Pages

ပူစီဖေါင်း

ခင်ဗျား ဘာလို့ ဒီလောက်တောင် လန့်နေတာလဲ ခင်ဗျား မှုတ်ထားတဲ့ လေ တွေပဲ မဟုတ်ဘူးလား...

Read More

ဇီဇဝါ ဝင်္ကပါ

တိမ်ဦးရင်ခွင် နံနက်မှာ အစီအစဉ်အသစ်နဲ့ မျက်နှာကျက်အစိုပေါ်မှာ လင်းနေတဲ့ကြယ်ကလေးရေ...

Read More

အပြုံး

မရှိ သုံး ကလေးတွေ မို့ အပြုံးတွေကို မုန်းနေအောင်...

Read More

သို့ ... ပန်းလိမ္မာ

နတ်ငယ်မရဲ့ နှင်းရီချိုအပြုံးဗီဇဟာ အမှောင်ညအိုကို လင်းဝေပစေတယ်။...

Read More

နရီအိပ်မက်

စမ်းကျသံကလေးပေါ်က ပန်းတွေကို ခွဲစိတ်ကြည့်ရင်...

Read More

အမုန်း

မသန့်စင်ခြင်းကိုချစ်တယ် သန့်စင်ခြင်းဟာမှောင်လွန်းလှလို့...

Read More

ပြာ

သက်စေ့အလွမ်းတွေနဲ့ မိုးပေါ်မှာဗလာစာအုပ်ချုပ်ပြ သူတို့တွေက တစ်ရွက်ပြီးတစ်ရွက် ကျော်ချ...

Read More

ငါတော့ ဒီကောင် ပါရင် မကစားချင်ဘူး

ဒီကောင်က နိုင်မယ်ထင်တဲ့ ဖက်က အမြဲပါပါ ချင်နေတဲ့ ကောင်...

Read More

မြင်ကွင်း လူယောက်

နှလုံးသား အသက်အိုပေါ်က မြက်ပျိုတို့ရေ ...

Read More

သေချင်းဆိုးငှက်ပျောပင်

ဘုရားရှေ့မှာဆိုသေချင်းဆိုးကိုလက်အုပ်ချီရတယ်...

Read More

လူငယ်တစ်ယောက်နဲ့ ခြေထောက်များ

သန့်စင်မှုကို စိုက်သွင်း ကြမယ်ဆိုရင် စိတ်တွေ အပြိုင်းပြိုင်း ရွာချ လို့ မသေဆုံးနိုင်ဘူး...

Read More

မိုးရာသီ (မြန်မာသံစဉ်)

ဘာတွေ (နှမ်းတွေ နှမ်းတွေ) ဖြူးဖြူးပြီး သောက်ချင်ရတာလဲ...

Read More

စာ စားသုံးခြင်း

ငါ့ကိုလာချောင်းဖို့မကြိုးစားနဲ့ ရွံဖို့ကောင်းတယ်။ ငါ့ရဲ့ ပကတိကို ငါဖြစ်ခိုင်းလို့မရဘူး။...

Read More

မေဦးပေါက်တဲ့ စာကလေး

အိမ်ရှေ့အိမ်ဆီက ဇီးကွက်တို့ လင်မယားကို မွေးရာပါ အမှတ်အသားများနဲ့ အကြိုလွှတ်ရအုံးမယ်...

Read More

ရော့တိရော့ယဲ ပြဿနာ

ဟင်းလင်းပြင်ထဲက သံရုပ်ကို ဘာကြီးတွေထုတ်ထုတ်ပြီး ရာသီဥတုလုပ်နေကြတာလဲ...

Read More

ငါမျိုး ငါရိုး

အတွဲလိုက်ပါမယ် ဆိုတဲ့ အမျိုး သူ့အမေကလဲရိုး သူ့အဖေကလဲရိုး...

Read More

မြန်မာ့ရိုးရာ Zombie ဒေါ့ကူမန်ထရီ

ခါတိုင်းလိုပဲ သူ ထွေးထုတ်ပြီးသား အရာကိုကို ဆာလာရင် ပြန်စားတယ်...

Read More

ငါကမိသားစုကြည့်ရန် မသင့်တော်တဲ့ကောင်

နေဝင်ချိန်ရဲ့လက်တံများနဲ့ ငယ်ဘဝကို ထိစပ်မိလိုက်တိုင်း မတရားမှုတွေ အတင်းလိုက်ကြိုက်ခံနေရတဲ့ ကောင်...

Read More

ပုံပြင်ပေါ်မှာ ဇီဇဝါ

လက်ညှိုးထိုးပြီး ခြောက်လှန့်လို့များ ညောင်ညိုပင်အောက်က ကောက်ရိုးရုပ်တွေ ထကကြအုံးမလား...

Read More

ချော့ကလက် တွင်း

ပြန်ပြန်တိုက်မိခဲ့တဲ့ ပခုံးအိုကို ငါ ကုတ်ချီပျံသန်း တပသီ လှမ်းတဲ့လမ်းတွေ...

Read More

ဒီနေရာမှာ သုညတွေပေါတယ်

အနောက်အရပ်မှာမှ မြစ်ကြောင်းပြောင်းလို့ ကွန်ကောင်တွေပဲ အတောင်ကျိုးကျမယ်...

Read More

နတ်ဆိုးတစ်ကောင်ရဲ့ မေတ္တာဆုတောင်း

လျှာသွားထက်က ပုံပြင်ကမ္ဘာမှာ ဘာလုံးကြီးတွေ ဘယ်လောက်ကြီးထွား ဆော်လမှုံငါးတွေ အိမ်ပြန်ကြပါစေလို့ နှလုံးသားနဲ့ ချိုမြလိုက်ရဲ့ ...

Read More

အခွံ/shell

အိမ်ကိုပြန်လာတော့ ငါ့ကိုမတွေ့တော့ဘူး ...

Read More

ဖြစ်မှဖြစ်ရလေ

ခင်ဗျားကို ကျောင်းထားပေးတဲ့အစိမ်းရောင် ရုပ်ဝတ္တုတွေဟာ ကျုပ်တို့ရဲ့ ဂုတ်သွေးတွေ...

Read More

ကြယ်ကြွေအိပ်မက်ရဲ့ အရောင်ပြောင်း သတို့သမီး

သူ့ပြက်လုံးအကြွေတွေကို လိုက်ကောက်ရင်း သစ်ရွက်အခြောက်တွေနဲ့ သေဆုံးရတော့မယ်...

Read More

စာမျက်နှာ ၂၈

စါလုံးပောင်းမမမ်တဲ့နှလုံးသားတခုရယ် ငါသယ်ပြီးတက်လာခဲ့တယ်...

Read More

ကိုယ်ပိုင် သံလမ်း

တနေ့ခင်းလုံး ဝုန်းဝုန်းဒိုင်းဒိုင်း ခြံစည်းရိုးအသေတွေ ဖျက်စီးကြ...

Read More

Sunday, May 4, 2008

ပြောက်ဆုံးခဲ့သော အရာ



(၁)
ကျနော့်မှာ အလုပ်ရှိခဲ့ပါသည်။ အဲဒီအလုပ်လုပ်ဖို့ အလုပ်လိုက်ရှာနေခဲ့ပါသည်။
တညလုံး၊ ပြောင်းပြန် တညလုံး ကျနော်အလုပ်ရှာနေပါသည်။
ဒီလိုနဲ့ . . .
လုပ်တိုက်တခုရှေ့အရောက် ကျနော့်နှလုံးသားကိုဆွဲထုတ်
ဖောင်ဖြည့်တင်လိုက်၏။


အဲဒီ့ ညနေ . . .
ကျနော်အလုပ်ရပါသည် ကျနော့အတွက်မဟုတ်ပါ ကျနော့နှလုံးသားအတွက်သာ၊ဘာပဲဖြစ်ဖြစ်ကျနော်အလုပ်ရလိုက်ပါသည်။ သို့ပေသော် ကျနော့်နှလုံးသားတော့ထားခဲ့ရပါသည်။


ဒီလိုနဲ့ကျနော်အလုပ်လုပ်နေခဲ့ပါသည်။ ကျနော့်နှလုံးသားအလုပ်လုပ်နေပါသည်။
ပင်ပန်းနွမ်းနှယ်သည့်အထိ မူးမိုက်ကာဝေဝါးသည်အထိ ကျနော့်နှလုံးသားကို သူတို့အလုပ်လုပ်ခိုင်းပါသည်။ ဒီ့အတွက်ကျနော်ဘာရပါသလဲ . . .


(၂)
လမ်းနှစ်လမ်းရှေ့တွင် ဖျက်ကနဲမီးဝါလိုက်သည်။


ရုံးကန်နေကြတဲ့ ဘဝ ညစ်ညစ်လို စက်ရုပ်လို အနာဂတ် ရှေ့လမ်းတွင် ဘာဖြစ်မယ် သိသိနေတဲ့မြန်မာရုပ်ရှင်ဇာတ ်ထုတ်လို . . .။ ပညာရှာ အလုပ်လုပ် မိဘလုပ်ကြွေး မိသားစုတခုတည်ထောင် လောကအတွက်ဟိုရောင်ဒီရောင် လူမှုရေးလုပ်ချင်ယောင်ဆောင်ပြီး စက်ရုပ်လို သိပြီးသားဘဝတခုနှင့်ရှေ့ဆက်မည်လား . . .။


တခုခုကိုသေသေချာလုပ်ရင်း တခုတခုကိုချန်ဖို့ကြိုးစားမ ည်လား။


အကြောင်းအရာတွေကို အကြောင်းအရာတွေပြန်မေး မေးနေကြသည်။ သတ်မှတ်ချက်တွေကို သတ်မှတ်ချက်တွေနဲ့ ပြန်သတ်မှတ်ကြသည်။ အဓိပါယ်တွေကို အဓိပါယ်တွေတောင်းဆိုနေကြသည် ။ သွေးတွေကို သွေးတွေဆာနေကြသည်။


လမ်းနှစ်လမ်းရှေ့တွင် ဖျက်ကနဲမီးနီလိုက်သည်။


ရှေ့တွင်ကလေးတယောက် မျက်မမြင်အဘိုးအိုတွဲကာ ဖြတ်ကူးသွားသည် လောကဓံမြင်းကျားပေါ်မှာ၊ တိမ်တွေငိုချလိုက်ရုံဖြင့် မပြီးဆုံးသည့် လွင်ပြင်ကျယ်တွေ ဟိုးမိုးကုတ်စက်ဝိုင်းအထိ ရောယှက်ထားကြသည်။
အားငယ်သူကို အားယူမည့် စုန်းကိုက် မျက်လုံးစိမ်းတွေ စူးစူးစိုက်စိုက်ကြည့်နေကြသည်။
အမှောင်ထဲက ကဝေပျိုကပွဲနောက် တကောက်ကောက်လိုက်မည့် အဖြူရောင်ခြေလှမ်းများဟန်ပြင်နေကြသည်။
ဘဲဥမှ ဘဲမကြီးကိုမွေးဖွားလိုက်ကြသည်။
ပန်းသီးမှ ပန်းပင်ကိုဝါးမျိုလိုက်သည်။
နှလုံးသားတခု အတွက် နှလုံးသားပေါင်းများစွာကို စတေခဲ့ကြပြီ။
တိမ်တွေဖြူမလာခဲ့သည်မှာလဲ ကြာခဲ့သည်။


(၃)
ကျနော့်နှလုံးသားအလုပ်လုပ်နေသည်။ ကျနော်အလုပ်မလုပ်ပါ။
အလုပ်ကအပြန် ကျနော့်နှလုံးသားအလုပ်တွင် ထားခဲ့ရသည်။


ကျနော်ရထားစောင့်နေသည်။ ရထားတစီးဆိုက်လာသည် ကျနော်ဦးခေါင်းက တက်သင့်သောကြောင့် ကျနော်ထိုင်လိုက်မိသည် အဲဒီ လူနေမှုရပ်ဝန်းတခုအပေါ် ပျော့ညံ့စွာဝင်ဆံ့သွားသည်။
တိုးညင်းတဲ့လက်တစုံ အမျိုးသမီးရဲ့ ဆွဲအိပ်ထဲမှ အနာဂတ်ကိုနှိုက်ယူနေသည် ကျနော့ရှေ့တွင် . .
ကျနော့် ဦးနှောက်က မင်းနဲ့မဆိုင်ဟုညွှန်ကြားသလို ကျနော့အသည်းနှလုံးအလုပ်တွင်ကျန်ခဲ့သည်။


ဆင်းရမည့်ဘူတာအရောက် ကျနော်ကျပြောက်ခဲ့သည်။ အတိတ်တို့သည် မိနစ်ပိုင်းအတွင်းဟောင်းနွမ ်းကုန်ကြသည်။


ဆာလောင်မှုကဦးခေါင်းကို ဒေါင်ချာဆိုင်းစေ၏။ အစာတခုလိုက်လံရှာဖွေကာ ဖြေသိမ့်လိုက်သည်။


ဖန်သားပြင်မှ မူယာမာယာ ကတ်တချို့ ငိုချင်စရာ ကတ်တချို့ ကြည်နူးစရာ ကတ်တချို့ ဒေါသဖြစ်စရာ ကတ်တချို့ ဦးနှောက်ကြီးမှမခံစားပါ။ ကျနော့်နှလုံးသားအလုပ်လုပ်ရ င်း အလုပ်တွင်ကျန်နေခဲ့သည်။
နာရီစက်သံနှင့် ဦးနှောက်ကြီး အိပ်ယာပေါ်ပျော်ဆင်းသွားသည် မနက် နာရီအချက်ပေးသံမြည်သည်အထိ အိပ်မက်ဆိုတာမရှိ မျက်ခွံနှင့်မျက်လုံးကြား ကွာဟမှုဆိုတာမရှိ ဦးနှောက်ကြီးအိပ်ပျော်နေသည်။


ကျနော့်နှလုံးသား တညလုံး ပြောင်းပြန် တညလုံး အလုပ်လုပ်နေသည်။


လမ်းနှစ်လမ်းရှေ့တွင် ဖျက်ကနဲမီးစိမ်းလိုက်သည်။


ကျနော် . . . ဘယ်လမ်းကို . . . မောင်းနှင်ရ . . .မည် . . . နည်း။



nelay





No comments: