ကြိုးကြာ ခရီးရှည်တွေ
ကြယ်စုကိုကိုက်ချီပျံသန်း
ငါ့ ကောင်းကင်က ဉာဏ်ရှိမိုးတိမ်တွေ
လဝန်းကဝေကို လွမ်းကြတယ်
ရန်ကုန်လမ်းမထက်က အ မင်္ဂလာနဲ့
အောင်မြင်မှု ချိုင့်ခွက်တွေပေါ်
ကြင်နာခြင်းဟာ လမ်းသလားလို့ မလွယ်ဘူး
ဆင်ခြင်မှုတွေ ပစ်ပေါက်လိုက်တဲ့
ဟိုးနား ဆီက ပိတောက်ရိပ်ငြိမ်လမ်းထဲ
ကျော်ကြားမှုအပေါက်အပြဲနဲ့
ငါက ပျော်ရွှင်မှုတွေ လိုက်ကောက်ထည့်ဖူးတယ်
ကျက်သရေရှိစွာ မဲ့ရွဲ့ပြီးမှ ရွာချလာတဲ့
ဥပေက္ခာမိုးစက်တွေ
ငါ့စမ်းကလေးအပေါ် အစက်အပြောက်နဲ့
ကံကြာမ္မာ မလုံမနွေး
ငါ့မြို့လေးမှာ ဒဿန အပုတ်အဆွေးတွေ
အနိ ္တသူတော်စင်ကို
ပျော်ပျော်နေသေခဲ စာတစ်စောင်ပို့လိုက်တယ်
မုန်တိုင်းနဲ့ပင်လယ်ကြား
လိုအပ်ချက်တွေ ရစ်ပူဇော်ထားတဲ့
အပျိုစင်မဒန်းဟာ သူ့လက်စွတ်ကိုပင်လယ်ထဲပစ်ချ
မျှော်လင့်ချက်တွေပြန်တက်လာမလားစောင့်နေတယ်
အချစ်လွန်အမုန်းလွန်
ကံကြမ္မာ အူတိုင်တည့်တည့်က
သနိ ္တသုခဟာ ဘယ်တော့မှ မလည်ပတ်တော့ဘူး
ပိတ်ဖြူစတွေ ခြုံထားတဲ့ ရန်ကုန်
ဆေးရုံကုတင်ပေါ်မှာ လဲလျှောင်း
ရန်သတင်းများအကြောင်းကို
လက်ပိုက်ကြည့်ကောင်းနေတယ်
ပြဿနာက အနုပညာ အသီးအပွင့်တွေ
အပြင်မှာဘာဖြစ်ဖြစ်
ဟိုး အောက်ခြေအနက်ရှိုင်းဆုံးမှာ
ငါ့အမြစ်တွေအိပ်စက်နေတော့မယ်
ပန်ဒိုရာအဖုံးပွင့်နဲ့ ခပ်ငယ်ငယ်တုန်းက
ကျောင်ဆောင်တေးသံကို
တည်ချက်ပျက်အောင်နားထောင်ခဲ့ရလို့
အရှုံးတွေငွေ့အိမ်ဖွဲ့ထားတဲ့
တိမ်မဲတွေအောက်
မျှော်လင့်ချက်အရေထူထူထမ်းပြီး
ရန်ကုန်ဗွက်ပေါက်တယ် ။
nelay