Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Sunday, September 15, 2013

MA MA (EXO-K) Misheard Lyrics in Myanmar transform to poem by nelay



Kpop က EXO ဆိုတဲ့ အဖွဲ့ တစ်ဖွဲ့ရဲ့ သူ့ချစ်တဲ့ မြန်မာပြည်က Fan တစ်ယောက်လုပ်ထားတဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က တင်ထားတဲ့ Exo video လေးကိုကြည့်မိထားတယ် ….. အဲ့ဒီ ပုံစံမျိုးက အခြား Kpop တွေကို မြန်မာလူငယ်တွေ ရီစရာအဖြစ်နဲ့ တင်တင်ထားတာ တွေ့ရပါတယ် …. ကျနော်လဲ ရီခဲ့ဟားခဲ့တာပါပဲ ….. အခု ဒီတစ်ပုဒ် နားထောင်မိတော့ ဘာကိုသွားတွေ့လဲ ဆို စိတ်ဝင်စားဖို့ကောင်းတဲ့ ဘာသာစကားတစ်ခုနဲ့ တစ်ခုရဲ့ဆက်နွယ်ပုံမျိုးပဲ ….. ငယ်ငယ်က ဂျပန်စာတက်တော့ အသံထွက်တွေကို မြန်မာသံနဲ့ လိုက်မှတ်ဖူးတယ် စောက်တလွဲတွေပဲ ရီရတာပေါ့ …. EXO Fan တွေကလဲ သူတို့ဘာသာစကား မတတ်ပေးမဲ့ သီချင်းကို ရူးကြတဲ့ အခါလိုက်ဆိုဖို့ အားထုတ်ကြရတယ် အဲလိုအားထုတ်ရာကနေ အသံထွက်တွေ လိုက်မှတ်လိုက်ဆိုပုံပဲ အဓိကက ဆယ်ကျော်သက်လူငယ်တွေ ဆိုတော့ ကိုးရီးယားလို သင်ဖို့ကလဲ မဖြစ်နိုင်သေးတော့ သူတို့အားကျတဲ့ သူတို့စိတ်ကူးထဲက သူရဲကောင်းတွေရဲ့ သီချင်းတွေကို အဲလိုလုပ်လိုက်ဆိုကြတာပါ နောက်ပြီး online စတုန်းက ဘားဂလိ လို ရေးကြတယ် အခုလဲ အဲလို အသံထွက်ပုံစံနဲ့ ရေးနေကြတုန်းပဲ အရင်တုန်း ကျနော်လဲ ကဗျာတစ်ပုဒ်ကို ဘားဂလိ လိုရေးဖူးတယ် အဲလိုပုံစံနဲ့ အခု ဘာသာပြန်ကလဲ ထူးဆန်းတယ် သူတို့ဘာသာစကားနဲ့ဆိုရင် အဓိပ္ပါယ် ရှိချင်ရှိနေမှာပါ ….. အဲလိုပဲ ကျနော်တို့ ဘာသာစကားပြောင်းလိုက်တော့ ပိုလို့တောင် အဓိပ္ပါယ် ရှိသွားတဲ့ အပြင် ကဗျာတစ်ပုဒ်အသွင်နဲ့ ကျနော်ပြန်ခံစားကြည့်ပါတယ် ကဗျာတစ်ပုဒ်အနေနဲ့ ပြန်ခံစားတော့လဲ ကျနော့်အနေနဲ့ တော်တော်ထိထိမိမိရှိလှတယ် ….. စာသားဖတ်ရှု့ခံစားနေတဲ့ လူဟာ လုံး၀ အဆက်ပြတ်ပြီး စဉ်းစားခြင်း အဆင့်ကိုတန်းရောက်တယ် …. ရုတ်တရက် ဖတ်နေရင်း ကိုယ်သိတဲ့ ကိုယ့်ဘာသာစကား အဓိပ္ပါယ်ပေါ်တဲ့ နေရာရောက်ရင် လူက လင်းကနဲဖြစ်သွားတယ် …. အဲလိုဆက်ဖတ်နေရင်းနဲ့ ချက်ခြင်းဆိုသလို လမ်းစပြောက်သွားတာပဲ …. အဲဒီ့ အရသာဟာ ဦးနှောက်ကိုလှုပ်နှိုးရာက တဆင့် အဲ့ဒီ့ခံစားချက်ကို နှလုံးသားကပါ မသိမသာကြိုက်နှစ်သက်လာတော့တာပါပဲ ….. မူရင်း ဘာသာပြန်တဲ့ လူကိုလဲ Credit ပေးပါတယ် …. အဲ့ဒီ့ EXO video ထဲက စာသားတွေကို ပြန်ကူးရိုက်ပြီး ကဗျာထဲထည့် အပိုဒ်ခွဲ တိုက်ရိုက် စီထားလိုက်ပါတယ် (မည် ဆိုတဲ့နေရာကို ည်ည်ည်ည်ည် လို့အနည်းငယ်ပြောင်းထားသည်မှလွဲ၍) …. မူရင်း EXO video ကိုလဲ ပြန်တင်ပေးလိုက်ပါတယ် …. တစ်မျိုးကတော့ ဟာသလို ခွက်ထိုးခွက်လှန်ရီနိုင်သလို နောက်တမျိုး ကတော့ ကဗျာလို ဘာသာစကားနဲ့ စိတ်လှုပ်ရှားဖွယ် ရောလျှက်ခံစားကြရမှာပါ

MA MA

Cat List …. Cat List
Shoot အနားနီး မော့စ် အနားနီး မော့စ်
Fatherless, Motherless
နောင်ဝဏ္ဏ ခဲနဲ့ ပေါက် မည်ည်ည်ည်ည်ည်
eel upon a chair
ရွှေမျှော် ဟန်နီ god ဂါထာ
ကြွက်မ super girl အော်ပြီးဆော့
မြူတွေ ကာကြည့်မှန်း
မမ အင်ကြင်းနဲ့ ခဲ ထည့်ထား ဖက်ကြော
ဝယ်စားတာ သူလေ သားလာ ချောင်းလို့ကြည့်
အာရုဏ်လာတော့ ခြေချော်ပြီဟ နင်းခဲ့ ကျုံးထဲ Hacking Energy
အိမ်ရှင် Donald Sarah ကတော့ ဝက်ပုတ် အီးခြောက်ခိုး
ဘယ်လိုအားနှင့် မသွား အီးတို့ကို
တူရွင်းတိုလေး ချဲ့ လို့ ဆားကငံ၏ မဖင်ကုန်း
အိမ်မြောင်ရဲ့ ခါးများအလယ်ကောင် ချွန်တွန်း
ဆောရီး ကတုံး အာဂျူရှိ
ခုချိန် ဘာကို ဘယ်သု့ိ ပို့ လို့ထား
အီဂျစ်မှ ကျောက်ခဲ ….
ဦးရီး ဒေါ် အိစံ နွံထဲမှာ ကျွတ် ဟ ကြည့်ဟ နင့် car
Sotong ဟကြည့်ဟ နင် Car
ဆာတိုင်း ဟကြည့်ဟ နင့် Car
Up & down ရှိလဲ ငရွှီး ငမူး Lee Min Ho
BaekHyun ဆိုအိတ်သူခိုး … Baekho နင် အတင်းသာခိုး
အစ်မလေးယုံ မမ မမ
အော်ကျယ်ကောင် ပုချောဦးလေး ဆွဲထားနို့ မို့ ကြာမှာ ကြိုးကွင်းက ချော်
ရုပ်က အီလို့ မဏ္ဍပ် တက်ကြည့် နေခဲ့တော့ မခေါ်
ဒီကောင်လေး စိန်တုံးကို ကန်ကျုံးလို့ သားသားထမ်းပို့ အကို အော်မှ
Sulli ဒီမှာ နားရင်းအုပ်လို့ အစမ်းသပ်ခံ ballpen
နာရီ Kai စွပ်လို့ …. ဘယ်လိုမှ သော့ဟဲ့ကျိုး
ဦးရီးက အင်္ဂါနေ့ Super girl အုပ်ပြီးနေကော
စောင်ခြုံပါနှင့်ကော
မန္တန်ကို စုန်းတွေ ခြောက်ဖို့ နှစ်ကြိမ်မြောက်
ဟန့်ခဲ့ ဦးလေး ကိုဦးကို
ဓါးမဓါးကို ဆောင်လို့ ရောင်းတုန်းတဲ့
တို့တွေ ခေတ်ကို ရှေ့သာမျှော်
ဦးလင်း ဒေါ်အိစံ noodle မာကြွပ် …. ဟတ်ချီး အား နဂါး
Sotong ဟတ်ချီးအား နဂါး
စာတမ်း ဟတ်ချီးအား နဂါး
အပေါ်ခြုံ ရှိလဲ ဓါးရှည်နဲ့ မူး ဟစ်တတ်လို့
ဘကွန်း စွတ်အိပ်တာကို ….. ဘကွန်းပြောင်တတ်တာကို
အစ်မလေးယုံ မမ မမ
(Dance Break)
ကျွတ်ခိုး၊ ကျုပ် key ခိုး …. စာဥကို ဝက်ကြီးခိုး
ဟေ့ကောင် ကြုံကြိုက်ရင် အားနေယား
ထိုးဝါးကျော်လို့ မမ မမ မမ မမ တန်းပတ်
ကဲသာကဲ မမ မမ မမ မမ Rolling back
BaekHyun ကြီးလို့ ပြောလို့ နှာနုကို ဆောင့်ထိုး
ဟေ့ကောင် ဖဲအိမ်ဒိုး အားနေယား
ထိုးဝါးကျော်လို့ မမ မမ မမ မမ တန်းပတ်
!!!!!!! ရဲ !!!!!!!!
Kill this! Kill this! (မမ)
Shoot အနားနီး mouse …. အနားနီး mouse (မမ)
Headless mouthless (မမ)
နောင်ဝဏ္ဏ ခဲနဲ့ ပေါက် မည်ည်ည်ည်ည်ည် (မမ)
ဆန်းငွေဟာတော့ ကြွက်ကြီးကို ဖားထင်
နာရီတွေလဲ ခံစား အာပုံ
ရဲကြီးဆဲလို့ အိမ်မြောင်လူတွေ မှန်ထွင်းခိုး
ကဲ ကျုပ် ဘောလုံး မဦးမယ့် ဘော်ဒါ ကင်ပွန်း စားတာ နင့်
မိုးသူ ဟန့်ခဲ့ ဦးစုစု အိမ်သာမျော
ဦးရီးတော့ အိပ်စမ်း …. နုနု မကြူ အားကြီးအားနဲ့ က
Sotong အားကြီးအားနဲ့က
Sir Rum အားကြီးအားနဲ့က
အာ ဖွတ် မျှော့ ရှိလဲ ဓါးရှည် နဲ့ မူးဟစ်နေလို့
ဘကွန်း ဆို အိမ်သာခိုး …. ဘကွန်း ဖြောင် သံသူခိုး
အစ်မလေးယုံ မမ မမ
Careless Careless
ရှုပ်တယ် annoying maths … annoying maths
Handle this … Mandalays’
နောင်ဝဏ္ဏ ခဲနဲ့ ပေါက်မည်ည်ည်ည်ည်ည်ည်

EXO-K
Post Translated by S.Moon
transform to poem by nelay


ဒါက youtube ကလင့်နဲ့ သူတို့ရဲ့ ခံယူချက် စာသားတွေပါ


[HD] EXO-K MAMA (Misheard Lyrics in Myanmar)
http://www.youtube.com/watch?v=w4lDKYLHJqw


Published on Jul 6, 2012
Singer : EXO-K, Song : MAMA (Misheard Myanmar Lyrics by: S.Moon) မူရင်းစာသားများကို ဒီ music video များမှာကြည့်ပါ။ (click "show more") EXO-K : http://www.youtube.com/watch?v=JSr8VC... EXO-M : http://www.youtube.com/watch?v=ngSWBp...


(အပျော်အပျက် ရီစရာသက်သက် ရေးထားခြင်းသာဖြစ်ပါသည်။)


EXO : http://www.facebook.com/EXOplanet.Mya... JJ-project : http://www.facebook.com/JJproject.Mya...


http://exoplanet-myanmar.com/


(The content music is owned by SM Entertainment. I do not own any of these.)
Uploader Comments (Dozenists EXO)
Dozenists EXO 1 year ago
မှတ်ချက်။ ။ဖန်တီးသူများသည် Kpop fan များဖြစ်ပါသည်။ သို့ဖြစ်ပါ၍ Kpop ကို နှက်သော misheard များ ဖန်တီးသည်ဟု တစ်လွဲစွပ်စွဲနေကြခြင်းများ ရပ်တန့်ကြပါကုန်။ အပျော်သက်သက်သာ ဖြစ်ကြောင်း အခါတစ်ရာမက လူတိုင်းစေ့လိုက်ပြောလဲ သဘောပေါက်ကြမည်ဟု မထင်ပါ။ တင်ဆက်သူများကိုပါ မကောင်းသောသူများအဖြစ် လူများအမြင်တွင် ထင်မြင်စေနိုင်သော comment/post များ pls don't post. ကျွန်ုပ်တို့သည် EXO အဖွဲ့နှင့် Kpop ကို အားပေးကြောင်း အတိအလင်း ကြေညာပါသည်။ အပင်မြင့်လျှင် လေတိုက်ခံရသည်ဖြစ်၍ Kpop ကို တချို့က ဖဲ့ကြသည်မှာ မဆန်းပါ။ :)





မိသားစုဝါဒီ



မိသားစု ဝါဒီတွေဟာ မိသားစု နဲ့မှ နွေးထွေးမှု အစစ်အမှန်လို့ သူတို့အယူအဆကို သူတို့ အစွန်းရောက်သည် အထိ ယုံကြည်ထားကြတယ် အဲ့ဒီ ယုံကြည်မှု ရဲ့ အစွန်းရောက်မှုဟာ စိတ်တွေကို ဝန်းရံပိတ်ဆို့ထားတဲ့ နံရံတွေနဲ့ အလားသဏ္ဍာန် တူတယ် မိသားစုဝါဒီတွေဟာ သူတို့မိသားစု လုံခြုံနွေးထွေးဖို့ သူတို့ဝန်းကျင်ကို တံတိုင်းတွေနဲ့ကာရံလိုက်ကြတယ် မိသားစုဝါဒီတွေရဲ့ တံတိုင်းတွေဟာ သိပ်လုံခြုံလွန်းတော့ တော်ရုံလူ အဝင်ခံဖို့ကို သူတို့ဝါဒတွေနဲ့ ပိတ်ဆို့ကြတယ် မိသားစုဝါဒီတွေဟာ သူတို့ မိသားစု နွေးလုံခြုံဖို့ဆိုရင် ဘာမဆိုလုပ်ဖို့ အသင့်ပဲ မိသားစုဝါဒီတွေဟာ မိသားစုမထူထောင်ကြသူတွေကိုလဲ သူတို့ ရန်သူလို အဆင့်မတူသလို သဘောထားကြတယ် မိသားစုဝါဒီတွေဟာ သူတို့ လူတွေပဲဖြစ်တယ်ဆိုတာကိုမေ့လျော့နေကြတယ် မိသားစုဝါဒီတွေဟာ တစ်နေ့တစ်နေ့ သူတို့ တံတိုင်းကို မြင့်သထက်မြင့်အောင်ဆောက်လုပ်ဖို့ပဲ သူတို့ အစွန်းရောက်ကြတယ် မိသားစုဝါဒီတွေဟာ သူတို့ဝါဒီတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အချင်းချင်း ယိုင်းပင်းကြတယ် မိသားစုဝါဒီမဟုတ်တဲ့ သူတွေကိုတော့ သူတို့ရဲ့ကျေးကျွန်အဖြစ် တစ်သက်လုံးထားဖို့ ဝန်မလေးကြဘူး မိသားစုဝါဒီတွေဟာ သူတို့ဆောက်လုပ်ခဲ့တဲ့ တံတိုင်းတွေ မြင့်လာလို့ အရိပ်ကျလာတဲ့အခါ တံတိုင်းအတွင်းထဲက မိသားစုဝါဒီတွေ တစ်ယောက်ကို တစ်ယောက် မမြင်ကြရတော့ဘူး မိသားစုဝါဒီတွေဟာ တစ်ယောက်ကိုတစ်ယောက် တိုက်မိကြရတယ် မိသားစုဝါဒီတွေဟာ သူတို့ တံတိုင်းကြီး မပြိုလဲဖို့ မိသားစုဝါဒီအချင်းချင်း စုစည်းကြတယ် မိသားစုဝါဒီတွေဟာ လွတ်လပ်သူတွေကို အမြင်မကြည်ကြဘူး မိသားစုဝါဒီတွေဟာ သူတို့ တံတိုင်းဆောက်လုပ်နိုင်တာကိုပဲ သူတို့ မိသားစုဝါဒီအသိုင်းအဝိုင်းထဲမှာ ဂုဏ်ယူဝင့်ကြွားစွာ ပြော ဆိုကြတယ် မိသားစုဝါဒီတွေ ပြောတဲ့ စကားတွေဟာ သိပ်ကြီးလွန်းလို့ နောက်ထပ် တံတိုင်းတွေတောင် ဆောက်လုပ်လို့ရတယ် မိသားစုဝါဒီတွေ မိသားစုဝါဒီဖြစ်လာတာကြာလာတော့ လွတ်လပ်သူတွေရဲ့ အိပ်မက်ကိုမေ့ထားကြတယ် မိသားစုဝါဒီတွေရဲ့ အဓိက ချို့ယွင်းချက်က သူတို့ဟာ မိသားစုဝါဒီတွေ ဖြစ်နေကြတာပဲ မိသားစုဝါဒီတွေဟာ သူတို့ မိသားစုဝါဒီတွေ လုံခြုံနွေးထွေးဖို့ အလုပ်လုပ်နေကြရင်း တစ်ချိန်က သူတို့ဟာ လွတ်လပ်သူတွေ ဖြစ်ခဲ့တယ်ဆိုတာကို မေ့သွားကြလေရဲ့



nelay





Wednesday, August 14, 2013

တိမ်တွေနဲ့မလွတ်တဲ့ အတံ



“သတိ’’
မိန်းမတွေက ‘သတိ’ ဆွဲခိုင်းလို့ ငါတို့တွေ မတ်မတ် ရပ်နေခဲ့တာလား
သူတို့လို သွေးမအန်ပေမယ့် ကိုယ့်ဒုက္ခလဲကြီးတယ်
မွေးရာပါ ဒုက္ခ တွဲလောင်းနဲ့မို့ ထထ လာတဲ့စိတ်ကို အပြစ်လို့ မြင်မိကြသလား
အမြိုက်ဒေါသ ရမ္မက် ကိုးပါး ထို တွဲလောင်းကလေးနဲ့ ထိန်းချုပ်အားကို
စိတ်တွေနဲ့ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်ရဲ့
ထောင်မတ်လာမဲ့ ဆန္ဒတွေ အတွက် ပေါင်ကြားထဲမှာ ဖိနှိမ့်ထားရတယ်
မြင်မြင်ရာက မိန်းမတွေပဲ ဈေးကွက်တင်တာ မိန်းမတွေပဲ ရောင်းကောင်းတာလဲ မိန်းမတွေပဲ
ငါတို့ အတံတွေ စိတ်မဝင်စားဘူး ငါတို့ စိတ်ဝင်စားတာ မိန်းမတွေပဲ မဟုတ်လား
တချို့ အတံ တွေက ကိုယ့်ကိုယ် ကိုယ် ဖြတ်တောက်ပြီး အပေါက်လုပ်သွားကြတယ်
ဒီအတံကလေးတွေ ထောင်ထောင်လာလို့
ဒီနိုင်ငံကြီးက အရှက်ကြီးကြီးနဲ့ ယဉ်ကျေးမှုတွေ မတရား ထိန်းသိမ်းထားလို့
နည်းမှန်လမ်းမှန် မျိုးမပွားတော့ဘူးလား
သူတို့ ရိုးရာဟာ ငါတို့ အတံတွေ ဖွင့်ဟ မြင်သာဖို့ ပိတ်ဆို့ထား လည်ပင်းညှစ်ထားတဲ့ အယူလွဲတွေ
ပိန်လှီနေတဲ့ မဖွံ့ဖြိုးတော့တဲ့ မပွင့်လင်းတဲ့ မျိုးပွား အင်္ဂါတွေနဲ့
နိုင်ငံသစ်ကြီးကို ထောင်မတ်ဖို့များ ကြိုးစားနေကြတယ်လို့
အသိဉာဏ်ဆာလောင်ခြင်း နဲ့ အတံတွေရဲ့ ဆာလောင်ခြင်းဟာ ပွင့်လင်းမြင်သာ ဖွင့်ချဖို့တော့လိုပြီ
ဟိုကောင်တွေကို မေးကြည့်ထားတယ် ခင်ဗျားအမေနဲ့အဖေက ဘာလုပ်ဖို့ခင်ဗျားကို အားအားယားယားမွေးထားတာလဲ
နားးးး ရှက်လိုက်တာ
ဘာ သွေးသားဆန္ဒတဲ့
ဘာ စွတ်မိသွားလို့ တစ်ဘ၀ လုံး ပျက်ပါပြီ ဟုတ်လား
ဟိုမှာ သူတောင်းစားတွေ ခွက်ခေါက်နေတယ်
ရှင်တို့ နားမလည်ပါဘူး
အေးလေ ဒါမို့ ငါတို့က ဖခင်တွေဖြစ်နေတာပေါ့
Raymond Roussel ကိုခေါ်ပါ
Marquis de sade ကိုခေါ်ပါ
ရတနာဝင်းထိန် ကိုခေါ်ပါ
မိသားစု လိုချင်မှတော့ ခင်ဗျားတို့တွေ ဆေးမသောက်နဲ့ ဦးထုတ်မဆောင်းကြနဲ့ပေါ့
ခေတ်အဆက်ဆက် တိမ်တွေဟာ ဖောက်ပြန်အားနဲ့ ငါတို့ အတံတွေကို ဖိချထားတယ်
ရတနာဝင်းထိန် စာရေးတာ သူတို့တွေ ပြောသလို နည်းစနစ်ကျကျ ပွင့်လင်းမြင်သာဖို့
ရည်းစားထားတာ သီးချိန်တန်သီး ဖွင့်ချိန်တန်ဖွင့်ဖို့
စေ့စပ်ကြောင်းလမ်းတာ မနေနိုင်ကြလို့
မင်္ဂလာဆောင်တာ လူသိရှင်ကြား ဆက်ဆံကြဖို့
ဉာဏ်တိမ်တဲ့ မိန်းမတွေနဲ့ ဉာဏ်တိမ်တဲ့ အတံတွေ မွေးထုတ်ချင်မှတော့ လူကုန်ကူးမှုတိုက်ဖျက်ရေးတွေ မလိုတော့ဘူး
အရှက်မရှိတဲ့ အနုပညာ ထက်
အရှက်အကြောက်ကင်းတဲ့ အနုပညာ ပဲလိုတယ်
ဘာကိုရွေးခြယ်ထားတဲ့ ခေတ်ပျက်ကြီးလဲ
သူတို့ ကတော့ မိုးရွာတိုင်းကောင်းနေကြတာပါပဲ … ခါးတယ်မဟုတ်လား
ရင်သား အကြီးကြီးတွေ မြင်တိုင်း
ငါတို့ အတံတွေ ထောင်မတ် နေတာ တိမ်တွေ သိပ်နိမ့်လွန်းလို့



nelay





လွမ်းတယ်ဆိုတာ



ခင်ဗျားတို့ လူ့အသိုင်းအဝိုင်း ဆိုးကြီးထဲ
ကီးဘုတ်ပေါ်က I miss u ဆိုတဲ့ ခလုတ်တွေ နဲ့ ဆိုတာမျိုး
ငါ နင့် ကို အရမ်း လွမ်းလိုက်တာ ဟာာာာ ဆိုတာမျိုး
မောင်စိန်ဝင်းပုတီးကုန်း ထဲက နွဲ့ဒါလီ ကိုဖြင့် လွမ်းလွန်းလို့ ညည အိပ်မပျော်တော့ဘူး ဆိုတာမျိုး
ကိုကို မီးကို အရမ်း လွမ်းတယ် လို့ ခဏခဏ ပြော ဘာာာာ ဆိုတာမျိုး
I miss u ကို copy ကူပြီး Paste တွေ အကြိမ် တစ်ရာလောက် လုပ်ပြ တာမျိုး
သူ့ကို လွမ်းလွန်းလို့ ညရေး ညတာ ခက်လှခြည့်ရဲ့ ဆိုတာမျိုး
နင် ငါ့ ကိုပဲ လွမ်း ရမှာ သတိရ ရမှာ နော် ဘယ်သူ့ကိုမှ ငါ့နေရာ ဝင်ရဲရဲ ကြည့် ဆိုတာမျိုး
မောင် ကျမ ကို လွမ်းရင်လေ ကဗျာ တစ်ပုဒ်လောက် ရေး ပို့ ပေးပါ ဆိုတာမျိုး
မီးလေ ကိုကို့ ကို အချိန်တိုင်း (အိမ်သာတက်ရင်တောင်) သတိရ လွမ်းဆွတ် နေမှာာာာ ဆိုတာမျိုး
အဲဒါ မျိုးမျိုးမျိုးမျိုးမျိုးမျိုးမျိုးမျိုးမျိုးတွေ ကို
ငါ့ ကမ္မဝါ ထဲက အလွမ်း လှိုက်သံ က လှောင် ရီတယ်
ငါ့ လွမ်းဆွတ်ခြင်းဟာ ..
၁၀ တန်းတုန်း က ကိုယ်ကြပ်အင်္ကျီ အမြဲ ဝတ်တဲ့ ကျောက်သင်ပုန်းပေါ် ကမ္ဘာ့ မြေပုံ အမြဲဆွဲပြတဲ့
သမိုင်းဆရာကြီးကို သိအောင်ကြားအောင် ဖွင့်ဟ လွမ်းပြ နေစရာမလိုဘူး
သူ့ မြေဖြူခဲ အနံ့တွေဟာ ငါ့ ဘ၀ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ လွမ်းဆွတ်လို့
တစ်ချိန်က လက်ဖက်သုတ် ဆိုင်ကလေးပေါ်က ငါ့ အနာဂတ်တွေဟာ ဟိုးးး အိမ်ကလေးဆီက အလင်းရောင်ကို သိအောင်ကြားအောင် ဖွင့်ဟ လွမ်းပြ နေစရာမလိုဘူး
သူ့ အလင်းရောင်ဟာ ငါ့ ဘ၀ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ လွမ်းဆွတ်လို့
တိမ်တွေဟာ ရွေ့လျှား နှုန်းကို မတွက် မချက်နိုင်သေးခင် ထွက်ခွာသွားကြလို့ ငါ့ လွမ်းဆွတ်ခြင်းကို
သိအောင်ကြားအောင် ဖွင့်ဟ လွမ်းပြ နေစရာမလိုဘူး
သူ့ တိမ်ငွေ့တွေဟာ ငါ့ ဘ၀ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ လွမ်းဆွတ်လို့
သွေးကြောတွေကို ဖြတ်တောက်လိုက်လို့ သွေးငတ်နေတဲ့ ဝေဒနာပေါ်က တည်ငြိမ်ခြင်းကို
ငါ့ လွမ်းဆွတ်ခြင်းတွေ သိအောင်ကြားအောင် ဖွင့်ဟ လွမ်းပြ နေစရာမလိုဘူး
သူ့ အနီရောင်တွေဟာ ငါ့ ဘ၀ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ လွမ်းဆွတ်လို့
ကဗျာ ဟာ ပြောင်းလဲခြင်းတွေ နဲ့ အဝေးကို ခရီးထွက်သွားခြင်းကို
ငါ့ လွမ်းဆွတ်ခြင်းတွေ သိအောင်ကြားအောင် ဖွင့်ဟ လွမ်းပြ နေစရာမလိုဘူး
သူ့ စာလုံးတွေဟာ ငါ့ ဘ၀ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ လွမ်းဆွတ်လို့

ဟေ့ …. ကောင် အလွမ်းမွှန် နေတဲ့ အလွမ်းတဏှာ အလွမ်းစွန်းနေတဲ့ အလွမ်းစွန်းက စောက်ရူး အလွမ်းတွေကို တွိစ်ထဲ ထည့်ထည့် ရွတ်နေတဲ့ တရားကွယ်နေတဲ့ ကောင် အလွမ်းတွေကို နှလုံးမသွင်းဖူးတဲ့ အလွမ်းကန်းနေတဲ့ ကောင် ….

လွမ်းတယ် သတိရတယ် ဆိုတာ လူ့နလပိန်းတုံး တွေအတွက် က ကြီး ကနေ အ အထိ အော်ကျက်မှ ရင်ထဲ ရောက်မယ့်အရာ ဆိုရင် မအောင် မြင်တဲ့ အလွမ်းတွေ သတိရခြင်းတွေဟာ ခဏခဏ ဟန်ဆောင်ထားတဲ့ အလွမ်း အပုတ် အပွ အတု တွေ

လွမ်းတယ် သတိရတယ် ဆိုတာ တစ်စုံတရာ ကို အသိပေး တိုင်တည်ခြင်းထက် (လူကြားကောင်းအောင်) ဖွင့်ဟ ပြနေခြင်းထက် ငါ့ တိတ်ဆိတ်ငြိမ်သက်ခြင်းက ပိုမိုလေးနက်တယ် စောက်ရူးတွေ ဘယ်နားလည်ပါ့မလဲ



nelay





Tuesday, July 23, 2013

အစာအိမ်တွေ ၂၄ ၂ပိုင်း၁ပိုင်း ဒီဂရီစောင်း



သူတို့ပြောပြောနေတဲ့ ၂ .. ၁ လက်မ ဆိုတာ နားမလည်ဘူး
ကျနော်နားလည်တဲ့ စာပိုဒ်တွေပဲ ထုတ်သုံးခဲ့တာပါ


အမျိုးသား က ဇာတ်ရုံနဲ့ အမျိုးသား ဇာတ်ရုံ ဘာကွာသလဲ ကျနော်မသိလိုက်ရဘူး
Official နေဝင်သွားတာကို Timelapse နဲ့ ယူချင်ယုံ သက်သက်ပါ


အလင်းတွေက ပရိတ်သတ် ပေါ် မကျ နေလို့ ကျနော်သွားပြောတော့
မင်းခိုင်းတာလုပ်ရမှာလား ငါ ဘယ်သူ့ ခိုင်းတာ လုပ်ရမလဲ လို့
သူ့ ပခုံးကို သူ့ တပည့်လေးတစ်ယောက်က နှိပ်ပေးနေတဲ့
လူကြီးက ကျနော့်ကို လည်လိမ်တောင် မကြည့်ဘဲမေးတယ်
ကျနော့် အတွက် ပရိတ်သတ် ပေါ် ကျမဲ့ အလင်း ကလေး နည်းနည်း ကလေးပဲ လိုချင်ခဲ့တာပါ


ခုန်တွေဟာ နီလွန်းလို့ မျက်လုံးတွေ သက်တောင့် သက်သာ မရှိဘူးဆိုရင်
မှိတ်ထားပေါ့


အန္တာရယ်ကင်း ဘေးရှင်းဖို့ ပွဲတင်မယ်ဆိုရင် ၁ သောင်း ကနေ ၃ ထောင် အစားအစား ပါပဲ
လက်ဖက်ပေါ်မှာ ဆားဖြူးပြီး ကြက်သွန်ကြော် ကလေးနဲ့ ဆီနည်းနည်း ဆမ်း ထားရင်တော့
စက်ပစ္စည်းတွေ လုံခြုံပြီးလို့ဆိုပါတယ် ဒါနဲ့ ကျနော် နည်းနည်း နှိက်စားလိုက်တယ် ဘယ်သူမှမသိဘူး


အအေးတွေ ကုန်သွားတော့ အပူတွေ သောက်ကြတာပေါ့
သူတော့ မမော နိုင်သေးဘူး ကျနော်မောနေပြီ


မပွင့်လင်းတဲ့ ရာသီဥတုကြီးတွေ ကြီးစိုး ခံခဲ့ရတဲ့ သူတို့ တွေရဲ့ မျက်နှာပေါ်မှာ
အလင်းရိပ်ဟာ အတင်းဖြဲကားပြီးထွက်လာရပုံ ပါပဲ ဝုန်းကနဲ ပေါ်လိုက် ဝုန်းကနဲ ပြောက်လိုက်


ကျနော် ဟာ တကယ်တော့ မော်နီတာတွေကို ကြောက်တဲ့ ကောင်ပါ
အခုတော့ မော်နီတာတွေက ကျနော့်ကို ပြန်ကြောက်နေရတယ်လေ ကျနော်က မုဆိုးမဟုတ်လား


မိုးကလဲ သည်းသည်းမဲမဲ ပါပဲ ညကလဲ နက်လာတာကိုး
ထိုင်ခုန် နီတွေကတော့ မသိကြပါဘူး


မိုးကာတွေ မလုံတလုံဝတ်ထားတဲ့ ညဂျူတီကြေး နပ်မှန်အောင်တောင် မရကြတဲ့
လူအိုကြီးတွေကတော့ ဓါတ်မီးတစ်လက်နဲ့ သူတို့ ရှုးဖိနပ်အစုတ်ထဲက ရေတွေကိုထုတ်လို့
ခြေစွတ်တွေ ညှစ်ချနေတဲ့ ရေစီးကြောင်းကြီးဟာ အဲဒီ့ လှေကားကြီးအတိုင်း


တစ်ခါတလေ အဲ့ဒီ့မြင်ကွင်း ဟာ
ဂီတသံထက် ပိုမို သစ်လွင်ပါတယ်


လူတွေဟာ တကယ်တော့ အထီးကျန်ခြင်းကို မသိစိတ်မှာ နှစ်သက်ကြတာပါ
ဒါမို့ တစ်ယောက်ကို တစ်ယောက်ထား သွားကြတာနဲ့ တူပါတယ်


နောက်ပြီး လူတွေဟာ တစ်ယောက်ကို တစ်ယောက်
အစာတွေ ကြေညက်အောင် မချက်နိုင်ကြပါဘူး



nelay





Friday, July 12, 2013

စက္ကူ ကြောင်



စက္ကူ တွေဟာ ကြောင်လိုပဲ
ပျော့ပြောင်းတဲ့ နေရာမှာ နူးညံ့လို့


ကြောင် တွေဟာ စက္ကူလိုပဲ
ရှမိတဲ့ အခါ အနီရောင်တွေ လွှမ်းလို့



nelay





Thursday, July 11, 2013

ရုပ်ရှင်ရုံ 3D



အလံ ပြ ရင် ထ မရပ်တဲ့ အထာများ နဲ့ နေကြာစေ့ ကို (ရှပ်ခံပြီး) #ဝါးး
စာမဖတ်တတ်တဲ့ မြန်မာပြည်က ယဉ်ကျေးသူကြီးများ
ဖုန်းကို ဖင်ကြားထဲမှာ ကျယ်ကျယ်မြည်အောင်ထားတယ်
မြန်မာစာတန်းမထိုးတဲ့ နိုင်ငံခြားကားမို့ ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ ကြည့်လိုက်တယ်
3D မျက်မှန်ထဲက ထွက်လာသမျှကို သိသိမသိသိကျယ်နိုင်သမျှကျယ်အောင် ရယ်နိုင်မှ
ဘေးလူတွေ ဝိုင်းကြည့်တာလဲခံချင်သေးတယ်
ထိုင်ခုန်တွေက [ horizontal ] တစ်တန်းထဲမို့ 
ဟိုးးး ထိပ်စ နဲ့ ဟိုးးး ထိပ်ဆုံးးး ဆပ်ဆပ်ခါပြီးတုန်နေအောင်
ဒူးတွေကိုလဲ (အ သ ကုန်) နန့်ထားကြမယ် [ခွေးတွေ] မဟုတ်ကြတော့
3D တွေများကြွကြွလာရင် ဘေးလူတွေရဲ့ ပေါင်ပေါ်ရောက်အောင် ရှောင် … ဟေးးးး … ရှောင်....
မြန်မာ့အပြိုကြီးတွေရဲ့ ရှေ့တန်းမှာများ သွားထိုင်မိရင်
တစ်ရပ်ကွက်လုံးရဲ့ မုန့်လုံးကြီးကို 3D ရုပ်ရှင်ရုံထဲမှာ စက္ကူကပ်ပြလိမ့်မယ်….
ကောင်းခန်းရောက်လို့ 3D မျက်မှန် တပ်ပြီး ဘေးကို လှည့်မကြည့်လိုက်နဲ့ ရုပ်ရှင်ထဲက ထက်ပိုကောင်းနေတယ်
ကျောက်ရုပ်တွေလို အတောင့်လိုက် [ကျောက်ဖျက်လုပ်ဖို့] ဖုန်းသံကို အဆုံးတင်ထားတဲ့
သူ့အမေခေါ်တဲ့ ဖုန်းတွေများဝင်ဝင်လာရင် တမေ့တမျော … ဈာန်ဝင်နေတဲ့ ရုပ်ရှင်ထဲက ပြူးပြူးပြာပြာ …..
“ဟဲ့ကောင်မ Man of Steel သွားမကြည့်နဲ့ မကောင်းဘူး အိပ်တောင် ငိုက်တယ်” …
အိုးးးးးးးးး … ရှစ် … ကိုးလောက် ရှိတဲ့ စကားတွေပဲ ကြားကြားလာရတော့
ဒီ ရုပ်ရှင်ရုံက ငါ့အတွက် 3D တွေ စောက်ရမ်း ကြွနေတယ်။



