Pages

Thursday, August 18, 2011

လွတ်လပ်ခြင်း မှ အန္တရာယ်ရှိသော ကြွက်

လွတ်လပ်ခြင်း မှ အန္တရာယ်ရှိသော ကြွက်





ကံတရားကို နောက်ပြန်မျက်နှာနဲ့ ကြည့်ပြီး

ပုံစံခွက်ထဲက ထွေးထုတ်လိုက်တဲ့အခါ

နေ့လည်နေ့ခင်း

အနီရောင်တိမ်တွေ ပြန့်ကွဲနေ



ငှားထားတဲ့ အခန်းလွတ် တခုစာ

ပြန်ပေးခဲ့တဲ့ နှုတ်ခမ်းရာတွေက

ကျဲပြန့်နေတဲ့ ပြာမှုန်အစွန်းမှာ အေးခဲနေ



လိပ်ပြာကို ခြုံထားတဲ့ ပိတ်စ ပါးပါးကလေးက

ဟိုး ... မိုးပေါ်က သွေးစက်တွေကို

အခန်း တံခါးဝမှာ မျှော်ငေးနေ



အမှောင်ထုကို ရေစို မီးခြစ်ဆံနဲ့

ကျုံ့ကျုံ့ကလေးထိုင်ပြီး

ဒုက္ခကို ဆုပန်းလိုက်ရဲ့



လေတိုက်သွားတဲ့ဟန်

ပစ္စုပန်ကို ကောက်သိမ်းလိုက်တဲ့ မာန်က

သူ့ခြေဖ၀ါးနင်းရာ နေရာတစ်လျှောက်

တကောက်ကောက်လိုက်နေ



ငါးစက္ကန့်စာ သီကျူးဖတ်ရှု့ရင်း

ဆေးလိပ်တိုတွေရဲ့ သင်္ချိုင်းကို

မြတ်မြတ်နိုးနိုး တွေ့ရှိနေ



သံကြိုးတွေရဲ့ ရနံ့နှစ်လိုမှုမျိုးက

ကြိုးတန်းပေါ်မှာ လှန်းထားတဲ့ သိက္ခာတရားကို

ဗလာ လက်မှတ်တခုနဲ့ လောင်ကျွမ်းနေ



အပြန်လမ်းရဲ့ သာယာကြည်နူးမှုမျိုးက

နာမည်မရှိတဲ့ သက်ရှိတစ်ခုကို

အဓိပ္ပါယ်မရှိတဲ့ သစ်ပင်ခြေရင်းက

နေလုံးကြီးရဲ့ ရာဇ၀င်လှလှကြီးဖြစ်နေ



အဲဒီ့နှလုံးခုန်သံမျိုးနဲ့

အဲ့ဒီ့လောက်ထိကြီးထွားလာတဲ့

အနက်ရောင်တောအုပ်ထဲမှာ

ထူးဆန်းတဲ့အကြောင်းအရာတွေပဲလောင်မြိုက်



မတော်တဆ ဆက်နွယ်နေတဲ့ ခက်ကြယ်တွေ

ကြာဇံကျော် ပန်းကန်ထဲက

အနာတရများ အရသာရှိနေ



ပြောက်ကွယ်သွားမဲ့ စကားလုံးများပေါ်က

အိပ်စက်ခြင်း အကြောင်းအရာများနဲ့

တချိန်ချိန်မှာ အတိအကျကို သက်ဆိုင်နေ



တရားစီရင်ခြင်းသို့

အစိတ်စိတ် အမြွှာမြွှာ

အသိတရားမှ လျစ်လျူရှု့ခြင်းကို

ရှိနေ အေ၀ရာ အပင်ကြီးရဲ့ဘယ်ဖက် ... ။

















nelay

No comments: