ကျနော့်မှာ အလုပ်ရှိခဲ့ပါသည်။ အဲဒီအလုပ်လုပ်ဖို့ အလုပ်လိုက်ရှာနေခဲ့ပါသည်။
တညလုံး၊ ပြောင်းပြန် တညလုံး ကျနော်အလုပ်ရှာနေပါသည်။
ဒီလိုနဲ့ . . .
လုပ်တိုက်တခုရှေ့အရောက် ကျနော့်နှလုံးသားကိုဆွဲထုတ်
ဖောင်ဖြည့်တင်လိုက်၏။
အဲဒီ့ ညနေ . . .
ကျနော်အလုပ်ရပါသည် ကျနော့အတွက်မဟုတ်ပါ ကျနော့နှလုံးသားအတွက်သာ၊ဘာပဲဖြစ်ဖြစ်ကျနော်အလုပ်ရလိုက်ပါသည်။ သို့ပေသော် ကျနော့်နှလုံးသားတော့ထားခဲ့ရပါသည်။
ဒီလိုနဲ့ကျနော်အလုပ်လုပ်နေခဲ့ပါသည်။ ကျနော့်နှလုံးသားအလုပ်လုပ်နေပါသည်။
ပင်ပန်းနွမ်းနှယ်သည့်အထိ မူးမိုက်ကာဝေဝါးသည်အထိ ကျနော့်နှလုံးသားကို သူတို့အလုပ်လုပ်ခိုင်းပါသည်။ ဒီ့အတွက်ကျနော်ဘာရပါသလဲ . . .
(၂)
လမ်းနှစ်လမ်းရှေ့တွင် ဖျက်ကနဲမီးဝါလိုက်သည်။
ရုံးကန်နေကြတဲ့ ဘဝ ညစ်ညစ်လို စက်ရုပ်လို အနာဂတ် ရှေ့လမ်းတွင် ဘာဖြစ်မယ် သိသိနေတဲ့မြန်မာရုပ်ရှင်ဇာတ ်ထုတ်လို . . .။ ပညာရှာ အလုပ်လုပ် မိဘလုပ်ကြွေး မိသားစုတခုတည်ထောင် လောကအတွက်ဟိုရောင်ဒီရောင် လူမှုရေးလုပ်ချင်ယောင်ဆောင်ပြီး စက်ရုပ်လို သိပြီးသားဘဝတခုနှင့်ရှေ့ဆက်မည်လား . . .။
တခုခုကိုသေသေချာလုပ်ရင်း တခုတခုကိုချန်ဖို့ကြိုးစားမ ည်လား။
အကြောင်းအရာတွေကို အကြောင်းအရာတွေပြန်မေး မေးနေကြသည်။ သတ်မှတ်ချက်တွေကို သတ်မှတ်ချက်တွေနဲ့ ပြန်သတ်မှတ်ကြသည်။ အဓိပါယ်တွေကို အဓိပါယ်တွေတောင်းဆိုနေကြသည် ။ သွေးတွေကို သွေးတွေဆာနေကြသည်။
လမ်းနှစ်လမ်းရှေ့တွင် ဖျက်ကနဲမီးနီလိုက်သည်။
ရှေ့တွင်ကလေးတယောက် မျက်မမြင်အဘိုးအိုတွဲကာ ဖြတ်ကူးသွားသည် လောကဓံမြင်းကျားပေါ်မှာ၊ တိမ်တွေငိုချလိုက်ရုံဖြင့် မပြီးဆုံးသည့် လွင်ပြင်ကျယ်တွေ ဟိုးမိုးကုတ်စက်ဝိုင်းအထိ ရောယှက်ထားကြသည်။
အားငယ်သူကို အားယူမည့် စုန်းကိုက် မျက်လုံးစိမ်းတွေ စူးစူးစိုက်စိုက်ကြည့်နေကြသည်။
အမှောင်ထဲက ကဝေပျိုကပွဲနောက် တကောက်ကောက်လိုက်မည့် အဖြူရောင်ခြေလှမ်းများဟန်ပြင်နေကြသည်။
ဘဲဥမှ ဘဲမကြီးကိုမွေးဖွားလိုက်ကြသည်။
ပန်းသီးမှ ပန်းပင်ကိုဝါးမျိုလိုက်သည်။
နှလုံးသားတခု အတွက် နှလုံးသားပေါင်းများစွာကို စတေခဲ့ကြပြီ။
တိမ်တွေဖြူမလာခဲ့သည်မှာလဲ ကြာခဲ့သည်။
(၃)
ကျနော့်နှလုံးသားအလုပ်လုပ်နေသည်။ ကျနော်အလုပ်မလုပ်ပါ။
အလုပ်ကအပြန် ကျနော့်နှလုံးသားအလုပ်တွင် ထားခဲ့ရသည်။
ကျနော်ရထားစောင့်နေသည်။ ရထားတစီးဆိုက်လာသည် ကျနော်ဦးခေါင်းက တက်သင့်သောကြောင့် ကျနော်ထိုင်လိုက်မိသည် အဲဒီ လူနေမှုရပ်ဝန်းတခုအပေါ် ပျော့ညံ့စွာဝင်ဆံ့သွားသည်။
တိုးညင်းတဲ့လက်တစုံ အမျိုးသမီးရဲ့ ဆွဲအိပ်ထဲမှ အနာဂတ်ကိုနှိုက်ယူနေသည် ကျနော့ရှေ့တွင် . .
ကျနော့် ဦးနှောက်က မင်းနဲ့မဆိုင်ဟုညွှန်ကြားသလို ကျနော့အသည်းနှလုံးအလုပ်တွင်ကျန်ခဲ့သည်။
ဆင်းရမည့်ဘူတာအရောက် ကျနော်ကျပြောက်ခဲ့သည်။ အတိတ်တို့သည် မိနစ်ပိုင်းအတွင်းဟောင်းနွမ ်းကုန်ကြသည်။
ဆာလောင်မှုကဦးခေါင်းကို ဒေါင်ချာဆိုင်းစေ၏။ အစာတခုလိုက်လံရှာဖွေကာ ဖြေသိမ့်လိုက်သည်။
ဖန်သားပြင်မှ မူယာမာယာ ကတ်တချို့ ငိုချင်စရာ ကတ်တချို့ ကြည်နူးစရာ ကတ်တချို့ ဒေါသဖြစ်စရာ ကတ်တချို့ ဦးနှောက်ကြီးမှမခံစားပါ။ ကျနော့်နှလုံးသားအလုပ်လုပ်ရ င်း အလုပ်တွင်ကျန်နေခဲ့သည်။
နာရီစက်သံနှင့် ဦးနှောက်ကြီး အိပ်ယာပေါ်ပျော်ဆင်းသွားသည် မနက် နာရီအချက်ပေးသံမြည်သည်အထိ အိပ်မက်ဆိုတာမရှိ မျက်ခွံနှင့်မျက်လုံးကြား ကွာဟမှုဆိုတာမရှိ ဦးနှောက်ကြီးအိပ်ပျော်နေသည်။
ကျနော့်နှလုံးသား တညလုံး ပြောင်းပြန် တညလုံး အလုပ်လုပ်နေသည်။
လမ်းနှစ်လမ်းရှေ့တွင် ဖျက်ကနဲမီးစိမ်းလိုက်သည်။
ကျနော် . . . ဘယ်လမ်းကို . . . မောင်းနှင်ရ . . .မည် . . . နည်း။
nelay
No comments:
Post a Comment