Pages

Sunday, May 11, 2008

သက်ရှိထင်ရှား



စက်ဘီးပေါ်က ခြေရာ
အခန်းထဲမှာလည်နေသော မျက်လုံးများ
ကိုယ့်ကိုယ်ကို ဟုတ်ခြင်းဝေါဟာရနဲ့
ဆံပင်ရှည်ကိုလက်ညှိုးထိုးပြီး ရီကြတယ်
တံခါးဖွင့်ပြီး ခုန်ချသွားတဲ့ တိမ်တွေ
တရားနာဖို့ အရက်ကြိုသောက်ကြရတယ်
ဘာမှတ်တိုင်တွေလဲ ပုခုန်းခြင်းတိုက်
ယဉ်ကျေးမှုမှာ ပညာတတ်နဲ့ ပြင် (အ) ညာ တတ်
အချင်းချင်းပွေ့ပိုက်ထားတဲ့ ဒုက္ခကြီး
မိုးပျံလေစီးပြီး မင်းလွှတ်ချမလား ငါလွှတ်ချမလား
ခင်ဗျားရော ကျုပ်ရော ပြိုင်တူ လွတ်ကျဖူးတယ်
မိုးပေါ်ပျံနေတဲ့ ချွေးသီးချွေးပေါက်တွေ
အစာအိမ်ဆီ ပြန်လာတိုင်း
အမာရွတ်ကလေးကို စမ်းမိတဲ့ဒုက္ခ
ငါ့ လက်မတွေ နာ နေတယ်။
ဦးခေါင်းတွေအပင်ပေါက်လာပြီ
အခုချိန်ထိ နွေက ကြော်ငြာကောင်းတုန်း


ကလေးတွေ ကလေးတွေ
ဘာသီးစားချင်လဲ


လူကြီးတွေ လူကြီးတွေ
ဘာသီးသီးနေတာလဲ


စက်ဘီးပေါ်က ခြေရာ
အခန်းထဲမှာ လည်နေသော မျက်လုံးများ
အမာရွတ်တွေ သက်ရှိထင်ရှား … ။



nelay





No comments: