စိတ်အထင်နဲ့ နာမကျန်းဖြစ်လို့ မထိရောက်ဘူး
နေဝင်တာကြာပြီလား
တိမ်မဲတွေပြေးတက်လာပြီ
မသိဘူးလေ …
မိုးတွေရွာလာပြီလား
မီးမငြိမ်းသေးဘူး
ဘယ်လိုမျိုးလဲ
စိတ်ဥယျာဉ်ထဲက
ပန်းရနံ့တွေ မွှေးမှာပေါ့
မသိဘူးလေ သူမှမရောက်ဖူးတာ
နေမရှိတဲ့ရပ်ဝန်းမှာ နေအကြောင်းပြောပြလို့
ခံစားလို့မရဘူး
မိုးမရွာတဲ့လွင်ပြင်ဦးမှာ မိုးအကြောင်းပြောလို့
ခံစားလို့မရဘူး
စိတ်ဥယျာဉ်ထဲက ပန်းအကြောင်းပြောပြလို့
ခံစားလို့မရဘူး
တဖြည်းဖြည်း ငြီးငွေ့စရာတွေ ချိုးဖဲ့ပြီး
မီးတောက်နားရောက်ခဲ့တယ်
နေဝင်တာ ငြိမ်းချမ်းခြင်းရဲ့နောက်ဆုံးတေးသွား
အမှောင်ရဲ့ ဂီတသံအစဖြစ်တယ်
မိုးစက်တွေကိုကြည့်ဖို့ မျက်လုံးကြာကြာမဖွင့်ကြည့်နိုင်ဘူး
အေးတယ် အဲ့ဒီ အေးတဲ့ရနံ့တွေက တစ်ကိုယ်လုံးစီးဆင်းသွားရဲ့
စိတ်ဥယျာဉ်ထဲမှာ ဘာပန်းမှမရှိခဲ့ဘူး
မီးတောက်ထဲက ဖြစ်တည်မှုတွေ ခဏတာလင်းမြချိန်
ဥယျာဉ်ထဲမှာ ပန်းတွေ ရှင်းသန့်အောင် ပွင့်သွားခဲ့တာပါ
စိတ်အထင်နဲ့ နာမကျန်းဖြစ်လို့ မထိရောက်ဘူး ။
nelay
No comments:
Post a Comment