Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Sunday, May 25, 2008

အလင်းဝှက်စကား အမှောင်တံခါး



ငါ့ညတွေကို နောက်ပြန်မျက်နှာနဲ့
လျှောက်လာခဲ့တဲ့ အခန်းတံခါးမှာ
မီးတောက်တွေ အဆင်သင့်စောင့်ကြို


ငါ့ကိုယ်ငါထွန်းပြီး လင်း
နောက်ဆုံးဈာပနအိုမှာ လက်ပိုက်ကြည့်နေသူတွေ
ချင်းချင်းနီသွားတယ်။


ငါ့မျက်လုံးက အမှောင်ထုကိုစိန်ခေါ်
အရေပြားတွေ ပျော်ကျ တစ်ခန်းလုံးဆွံ့အ
လှနေပါတယ်။


ကြည့်စမ်းပါ ကြည့်စမ်းပါ ကြည့်ကြစမ်းပါ


သံစဉ်မကုန်သေးဘူး အရူးတွေကနေပြီ
အရိပ်တွေမလှဘူး
အနက်ရောင်ကိုချွတ်ပြီး
အရိပ်တွေက အရူးကိုမျိုချ ...


လှိုင်းခတ်သံက
အပွင့်အိုကိုသတ်လိုက်ကြတယ်
ငါလေ ….
ရှိုက်ကြီးတငင် ငိုချလိုက်တာ
ငါ့မျက်ရည်တွေ ငါ့ကိုယ်ပေါ်မှာ အေးခဲ


ငါ့မီးတောက်က ငါ့ကိုအလင်းမြဆုံးမြင်ရ
တစ်ခန်းလုံး အိုကျသွားပြီ


အလွမ်း ကျောရိုးပေါ်က ရေစီးသံဟာ
ခရေအကြွေတွေကို ငါ့အလင်းနဲ့ ဝေးရာ ပို့ …..


အမှောင်ထုထဲက
ရနံ့တချို့ ငါရလိုက်တယ်


ငါ့အခန်းထဲကို ချောင်းကြည့်နေတဲ့
သော့ပေါက်ကလေး
မင်းသိလား ဂီတသံဟာ ပြီးဆုံးသွားပြီ
ငါ့အလင်းနဲ့ငါ့နားထဲမှာ ဂီတသံဟာ
နှစ်ပေါင်းများစွာ စွဲကျန်နေတယ် ...


ရုပ်သေးရေ …
ငါ လက်ညှိုးကလေးမကွေးခဲ့ပါဘူး
င့ါနှုလုံးသားထဲက
ကြယ်စုဗူးကလေး ကျကွဲသွားတာ


အမှောင်တွေက လှောင်ရီတယ် …


ဟား … ဟား … ဟား


ငါပြုံးနေလိုက်တယ်
တစ်လောကလုံး မှောင်သွားရင်တောင်
ငါ့အလင်းကို သူတို့ မငြိမ်းနိုင်


ငါ့အလင်းဝှက် ဥယျာဉ်ထဲမှာ
အမှောင်လှောင်ခန်းတွေရှိတယ်
ငါ့တံခါးတွေ ငါမဖွင့်ခဲ့


အနက်ရောင် နတ်ဘုရား
စိတ္တဇ စိတ်ကူးတွေသိုဝှက်ထားတဲ့တံခါး
ငါ့အလင်းတွေ ဝင်ထွက်သွားလာလို့မရဘူး


လူတွေရဲ့ လျှို့ဝှက်ဥယျာဉ်ထဲ
အမှောင်တံခါးခြပ်တွေ
ကောင်းကင်နဲ့ ရေပြင်ကြား
အိမ်မပြန်ချင်တဲ့ငှက်ကို ပိတ်မိသွားကြတယ်။



nelay





No comments: