင်္ကြန်တွေအလယ်မှာ
ရေမွှန်းလို့ ၆ နာရီကျော်နေတယ်

အတာဦးရဲ့ရင်ခွင်ပျိုရေ
ဘောင်းဘီတို ဝတ်ပြီး သီလယူနေသေးသလား
အပြင်မှာ သိပ်ပူတယ်နော်
ခြံတံခါးတွေ ဖွင့်မထားတော့ဘူးပေါ့
ငါ့ရေပုံးကလေး အားငယ်နေတယ်

တချိန်ချိန်ပေါ့
ပြည်လမ်းပေါ်က သင်္ကြန်ရေလက်ကျန်တွေ
အစိမ်းရောင်လွင်ပြင်ကို ဖြတ်ကျော်ပြီး
ပိတောက်တွေနဲ့ မျောလာခဲ့မယ် ... ။



nelay





Monday, April 4, 2011

ပြာ



မနှစ်တုန်းက
ရှင်းစရာတွေနဲ့ ပြစရာတွေ
ဘယ်လူ့ဘုံက ကဝေပျိုနဲ့
မင်းနှလုံးသားထဲ ဗုဒ္ဓဟူး
မထူးနိုင်ဘူး


ခြေစွတ်အိမ်ထဲက နှလုံးခုန်သံနဲ့
နှုတ်ခမ်းနီထုတ်ထုတ်စိုးနေတဲ့ ငါးမူးမပြည့်တဲ့ လ

သူတို့ရပ်ကွက်ထဲမှာ
မင်းလိုပေါ့တဲ့ပူဖောင်းတွေ ဖောက်ကြ
မျက်နှာအသိကလေးနဲ့ ထွက်ပြ
လက်ကလေးကာပြီးရှက်ပြ


ကျပ်စေ့ကလေး မင်းက
တချိန်လုံး ပန်းကြီးဘဲဖြစ်ပြ
ငါ့အနားက လျှာကို လာပြီးကြည့်ကြ


အဖြူရည်ဆိုင်ထဲက မီးတောက်တွေနဲ့
မင်းနှလုံးသားကိုလမ်းပြ မိုးပေါ်မှာကတဲ့ညက
မီးအခန်းကိုရှင်းကြ


တဘဝစာ နောက်ပစ်လဲခဲ့တဲ့
မင်းလက်ဖဝါးနုနုပေါ်က
ရွှေသီရိရောင် မှင်နီရာကလေးနဲ့
သူတို့တွေကခြစ်ကြ


ငှက်ကလေးတွေလို ညနက်နက်ထဲမှာ
မြတ်နိုးပြယုံနဲ့ ခိုးခိုးခစ်ခစ် ရီကြ


သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ
သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ


ဟာသ ဆို တာ
ဒီလို :) မျိုးလား
ဒီလို (: မျိုးလား


မြေပုံပေါ်မှာ လက်ကလေးထောက်ပြီး
ဒီလောက်ကလေးပဲ ဝေးတာပါလို့
ရိုးရိုးကလေး ပြုံးပြသွားတဲ့
ပစ္စုပ္ပ္ပန် မလေးရဲ့အဖြေကို မင်းက
စကြဝဠာထမ်းပြီး အိပ်မက်တွေဘဲ မက်ပြ


ညနေတုန်းက လက်ထဲနွေးခဲ့သမျှ
နောက်တစ်နေ့ အသေကောင်လိုပုတ်ပွ
စိတ်ကူးတွေနဲ့ မျက်နှာရူးကြ


သန်းခေါင်မကျော်ခင် ငါထ က လိုက်တဲ့ အရုပ်နဲ့
ကြိုးရှုပ်သွားတဲ့ ကျောက်ဆောင်ပေါ်မှာ
ဒီတေးသွားက မင်းကိုပြာချ ။



nelay







Credit to original artist







Tuesday, March 22, 2011

အလင်းဝတ်လွှာ



အဲ့ဒီ့နေရာမှာ တစ်ခါတလေတော့လဲ
ငါ့ကိုယ်ငါ ပြန်ထူထောင်ချင်စိတ်တွေ ယှက်သွန်းပျိုးနေမိတယ်