nelay





နှစ် အမြစ်



နှစ်တွေ ဆိုတာ အမြစ်တွေလိုပဲ
တူးသာ တူးရတယ် ဘယ်နားရောက်လို့ ဘယ်နား ဆုံးမယ်မှန်းမသိ
တူးနေရင်း ပြတ် ကျန်ခဲ့ရင် ဒုက္ခ
ရေသောက်မြစ်ကို တွေ့ရင်ပဲ ရေအိုင်ကြီးများ ထွက်လာမလား စိုးရိမ်ရ
တော်ကြာ ကြွက်သိုက်ထဲ ဝင်နေတဲ့ အမြစ်တွေဆွဲထုတ်မိရင်ဘယ်လိုလုပ်မလဲ


နှစ်တွေ ဆိုတာ အမြစ်တွေလိုပဲ
သူတို့က ထမ်းထားရတဲ့ တစ်ပင်လုံး ထိန်ဖို့ အာဟာရပဲ လိုက်ရှာနေရတယ်
နက်သထက်နက်အောင် ဆန့်သထက်ဆန့်အောင် ရှည်သထက်ရှည်အောင် တိုးနေရ


နှစ်တွေ ဆိုတာ အမြစ်တွေလိုပဲ
မာကျောကျော အုတ်နံရံတွေတွေ့ရင် ကွေ့ဝိုက်သွားနေရတယ်
မသကာ အက်ကြောင်းရာထဲ အမြစ်တွေ လျှိုမိရင် ကိုယ့်အပေါ်ပြိုကျလိုက်မယ်ဖြစ်ခြင်း


နှစ်တွေ ဆိုတာ အမြစ်တွေလိုပဲ
မှောင်ကြီးမဲကြီး စမ်းတဝါးဝါးနဲ့ ပိုးကောင်တွေလဲရှောင်ရသေး
ဒီကြားထဲ တီကောင်တွေရဲ့ ဝတ်ကျင်းက အမြစ်တွေကြားမှာ လှုပ်လှုပ်ရွရွ


တကယ်တော့
အမြစ်တွေဟာ နှစ်တွေလိုနဲ့
နှစ်တွေဟာ အမြစ်တွေလို



nelay





နေလင်း သေဆုံးခြင်း



သူတို့တွေကို ကယ်တင်ချင်တာ မဟုတ်ပါဘူးးး ....
ငါရော သူတို့ ရော ဘာမှ မမြင်ရလို့ ...
လက်ထဲ ပါလာတဲ့ မီးခြစ်ကလေးခြစ်လို့
... မီးပြ မိတာပါ ....
...... ဝုန်းးး ဆို
မီးလဲ လင်းလာရော ....
တစ်ယောက်ကို တစ်ယောက် သဲသဲ ကွဲကွဲ ...
မြင်ရတော့မှ ...
ငါ ပြ တဲ့ မီးက ...
လင်းလွန်းလှ ခြည့်ရဲ့ ...
စူးလွန်း ရှလွန်းလှ ခြည့်ရဲ့ ...
ငါ့ အလင်းကို
မုန်းလှခြည့်ရဲ့ ...
ငါ့ အလင်းကို
ရွံလှခြည့်ရဲ့ ....
ငါ့အလင်း က သူတို့ အနာကို
ထိုးလှ ခြည့်ရဲ့ .. စွလှခြည့်ရဲ့ ...
တွင်းထဲမှာ .... ခေါင်နေတဲ့ အနံ့နဲ့ ....
အလင်း ပြ မိတဲ့ ... ငါ့ကို
သူတို့တွေ ဝိုင်း
သတ် ကြ တယ် ...



nelay







Inspired From
မင်းခိုက်စိုးစန်
ကောင်းကင်နဲ့မလွတ်တဲ့ တောင်ပံတစ်စုံ စာအုပ်မှ
ပရောမီးသယပ်(စ်)သေဆုံးခြင်း