အတိုင်းအတာတွေနဲ့ လူဖြစ်ဖူးလာထဲက
လူကို လူလို မမြင်ဖူးကြတဲ့တောအုပ်ထဲမှာ
အရူးတွေက တစ်ယောက်ကိုတစ်ယောက်
တိုင်းတာ ရွေးခြယ်နေလိုက်ကြတာ
သူ့အကြိုက် ကိုယ့်အကြိုက်တွေနဲ့
မရေမရာ မသေချာတဲ့ အချိန်ကာလကြီးကို
သေချာချင်နေလိုက်ပုံများ

ဝတ်လွှာရေ ... နင်မြင်ဖူးနေကြ
Overacting တွေထက် ပိုဟာသပဲ

အလင်းအိမ်ငယ်ရဲ့ ဟိုးဝေးဝေးမှာ
တပျော်တပါးနဲ့ ငါ့ကိုစားသုံးပြီးမှ
ပွင့်လန်းနေတဲ့ ဥယျာဉ်တစ်ခုကို
ငါက မုဒိတာပြုနေရတယ်

ဘယ်လောက်များမြင့်မြတ်လိုက်တဲ့
စိတ်ကူးအိပ်မက်တွေလဲ

အဲ့ဒီ့ ချော့ကလက်ရောင် မီးအိပ်မက်ကို
နေရထိုင်ရတာ ငြီးငွေ့လာပြီမဟုတ်လား

လူပြောသူပြောများတဲ့ စိတ်အရေပျော်ဒြပ်ထုတွေက
ငါတို့ထက်စွမ်းအားကြီးလွန်းလို့
ဘဝအသေကြီးထဲမှာ ဘယ်အပြင်ကမ္ဘာမှ မရောက်ဖူးဘဲ
သေးငယ်တဲ့အမှုန်အမွှားတွေ မြေကြီးအဖြစ်နဲ့
သူရဲကောင်းဆန်ပြနေလိုက်ပုံများ ... ဟာသပဲ ...

သံယောဇဉ်တွေအတောင့်လိုက်ဝင်သွားလို့
ဒုက္ခကြီးလွယ်ထားရတာကိုက
ဝတ်လွှာရေ .......
ဂုဏ်ယူစရာပေါ့

နင့်အိမ်မှာ ကြည့်မှန်တခက်တော့
ရှိကောင်းရှိလိမ့်မယ်

ကိုယ့်အရိပ်ကိုယ်မြင်ရဖို့
အလင်းဝတ်လွှာတွေ အင်တာနက်မှာ
ပန်းကန်ပြားပျံစီးပြီး ပြောက်ဆုံးသွားသလား

ဒါမှမဟုတ်
လက်နှိပ်ဓါတ်မီးနဲ့ သာပြန်ပြန်ထိုး
စပွန်ဆာ မျိုးရိုးဆိုတာကလဲ
လူသားတွေပဲမဟုတ်လား

ငါတော့ငွေမရတဲ့ ကိုယ်ပိုင်အလုပ်တခုနဲ့
ဥယျာဉ်တစ်ခုကိုတခုတရ ပျိုးမိပါတယ်ကွာ ...
ရေကလဲအကောင်းကြီး
မြေကလဲအကောင်းကြီး
ဥယျာဉ်မှုးကို ပြန်ကိုက်တဲ့ပန်းတွေ ပွင့်လာတာတော့
ကိုယ့်ကိုယ်ကို ကျောပေးရုံကလွဲလို့
ပေါင်နှစ်ချောင်းလဲ မနာနိုင်တော့ဘူးပေါ့

ကိုယ်ရှိန်ကိုသပ်ပြီး ဆေးလိပ်တွေပဲရှိုက်ဖွာနေဖို့
ရာသီဥတုကောင်းနေဖို့နဲ့
တခြားလူတွေလို သူတို့အားကျတဲ့
ပညာရှိကြီးတွေ ရှိနေဖို့
ငါမှမလိုတာပဲ ဝတ်လွှာ ...

သေချာတာတစ်ခုကတော့
သေခြင်းဆိုတာ ငါတို့မျက်မြင်ကြုံနေရတဲ့
သေချာခြင်းပဲမဟုတ်လား

ကြယ်ကြွေညဦးရဲ့ အလယ်ခေါင်တည့်တည့်မှာ
ရေမွှေးပုလင်းမှောက်ကျခြင်းနဲ့
သစ်သားတံတားလေးကို မကျော်နိုင်တဲ့ ဆိုဒ်ကား
ဘယ်အခေါ်အဝေါ်ကရော မှားနေလို့လဲ
လင်းအိမ်လွှာ .....

ငါ့စာပေနဲ့
တ.ယူ.သန် ညတာရှည်တွေကရော
ကျန်းမာရေးပြန်ကောင်းလာဖို့
ပြတင်းပေါက်ဖွင့်ပြီးစိတ်ကူးယဉ်ကြည့်မိတယ်

ဘာပဲဖြစ်ဖြစ်ပေါ့ ဝတ်အိမ်လွှာ ...
ဒီညရုံတင်မဲ့ ''နောက်ဆုံးဘူတာ'' ကို
နံရံမှာ ချိတ်ဆွဲထားရုံနဲ့ မပြီးသေးဘူးဆိုတာ
လူတကာကိုလျှောက်မပြောဖို့နဲ့
မင်းကို အရူးလို့ပြောလာရင်ကျေကျေနပ်နပ်လက်ခံဖို့

အနီရောင်စက္ကူတွေကို
ငါ့မြေမှာတူးရှာရင်
အတုတွေပဲထွက်လာလိမ့်မယ်လို့ယုံကြည်ထားဖို့
မျက်နှာသုတ်ပုဝါတွေကိုနေလှန်းပြီး
ငါ့အလင်းဝတ်လွှာဆီ
ချောချောမောမောပြန်လာခဲ့တယ် ။



nelay





Saturday, February 19, 2011

ကြော်ငြာဆိုင်းဘုတ် ၆



၃နာရီ ၁၅မိနစ်
စေတကို စေတည်ထားတဲ့
နားမလည်ခြင်းတွေ

၂၄နာရီ ၇ရက်
သွေးစုတ် အမ
ဝံပုလွေ အထီး
ခေတ်မျောကြီးထဲ
ကြီးပြင်းလာကြတယ်

၁၂နာရီအလွန်က သန်းခေါင်
တံခါးတွေသူ့အလိုလိုပွင့်လာမလား
မျှော်လင့်ချက်ကို ဆူးနှုတ်မရဘူး

စာမျက်နှာ ၂၇
အမှားပြင်ဆင်ချက်
အစထဲကမှင်နီသုံးခဲ့လို့
ဒေါက်တာတွေမျက်စိလည်သွားတယ်

၆နာရီ
မြေနီကုန်းလမ်းဆုံမှာ
ဆိုင်ဘုတ်တစ်ခုက
ငါ့ကိုခြောက်လှန့်နေတယ်

ဧပရယ် .. ရက်
အစားထိုးကုသထားတဲ့
ဝဲဖက်ရင်အုံကို
နောင်တတွေကြိုးစင်တင်ခဲ့တာ
နှောင်ကမ္ဘာမှာအတော်ကြာခဲ့

ကမ္ဘာ ၉
ဉာဏ်ပုပု
ဉာဏ်တိမ်တိမ်
ဉာဏ်ဗလာ
မီးလာဘူး

ည ၆
ငါ့ကိုမအောင်မြင်ခြင်းတွေ
လည်မျိုအပြည့်စွတ်ပေးထားတာ
ဝမ်းသာတယ် ကြည်နူးတယ်

ပိတောက် ရှစ်
လာပြန်ပြီး
ရေစိုစိုနဲ့စနေဂြိုလ်တွေ
သိပ်ပျော်တယ်
သိပ်ပျော်တယ်
သိပ်ပျော်တယ်
ပြီးရင်လဲပြီးသွားတာပဲ
ရေစိုစိုနဲ့စနေဂြိုလ်တွေ ။



nelay





Saturday, January 8, 2011

လွတ်လပ်ခြင်း မှ အန္တရာယ်ရှိသော ကြွက်



ကံတရားကို နောက်ပြန်မျက်နှာနဲ့ ကြည့်ပြီး
ပုံစံခွက်ထဲက ထွေးထုတ်လိုက်တဲ့အခါ
နေ့လည်နေ့ခင်း
အနီရောင်တိမ်တွေ ပြန့်ကွဲနေ

ငှားထားတဲ့ အခန်းလွတ် တခုစာ
ပြန်ပေးခဲ့တဲ့ နှုတ်ခမ်းရာတွေက
ကျဲပြန့်နေတဲ့ ပြာမှုန်အစွန်းမှာ အေးခဲနေ

လိပ်ပြာကို ခြုံထားတဲ့ ပိတ်စ ပါးပါးကလေးက
ဟိုး ... မိုးပေါ်က သွေးစက်တွေကို
အခန်း တံခါးဝမှာ မျှော်ငေးနေ

အမှောင်ထုကို ရေစို မီးခြစ်ဆံနဲ့
ကျုံ့ကျုံ့ကလေးထိုင်ပြီး
ဒုက္ခကို ဆုပန်းလိုက်ရဲ့

လေတိုက်သွားတဲ့ဟန်
ပစ္စုပန်ကို ကောက်သိမ်းလိုက်တဲ့ မာန်က
သူ့ခြေဖဝါးနင်းရာ နေရာတစ်လျှောက်
တကောက်ကောက်လိုက်နေ

ငါးစက္ကန့်စာ သီကျူးဖတ်ရှု့ရင်း
ဆေးလိပ်တိုတွေရဲ့ သင်္ချိုင်းကို
မြတ်မြတ်နိုးနိုး တွေ့ရှိနေ

သံကြိုးတွေရဲ့ ရနံ့နှစ်လိုမှုမျိုးက
ကြိုးတန်းပေါ်မှာ လှန်းထားတဲ့ သိက္ခာတရားကို
ဗလာ လက်မှတ်တခုနဲ့ လောင်ကျွမ်းနေ

အပြန်လမ်းရဲ့ သာယာကြည်နူးမှုမျိုးက
နာမည်မရှိတဲ့ သက်ရှိတစ်ခုကို
အဓိပ္ပါယ်မရှိတဲ့ သစ်ပင်ခြေရင်းက
နေလုံးကြီးရဲ့ ရာဇဝင်လှလှကြီးဖြစ်နေ

အဲဒီ့နှလုံးခုန်သံမျိုးနဲ့
အဲ့ဒီ့လောက်ထိကြီးထွားလာတဲ့
အနက်ရောင်တောအုပ်ထဲမှာ
ထူးဆန်းတဲ့အကြောင်းအရာတွေပဲလောင်မြိုက်

မတော်တဆ ဆက်နွယ်နေတဲ့ ခက်ကြယ်တွေ
ကြာဇံကျော် ပန်းကန်ထဲက
အနာတရများ အရသာရှိနေ

ပြောက်ကွယ်သွားမဲ့ စကားလုံးများပေါ်က
အိပ်စက်ခြင်း အကြောင်းအရာများနဲ့
တချိန်ချိန်မှာ အတိအကျကို သက်ဆိုင်နေ

တရားစီရင်ခြင်းသို့
အစိတ်စိတ် အမြွှာမြွှာ
အသိတရားမှ လျစ်လျူရှု့ခြင်းကို
ရှိနေ အေဝရာ အပင်ကြီးရဲ့ဘယ်ဖက် ... ။



nelay





Monday, December 27, 2010

ဘ. လောင် . ာ



မနေ့ညက
သုံးဆယ့်တစ်ဘုံမှာ ပြန်ရှာခဲ့တဲ့လူ
သူ မဟုတ်ဘူး
သစ်ပင်တွေ သစ်ရွက်လောင်နေ .. ။

ရုပ်နံနက်အပျက်
လူ ရှည်လာတဲ့ စံတော်လွဲမှာ
သူ မဟုတ်ဘူး
စာအုပ်တွေ စက္ကူလောင်နေ … ။

ရိုင်းမြက်နေည
သူ့ ဘဝကိုက ပေခြောက်သောင်းကျော်
လူ မဟုတ်ဘူး
ပိတ်ကားတွေ ဇာတ်လမ်းလောင်နေ … ။

ကီးတော်ဘေးကျန်
ရေလို စုန်းပြူးအောက်မှာ ပစ်ကျ
အလှ မဟုတ်ဘူး
(ဒီ၃၆)
မဆိုင်သူတွေ လက်ပစ်ဗုံးလောင်နေ … ။

အိမ်ကြီးအိုလဲ
သူ့ ကလေးမဟုတ်ခြင်း အလွန်က
လူ သားစုမဟုတ်ဘူး
မိသားစုတွေ ရင်လောင်နေ … ။

ကကြိုးနီဗျာ
စာလုံးစီပါ အနုလုံးမပီကလာ ရပ်ဝန်းထဲ
က .. ဗျာမဟုတ်ဘူး
ခံစားမှုတွေ ဗျာလောင်နေ … ။

အလုံဝါးပိတ်လုံး
ကြက်တောင်ရိုက်မဆုံးတဲ့ ရန်ကုန်သံကျိုး
မြို့ ပြည်မဟုတ်ဘူး
နေလောင်သီးပုတ်တွေ နိုင်ငံလောင်နေ … ။



nelay